တိရိစ္ဆာန်တွေကို အရှင်လတ်လတ် ကျောက်ရုပ်ဖြစ်စေတဲ့ အဆိပ်ရေအိုင်ကြီး

57

တစ်ချို့သော ရေကန်တွေ၊ ရေအိုင်တွေဟာ ထိမိသူတွေကို ဘေးဒုက္ခပေးနိုင်တဲ့ ဓာတုအဆိပ်တွေ ပျော်ဝင်နေပါတယ်။ အခု ဆားငန်ရေအိုင်ကြီးကတော့ တန်ဇန်းနီးယားနိုင်ငံမှာ တည်ရှိပြီး၊ နတ်ရွန်ရေကန်လို့ ခေါ်ကြပါတယ်။ ရေထဲမှာ သဘာဝဓာတုဓာတ်တွေ ပျော်ဝင်နေတာပါ။

ပင်လယ်သေဆိုတာကလည်း ဆားငန်ရေအိုင်ကြီးဖြစ်ပြီး၊ ဒီနတ်ရွန်ရေကန်ကြီးနဲ့ သဘာဝချင်း မတူညီကြပါဘူး။ ဒီရေကန်ကြီးမှာတော့ အယ်လ်ကာလီဓာတ်တွေ မြင့်မားစွာ ပါဝင်နေပါတယ်။ pH ပမာဏမှာ (၁၀.၅)အဆင့်ထိ ရှိတာကြောင့် ကမ္ဘာပေါ်မှာတော့ pH အမြင့်ဆုံးရေကန်ကြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒီရေကန်ကြီးဟာ ငှက်တွေ၊ တစ်ခြားတိရစ္ဆာန်တွေကို ကယ်လ်ဆီယမ်ကာဘွန်နိတ်တွေ ဓာတ်ပြုခြင်းကြောင့် ထုံးကျောက်ရုပ်ကြွင်းတွေအဖြစ် အသွင်ပြောင်းစေနိုင်သည်အထိ ကြောက်စရာ ကောင်းပါတယ်။ ရေရဲ့အရောင်မှာ သွေးရောင်၊ အနီရောင်ကဲကဲ၊ ပန်းရောင်စသဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။

 

သို့သော်လည်း ထူးခြားတာက ဒီလို ရေမျိုးကိုမှ ပျော်ဝင်ကျင်လည်ကြတဲ့ ငါးမျိုးစိတ်တွေလည်း ရှိနေပါတယ်။ နတ်ရွန်ရေကန်ကြီးထဲမှာ Alcolapia alcalica, Alcolapia latilabris, Oreochromis ndalalani, Alcolapia grahami လို့ခေါ်တဲ့ ငါးတွေ နေထိုင်နိုင်ပါတယ်။

 

အခု ဒီဓာတ်ပုံတွေကတော့ ဓာတ်ပုံဆရာ Nick Brandt က မှတ်တမ်းတင်ခဲ့တာပါ။ ကျောက်ဖြစ်ရုပ်ကြွင်းပုံစံဖြစ်နေတဲ့ ငှက်မျိုးစုံ၊ လင်းနို့၊ တစ်ခြားသတ္တဝါတွေ ပါဝင်ပါတယ်။ သူတို့ဟာ ရေကန်အတွင်းကို မတော်တဆ ပြုတ်ကျ၊ ကြောက်လန့်တကြား ပြန်တက်ရင်း ထုံးကျောက်ရုပ်ကြွင်းတွေ ဖြစ်ကုန်ကြတာပါ။

 

Nick ရဲ့ Across the Ravaged Land စာအုပ်ထဲမှာတော့ ဒီအကြောင်းကို ဖော်ပြထားပြီး၊ ဘာကြောင့် ငှက်တွေ သေကုန်ကြတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ကြသေးဘူးလို့ ပြောပါတယ်။ သေချာတာကတော့ ရေကန်ရဲ့ရောင်ပြန်ဟပ်မှုက ငှက်တွေကို စွဲဆောင်စေပြီး တစ်ချို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခုန်ဆင်းစေတာလို့ ဆိုပါတယ်။

 

ခြောက်သွေ့တဲ့ရာသီမျိုးဆိုရင် အခုလို ငှက်သေတွေ ရေကန်အစပ်မှာ လာရောက်သောင်တင်နေလေ့ရှိပါတယ်။ ဒီပုံတွေကိုတော့ သူ ကောက်ယူရရှိတဲ့ သတ္တဝါတွေကို အနေအထားအမျိုးမျိုးဖြစ်အောင် ဖန်တီးပြီး ဓာတ်ပုံပညာနဲ့ လက်စွမ်းပြထားတာတွေ ဖြစ်ပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

တစ္ခ်ိဳ႕ေသာ ေရကန္ေတြ၊ ေရအုိင္ေတြဟာ ထိမိသူေတြကုိ ေဘးဒုကၡေပးႏုိင္တဲ့ ဓာတုအဆိပ္ေတြ ေပ်ာ္ဝင္ေနပါတယ္။ အခု ဆားငန္ေရအုိင္ႀကီးကေတာ့ တန္ဇန္းနီးယားႏုိင္ငံမွာ တည္ရွိၿပီး၊ နတ္ရြန္ေရကန္လုိ႔ ေခၚၾကပါတယ္။ ေရထဲမွာ သဘာဝဓာတုဓာတ္ေတြ ေပ်ာ္ဝင္ေနတာပါ။

 

ပင္လယ္ေသဆုိတာကလည္း ဆားငန္ေရအုိင္ႀကီးျဖစ္ၿပီး၊ ဒီနတ္ရြန္ေရကန္ႀကီးနဲ႔ သဘာဝခ်င္း မတူညီၾကပါဘူး။ ဒီေရကန္ႀကီးမွာေတာ့ အယ္လ္ကာလီဓာတ္ေတြ ျမင့္မားစြာ ပါဝင္ေနပါတယ္။ pH ပမာဏမွာ (၁၀.၅)အဆင့္ထိ ရွိတာေၾကာင့္ ကမာၻေပၚမွာေတာ့ pH အျမင့္ဆုံးေရကန္ႀကီး ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေရကန္ႀကီးဟာ ငွက္ေတြ၊ တစ္ျခားတိရစာၦန္ေတြကို ကယ္လ္ဆီယမ္ကာဘြန္နိတ္ေတြ ဓာတ္ျပဳျခင္းေၾကာင့္ ထုံးေက်ာက္႐ုပ္ၾကြင္းေတြအျဖစ္ အသြင္ေျပာင္းေစႏုိင္သည္အထိ ေၾကာက္စရာ ေကာင္းပါတယ္။ ေရရဲ႕အေရာင္မွာ ေသြးေရာင္၊ အနီေရာင္ကဲကဲ၊ ပန္းေရာင္စသျဖင့္ ပုံစံအမ်ိဳးမ်ိဳးရွိပါတယ္။

သုိ႔ေသာ္လည္း ထူးျခားတာက ဒီလုိ ေရမ်ိဳးကိုမွ ေပ်ာ္ဝင္က်င္လည္ၾကတဲ့ ငါးမ်ိဳးစိတ္ေတြလည္း ရွိေနပါတယ္။ နတ္ရြန္ေရကန္ႀကီးထဲမွာ Alcolapia alcalica, Alcolapia latilabris, Oreochromis ndalalani, Alcolapia grahami လုိ႔ေခၚတဲ့ ငါးေတြ ေနထုိင္ႏုိင္ပါတယ္။

အခု ဒီဓာတ္ပုံေတြကေတာ့ ဓာတ္ပုံဆရာ Nick Brandt က မွတ္တမ္းတင္ခဲ့တာပါ။ ေက်ာက္ျဖစ္႐ုပ္ၾကြင္းပုံစံျဖစ္ေနတဲ့ ငွက္မ်ိဳးစုံ၊ လင္းႏုိ႔၊ တစ္ျခားသတၱဝါေတြ ပါဝင္ပါတယ္။ သူတုိ႔ဟာ ေရကန္အတြင္းကို မေတာ္တဆ ျပဳတ္က်၊ ေၾကာက္လန္႔တၾကား ျပန္တက္ရင္း ထုံးေက်ာက္႐ုပ္ၾကြင္းေတြ ျဖစ္ကုန္ၾကတာပါ။

Nick ရဲ႕ Across the Ravaged Land စာအုပ္ထဲမွာေတာ့ ဒီအေၾကာင္းကုိ ေဖာ္ျပထားၿပီး၊ ဘာေၾကာင့္ ငွက္ေတြ ေသကုန္ၾကတယ္ဆုိတာကုိေတာ့ ဘယ္သူမွ မသိႏုိင္ၾကေသးဘူးလုိ႔ ေျပာပါတယ္။ ေသခ်ာတာကေတာ့ ေရကန္ရဲ႕ေရာင္ျပန္ဟပ္မႈက ငွက္ေတြကို စြဲေဆာင္ေစၿပီး တစ္ခ်ိဳ႕ကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ ခုန္ဆင္းေစတာလုိ႔ ဆုိပါတယ္။

ေျခာက္ေသြ႕တဲ့ရာသီမ်ိဳးဆုိရင္ အခုလုိ ငွက္ေသေတြ ေရကန္အစပ္မွာ လာေရာက္ေသာင္တင္ေနေလ့ရွိပါတယ္။ ဒီပုံေတြကုိေတာ့ သူ ေကာက္ယူရရွိတဲ့ သတၱဝါေတြကို အေနအထားအမ်ိဳးမ်ိဳးျဖစ္ေအာင္ ဖန္တီးၿပီး ဓာတ္ပုံပညာနဲ႔ လက္စြမ္းျပထားတာေတြ ျဖစ္ပါတယ္။

လင္းေဇာ္ကို (D Nae Khit)