ပုသိမ်မြို့ က အမျိုးသား ၁ ဦး မင်္ဂလာဆောင်ပြီး ၃ ရက်အကြာ ကြိုးဆွဲချသေဆုံး

24

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက အသက် ၂၀ အရွယ်ရှိ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

အမှတ် ၁ ရပ်ကွက် ထန်းကုန်းလေး ၃ လမ်းမှာနေထိုင်တဲ့ ဝေလင်းထွန်းဟာ အဒေါ်ဖြစ်သူ အိမ်ကို အလည်သွားရင်း နေအိမ်မျက်စောင်းထိုးက ပိတောက်ပင်မှာ ကြိုးဆွဲချသေဆုံးခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီ ကို ပြောပါတယ်။

“ကောင်လေးက သူ့အဒေါ်အိမ်ကိုလာရင်း ဖြစ်သွားတာ၊ မင်္ဂလာဆောင်ထားတာ ၃ ရက်ပဲ ရှိသေးတယ်၊ ငွေကြေးကိစ္စတွေကြောင့် စိတ်ညစ်ပြီးလုပ်တာလို့ လောလောဆယ် သိရတယ်၊ ခုတော့ သူ့သေဆုံးတာနဲ့ပတ်သက်ပြီး စစ်ဆေးနေပါတယ်” လို့ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

ကြိုးဆွဲချသေဆုံးသူ ဝေလင်းထွန်းဟာ မင်္ဂလာဆောင်တုန်းက ငွေကြေးကိစ္စတွေကြောင့် မိသားစုအတွင်း စိတ်ဆင်းရဲစရာတွေဖြစ်ပေါ်လာတဲ့အတွက် စိတ်ညစ်ပြီး စိတ်ကျကာ အဒေါ် နေအိမ်နားက မလေးရှားပိတောက်ပင်မှာ လုံးပတ် ၇ လက်မခန့်ရှိတဲ့ အစိမ်းရောင် ပလပ်စတစ်ကြိုးနဲ့ ကြိုးဆွဲချခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ကတော့ သုံးသပ်ထားပါတယ်။

ကိုဝေလင်းထွန်း ကြိုးဆွဲချသေဆုံးမှုကို ပုသိမ်မြို့မရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်လှစ်ပြီး အလောင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် စစ်ဆေးနေပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ – အောင်ထက်ပိုင် (ပုသိမ်)

————-

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕မွာ ေဖေဖာ္ဝါရီ ၁၁ ရက္ ညပိုင္းက အသက္ ၂၀ အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးက သိရပါတယ္။

အမွတ္ ၁ ရပ္ကြက္ ထန္းကုန္းေလး ၃ လမ္းမွာေနထိုင္တဲ့ ေဝလင္းထြန္းဟာ အေဒၚျဖစ္သူ အိမ္ကို အလည္သြားရင္း ေနအိမ္မ်က္ေစာင္းထိုးက ပိေတာက္ပင္မွာ ႀကိဳးဆြဲခ်ေသဆုံးခဲ့တာလို႔ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးက ဒုရဲမႉးႀကီး ထြန္းေ႐ႊက ဒီဗြီဘီ ကို ေျပာပါတယ္။

“ေကာင္ေလးက သူ႔အေဒၚအိမ္ကိုလာရင္း ျဖစ္သြားတာ၊ မဂၤလာေဆာင္ထားတာ ၃ ရက္ပဲ ရွိေသးတယ္၊ ေငြေၾကးကိစၥေတြေၾကာင့္ စိတ္ညစ္ၿပီးလုပ္တာလို႔ ေလာေလာဆယ္ သိရတယ္၊ ခုေတာ့ သူ႔ေသဆုံးတာနဲ႔ပတ္သက္ၿပီး စစ္ေဆးေနပါတယ္” လို႔ ဒုရဲမႉးႀကီး ထြန္းေ႐ႊက ေျပာပါတယ္။

ႀကိဳးဆြဲခ်ေသဆုံးသူ ေဝလင္းထြန္းဟာ မဂၤလာေဆာင္တုန္းက ေငြေၾကးကိစၥေတြေၾကာင့္ မိသားစုအတြင္း စိတ္ဆင္းရဲစရာေတြျဖစ္ေပၚလာတဲ့အတြက္ စိတ္ညစ္ၿပီး စိတ္က်ကာ အေဒၚ ေနအိမ္နားက မေလးရွားပိေတာက္ပင္မွာ လုံးပတ္ ၇ လက္မခန႔္ရွိတဲ့ အစိမ္းေရာင္ ပလပ္စတစ္ႀကိဳးနဲ႔ ႀကိဳးဆြဲခ်ခဲ့တာျဖစ္ႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕ကေတာ့ သုံးသပ္ထားပါတယ္။

ကိုေဝလင္းထြန္း ႀကိဳးဆြဲခ်ေသဆုံးမႈကို ပုသိမ္ၿမိဳ႕မရဲစခန္းမွာ ေသမႈေသခင္း အမႈဖြင့္လွစ္ၿပီး အေလာင္းကို ပုသိမ္ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ စစ္ေဆးေနပါတယ္။

သတင္း- မင္းထက္မုန္း (ပုသိမ္)၊ ဓာတ္ပုံ – ေအာင္ထက္ပိုင္ (ပုသိမ္) DVB TV News