ဝူဟန်ဗိုင်းရပ်စ် အတွက် အဖြေမပေါ်သေးခင် နိုက်ဂျီးရီးယားမှာ ရောဂါတစ်မျိုးထပ်ပေါ်

605

ဝူဟန်ဗိုင်းရပ်စ်အတွက် တစ်ကမ္ဘာလုံး အာရုံနောက်နေချိန်မှာ နိုက်ဂျီးရီးယားမှာ ရောဂါတစ်မျိုးထပ်ပေါ်လာခဲ့ပြီလို့ သိရပါတယ်။ အဆိုပါနိုင်ငံမှာ ထူးဆန်းတဲ့အဖျားရောဂါကြောင့် အခုဆိုရင် သေဆုံးသူ (၁၅)ဦးအထိ ရှိသွားခဲ့ပြီလို့ သိရပါတယ်။ လူ(၁၀၀)ကျော် ကူးစက်ခံထားရပြီး၊ ဘာရောဂါလည်း အတည်မပြုနိုင်သေးပါဘူး။

ဒီအကြောင်းကို The Independent, The Sun News Online နဲ့ The Guardian Nigeria သတင်းစာတွေမှာ အကျယ်တဝင့် ဖော်ပြထားပြီး၊ Benue ပြည်နယ်ကနေ စတင်ပျံ့နှံ့ခဲ့တာလို့ သိရပါတယ်။ လက်ရှိအချိန်ထိ ဒီရောဂါ ဘာဆိုတာ မသိရသေးပါဘူး။

 

သံသယလူနာ (၁၁၅)ယောက်မှာ (၁၅)ယောက်အထိ သေဆုံးထားပြီဖြစ်လို့ ပျမ်းမျှအားဖြင့် ဝူဟန်ဗိုင်းရပ်စ်ထက်တောင် ကြောက်ဖို့ကောင်းနေတယ်လို့ ယူဆရမှာပါ။ ပြင်းထန် အဖျားရောဂါဟာ ဘယ်လောက်အထိ ကြောက်စရာကောင်းသလဲဆို ကူးစက်ခံရသူကို (၄၈)နာရီအတွင်းပင် သေစေနိုင်ပါတယ်တဲ့။

 

နိုက်ဂျီးရီးယားကျန်းမာရေးဝန်ကြီး Osagie Ehanire ကတော့ အခု ပြင်းထန်အဖျားရောဂါဟာ အီဘိုလာ၊ လက်ဆာအဖျားရောဂါတွေနဲ့ တူညီမှုမရှိကြောင်း အတည်ပြုခဲ့ပြီး၊ ရောဂါလက္ခဏာတွေကလည်း ဝူဟန်ဗိုင်းရပ်စ်နဲ့ ကွာခြားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

 

အခုပြင်းထန် အဖျားရောဂါဟာ အော့အန်ခြင်း၊ အဆစ်အမြစ်များ ရောင်ရမ်းခြင်းနဲ့ အပြင်းအထန် ဝမ်းလျှောခြင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ Osagie ရဲ့ထုတ်ပြန်မှုမှာ အခုအခြေအနေကို Nigerian Centre for Disease Control (NCDC) က အမြန်ဆုံး တုန့်ပြန်ဖြေရှင်းနေတယ်လို့ ဆိုထားပါတယ်။

နောက်ထပ်ရရှိတဲ့ သတင်းတွေကိုလည်း D Nae Khit ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးသွားပါ့မယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ ဖတ္ရန္-

ဝူဟန္ဗုိင္းရပ္စ္အတြက္ တစ္ကမာၻလုံး အာ႐ုံေနာက္ေနခ်ိန္မွာ ႏုိက္ဂ်ီးရီးယားမွာ ေရာဂါတစ္မ်ိဳးထပ္ေပၚလာခဲ့ၿပီလုိ႔ သိရပါတယ္။ အဆုိပါႏုိင္ငံမွာ ထူးဆန္းတဲ့အဖ်ားေရာဂါေၾကာင့္ အခုဆုိရင္ ေသဆုံးသူ (၁၅)ဦးအထိ ရွိသြားခဲ့ၿပီလုိ႔ သိရပါတယ္။ လူ(၁၀၀)ေက်ာ္ ကူးစက္ခံထားရၿပီး၊ ဘာေရာဂါလည္း အတည္မျပဳႏုိင္ေသးပါဘူး။

ဒီအေၾကာင္းကို The Independent, The Sun News Online နဲ႔ The Guardian Nigeria သတင္းစာေတြမွာ အက်ယ္တဝင့္ ေဖာ္ျပထားၿပီး၊ Benue ျပည္နယ္ကေန စတင္ပ်ံ႔ႏွံ႔ခဲ့တာလုိ႔ သိရပါတယ္။ လက္ရွိအခ်ိန္ထိ ဒီေရာဂါ ဘာဆုိတာ မသိရေသးပါဘူး။

သံသယလူနာ (၁၁၅)ေယာက္မွာ (၁၅)ေယာက္အထိ ေသဆုံးထားၿပီျဖစ္လုိ႔ ပ်မ္းမွ်အားျဖင့္ ဝူဟန္ဗုိင္းရပ္စ္ထက္ေတာင္ ေၾကာက္ဖုိ႔ေကာင္းေနတယ္လုိ႔ ယူဆရမွာပါ။ ျပင္းထန္ အဖ်ားေရာဂါဟာ ဘယ္ေလာက္အထိ ေၾကာက္စရာေကာင္းသလဲဆုိ ကူးစက္ခံရသူကို (၄၈)နာရီအတြင္းပင္ ေသေစႏုိင္ပါတယ္တဲ့။

ႏုိက္ဂ်ီးရီးယားက်န္းမာေရးဝန္ႀကီး Osagie Ehanire ကေတာ့ အခု ျပင္းထန္အဖ်ားေရာဂါဟာ အီဘုိလာ၊ လက္ဆာအဖ်ားေရာဂါေတြနဲ႔ တူညီမႈမရွိေၾကာင္း အတည္ျပဳခဲ့ၿပီး၊ ေရာဂါလကၡဏာေတြကလည္း ဝူဟန္ဗုိင္းရပ္စ္နဲ႔ ကြာျခားမႈေတြ ရွိေနတယ္လုိ႔ ဆုိပါတယ္။

အခုျပင္းထန္ အဖ်ားေရာဂါဟာ ေအာ့အန္ျခင္း၊ အဆစ္အျမစ္မ်ား ေရာင္ရမ္းျခင္းနဲ႔ အျပင္းအထန္ ဝမ္းေလွ်ာျခင္းေတြ ပါဝင္တယ္လုိ႔ သိရပါတယ္။ Osagie ရဲ႕ထုတ္ျပန္မႈမွာ အခုအေျခအေနကုိ Nigerian Centre for Disease Control (NCDC) က အျမန္ဆုံး တုန္႔ျပန္ေျဖရွင္းေနတယ္လုိ႔ ဆုိထားပါတယ္။

ေနာက္ထပ္ရရွိတဲ့ သတင္းေတြကုိလည္း D Nae Khit ပရိသတ္ႀကီးအတြက္ ထပ္မံတင္ဆက္ေပးသြားပါ့မယ္။

လင္းေဇာ္ကို (D Nae Khit)