ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၁ ဦးကို ဝေဘာဂီဆေးရုံက ဆင်းခွင့်ပြု

29

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁ ယောက်ကို ဝေဘာဂီဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး သံသယလူနာ ၁ ယောက်အပါအဝင် နောက်ထပ် ၅ ယောက်ကိုလည်း ဆေးရုံအသီးသီးကနေ ဆင်းခွင့်ပြုဖို့ ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်မနက်ပိုင်းမှာရတဲ့ ဓာတ်ခွဲအဖြေတွေအရ သံသယလူနာ ၁ ယောက်နဲ့ စောင့်ကြည့်လူနာ ၅ ယောက်တို့မှာ 2019 Novel Coronavirus ရောဂါပိုးမရှိတဲ့ အဖြေရခဲ့ တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်တာပါ။

လူနာတွေကို အသေးစိတ်စစ်ဆေးပြီး သက်ဆိုင်ရာဆေးရုံတွေကဆင်းခွင့်ပြုဖို့ ပြင်ဆင်ထား သလို ဆေးရုံကဆင်းပြီးရင် လိုက်နာရမယ့်အချက်တွေကိုလည်း အသေးစိတ်မှာထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ စန်တုန်မြို့ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ပြန်ရောက်လာတဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကိုယ်အပူချိန်မြင့်တက်လာလို့ တောင်သာမြို့နယ်ပြည်သူ့ဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသ ပေးနေပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်က အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတယောက်ဟာလည်း တရုတ်နိုင်ငံ ဂျယ်ခေါင်ကနေ ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်ရောက်လာပြီး ဖေဖော်ဝါရီ ၄ ရက်ကစလို့ ဖျားတာ၊ ချောင်းဆိုးတာတို့ကို ခံစားခဲ့ရတာကြောင့် မနေ့က မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကို လာရောက်ပြသခဲ့ရာမှာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး စောင့်ကြပ်ကြည့်ရှုကုသနေပါတယ်။

ဒါပေမယ့် သူတို့မှာ တခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာတွေ မတွေ့ရဘဲ သူတို့ရဲ့ ဓာတ်ခွဲနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပေးပို့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

စင်္ကာပူနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာတယောက်နဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ အမျိုးသမီး တယောက်ကတော့ ကိုယ်အပူချိန် သာမန်ထက်မြင့်နေပေမယ့် သက်သာကောင်းမွန်နေ တယ်လို့ ဆိုပါတယ်။ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးဟာ စင်္ကာပူမှာ 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲအတည်ပြုလူနာတယောက်နဲ့ အနီးကပ်ထိတွေ့ခဲ့လို့ မြန်မာနိုင်ငံကို ပြန်ရောက်ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်ကစလို့ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်လူနာ အဖြစ် ကုသပေးနေတာပါ။

သူ့မှာလည်း တခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေ မတွေ့ရဘဲ ဓာတ်ခွဲ နမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွန်းဓာတ်ခွဲခန်းဆီ ပေးပို့စစ်ဆေးထားတယ်လို့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီအချိန်အထိ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စောင့်ကြည့်လူနာ ၁၆ ယောက်ကို သက်ဆိုင်ရာဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေ တယ်လို့ အစိုးရ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

DVB TV News

ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ၁ ေယာက္ကို ေဝဘာဂီေဆး႐ုံက ဆင္းခြင့္ျပဳခဲ့ၿပီး သံသယလူနာ ၁ ေယာက္အပါအဝင္ ေနာက္ထပ္ ၅ ေယာက္ကိုလည္း ေဆး႐ုံအသီးသီးကေန ဆင္းခြင့္ျပဳဖို႔ ျပင္ဆင္ထားတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ေဖေဖာ္ဝါရီ ၁၁ ရက္မနက္ပိုင္းမွာရတဲ့ ဓာတ္ခြဲအေျဖေတြအရ သံသယလူနာ ၁ ေယာက္နဲ႔ ေစာင့္ၾကည့္လူနာ ၅ ေယာက္တို႔မွာ 2019 Novel Coronavirus ေရာဂါပိုးမရွိတဲ့ အေျဖရခဲ့ တယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္လိုက္တာပါ။

လူနာေတြကို အေသးစိတ္စစ္ေဆးၿပီး သက္ဆိုင္ရာေဆး႐ုံေတြကဆင္းခြင့္ျပဳဖို႔ ျပင္ဆင္ထား သလို ေဆး႐ုံကဆင္းၿပီးရင္ လိုက္နာရမယ့္အခ်က္ေတြကိုလည္း အေသးစိတ္မွာထားတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံ စန္တုန္ၿမိဳ႕ကေန ေဖေဖာ္ဝါရီ ၇ ရက္ေန႔မွာ ျပန္ေရာက္လာတဲ့ မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္က အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတေယာက္ဟာ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ ကိုယ္အပူခ်ိန္ျမင့္တက္လာလို႔ ေတာင္သာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွာ ေစာင့္ၾကပ္ၾကည့္ရႈကုသ ေပးေနပါတယ္။

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕နယ္က အသက္ ၂၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတေယာက္ဟာလည္း တ႐ုတ္ႏိုင္ငံ ဂ်ယ္ေခါင္ကေန ေဖေဖာ္ဝါရီ ၁ ရက္မွာ ျပန္ေရာက္လာၿပီး ေဖေဖာ္ဝါရီ ၄ ရက္ကစလို႔ ဖ်ားတာ၊ ေခ်ာင္းဆိုးတာတို႔ကို ခံစားခဲ့ရတာေၾကာင့္ မေန႔က မိုးကုတ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံကို လာေရာက္ျပသခဲ့ရာမွာ ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္ၿပီး ေစာင့္ၾကပ္ၾကည့္ရႈကုသေနပါတယ္။

ဒါေပမယ့္ သူတို႔မွာ တျခားျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ လကၡဏာေတြ မေတြ႕ရဘဲ သူတို႔ရဲ႕ ဓာတ္ခြဲနမူနာကို ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ရည္ၫႊန္းဓာတ္ခြဲခန္းဆီ ေပးပို႔ စစ္ေဆးသြားမယ္လို႔ ဆိုပါတယ္။

စကၤာပူႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာတေယာက္နဲ႔ အနီးကပ္ထိေတြ႕ခဲ့တဲ့ အမ်ိဳးသမီး တေယာက္ကေတာ့ ကိုယ္အပူခ်ိန္ သာမန္ထက္ျမင့္ေနေပမယ့္ သက္သာေကာင္းမြန္ေန တယ္လို႔ ဆိုပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္အမ်ိဳးသမီးဟာ စကၤာပူမွာ 2019 Novel Coronavirus (2019-nCoV) ဓာတ္ခြဲအတည္ျပဳလူနာတေယာက္နဲ႔ အနီးကပ္ထိေတြ႕ခဲ့လို႔ ျမန္မာႏိုင္ငံကို ျပန္ေရာက္ၿပီးေနာက္ ေဖေဖာ္ဝါရီ ၁၀ ရက္ကစလို႔ ေဝဘာဂီအထူးကုေဆး႐ုံမွာ ေစာင့္ၾကည့္လူနာ အျဖစ္ ကုသေပးေနတာပါ။

သူ႔မွာလည္း တျခားျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာလကၡဏာေတြ မေတြ႕ရဘဲ ဓာတ္ခြဲ နမူနာကို ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ရည္ၫြန္းဓာတ္ခြဲခန္းဆီ ေပးပို႔စစ္ေဆးထားတယ္လို႔ ထုတ္ျပန္ပါတယ္။

ေဖေဖာ္ဝါရီ ၁၁ ရက္ ညေန ၆ နာရီအခ်ိန္အထိ တိုင္းနဲ႔ ျပည္နယ္အသီးသီးမွာ ေစာင့္ၾကည့္လူနာ ၁၆ ေယာက္ကို သက္ဆိုင္ရာေဆး႐ုံေတြမွာ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးေန တယ္လို႔ အစိုးရ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္အရ သိရပါတယ္။

DVB TV News