ဖွဲ့စည်းပုံပြင်ဆင်ရေးကို အသုံးချပြီး အန်အယ်လ်ဒီပါတီပုံရိပ်မြှင့်တင်နေဟု တပ်မတော်ပြော

46

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အသုံးချပြီး အန်အယ်လ်ဒီပါတီက ပုံရိပ်ကို မြှင့်တင်နေတယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

“ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့လုပ်တယ်ဆိုတဲ့ ပုံရိပ်ကို လုပ်တာ ဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်သားတွေရော၊ ပြည်ခိုင်ဖြိုးပါတီကလည်း တင်ထားတာရှိတယ်။ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းတွေဟာ ၄၅ ဦးအောက်ထဲမှာ ထည့်သွင်းပြီး ပျောက်သွားအောင်လုပ်တဲ့သဘော ဖြစ်နေပါတယ်။”လို့ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

လွှတ်တော်ကို တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေအပေါ် ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့အစီရင်ခံစာကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာမှာ ဥပဒေကြမ်း ၇ ခုလုံးကို ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ခေါင်းစဉ် ၂ ခု အောက်မှာသာ ပူးပေါင်း ဖော်ပြခဲ့တာပါ။

ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဥပဒေကြမ်းတခုကို ဦးဆောင်တင်သွင်းထားသူဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်အနေနဲ့ ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းပြီးချိန်မှာ ဥပဒေကြမ်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ကို ကန့်ကွက်ခဲ့ပါသေးတယ်။

ပြည်ထောင်စုလွှတ်တော်နာယကကတော့ ဗိုလ်မှူးချုပ်မောင်မောင်ရဲ့ ကန့်ကွက်မှုကို ခွင့်ပြုခဲ့ ခြင်း မရှိဘဲ အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

အခုတင်သွင်းတဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကို နောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရမှာဖြစ်ပြီး တပ်မတော်သား အစုအဖွဲ့တွေက ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ လွှတ်တော်အတွင်း ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေ ပြီးသွားပါက အချက် တချက်ချင်းဆီအလိုက်ကို အမှတ်ခြစ် ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူဖို့ ရှိပါတယ်။

ဖြိုးသက်ပိုင်မြင့် DVB TV News

————

၂၀၀၈ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးကို အသုံးခ်ၿပီး အန္အယ္လ္ဒီပါတီက ပုံရိပ္ကို ျမႇင့္တင္ေနတယ္လို႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္အစုအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္က ေျပာပါတယ္။

“ဖြဲ႕စည္းပုံျပင္ဆင္ဖို႔အတြက္ အန္အယ္လ္ဒီပါတီရဲ႕ ေ႐ြးေကာက္ပြဲ ေၾကညာစာတမ္းမွာ ပါတဲ့ ဖြဲ႕စည္းပုံျပင္ဆင္ဖို႔လုပ္တယ္ဆိုတဲ့ ပုံရိပ္ကို လုပ္တာ ျဖစ္ပါတယ္။ က်ေနာ္တို႔ တပ္မေတာ္သားေတြေရာ၊ ျပည္ခိုင္ၿဖိဳးပါတီကလည္း တင္ထားတာရွိတယ္။ ဖြဲ႕စည္းပုံဥပေဒ ျပင္ဆင္တဲ့ မူၾကမ္းေတြဟာ ၄၅ ဦးေအာက္ထဲမွာ ထည့္သြင္းၿပီး ေပ်ာက္သြားေအာင္လုပ္တဲ့သေဘာ ျဖစ္ေနပါတယ္။”လို႔ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္က ေျပာပါတယ္။

လႊတ္ေတာ္ကို တင္သြင္းထားတဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥပေဒၾကမ္းေတြအေပၚ ဥပေဒၾကမ္း ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီရဲ႕အစီရင္ခံစာကို ေဖေဖၚဝါရီ ၁၀ ရက္ေန႔ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးမွာ တင္သြင္းလိုက္ပါတယ္။

ပူးေပါင္းေကာ္မတီရဲ႕အစီရင္ခံစာမွာ ဥပေဒၾကမ္း ၇ ခုလုံးကို ပုဒ္မ ၄၃၆ (က) နဲ႔ (ခ) ေခါင္းစဥ္ ၂ ခု ေအာက္မွာသာ ပူးေပါင္း ေဖာ္ျပခဲ့တာပါ။

ဖြဲ႕စည္းပုံျပင္ဆင္ဖို႔ ဥပေဒၾကမ္းတခုကို ဦးေဆာင္တင္သြင္းထားသူျဖစ္တဲ့ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္အေနနဲ႔ ပူးေပါင္းေကာ္မတီက အစီရင္ခံစာတင္သြင္းၿပီးခ်ိန္မွာ ဥပေဒၾကမ္းေတြကို ပူးေပါင္းေဆာင္႐ြက္ဖို႔ကို ကန႔္ကြက္ခဲ့ပါေသးတယ္။

ျပည္ေထာင္စုလႊတ္ေတာ္နာယကကေတာ့ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္ရဲ႕ ကန႔္ကြက္မႈကို ခြင့္ျပဳခဲ့ ျခင္း မရွိဘဲ အစီအစဥ္ကို ဆက္လက္ လုပ္ေဆာင္ခဲ့ပါတယ္။

အခုတင္သြင္းတဲ့ အစီရင္ခံစာနဲ႔ ပတ္သက္လို႔ ေဆြးေႏြးလိုတဲ့ ကိုယ္စားလွယ္ေတြဟာ ေဖေဖာ္ဝါရီ ၁၇ ရက္ကို ေနာက္ဆုံးထားကာ အမည္စာရင္းတင္သြင္းရမွာျဖစ္ၿပီး တပ္မေတာ္သား အစုအဖြဲ႕ေတြက ပါဝင္ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သက္လို႔ လႊတ္ေတာ္အတြင္း ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြးမႈေတြ ၿပီးသြားပါက အခ်က္ တခ်က္ခ်င္းဆီအလိုက္ကို အမွတ္ျခစ္ ဆႏၵျပဳတဲ့ နည္းလမ္းနဲ႔ လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ရယူဖို႔ ရွိပါတယ္။

ၿဖိဳးသက္ပိုင္ျမင့္ DVB TV News