ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လုံးဝမယုံသင့်တဲ့ ချင်း(ဂျင်း)များ

94

ကျန်းမာရေးမှမဟုတ်ပါဘူး။ ဘယ်လိုမျိုး ရေပန်းစားနေတဲ့ သတင်းမျိုးမဆို နောက်ကနေ သတင်းအမှားတွေ၊ ဂျင်းသတင်းတွေ ဖြန့်တဲ့သူတွေက အမြဲတမ်းရှိတတ်ပါတယ်။ ပုံမှန်ကိစ္စတွေမှာတော့ ပြဿနာမရှိပေမဲ့ ဒီလိုမျိုး ကမ္ဘာ့ကပ်ဆိုက် ရောဂါတွေနဲ့ပတ်သက်လာရင်တော့ တွေ့သမျှ ဂျင်းတိုင်းကို အယုံလွယ်ပြီး လျှောက်မလုပ်ဖို့ ထပ်ပြီးတိုက်တွန်းပါရစေ။

ဒီဆောင်းပါးမှာ အခုတလော လူမှုကွန်ယက်တွေမှာ ပျံ့နေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ဂျင်းသတင်း ၃ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဂျင်း (၁) = အိမ်မွေးတိရစ္ဆာန်တွေကို ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပြီး သူတို့တွေကနေတစ်ဆင့် လူတွေကို ပြန်ကူးနိုင်တယ်။

ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ မဟုတ်ပေမဲ့ တရုတ်နိုင်ငံမှာ ဟိုတလောကမှ ဖြစ်သွားတဲ့ကိစ္စပါ။ ဝူဟန်ဗိုင်းရပ်စ်က တိရစ္ဆာန်တွေမှာ တွေ့ရတယ်ဆိုတဲ့ အချက်ကို အခြေခံပြီး အိမ်မွေးတိရစ္ဆာန်တွေမှာလည်း ဝူဟန်ပိုးကို တွေ့ရနိုင်တယ်၊ ဒီပိုးက သူတို့ကို ကူးစက်နိုင်ပြီး အဲ့ကနေ လူတွေကို ပြန်ကူးသွားနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ကိုယ်မွေးထားတဲ့ ခွေးလေး၊ ကြောင်လေးတွေကို တိုက်ပေါ်ကနေ ပစ်ချတဲ့ သတင်းပါ။
ဒီသတင်းဟာ အမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အိမ်မွေးတိရစ္ဆာန်တွေကိုတော့ ရောဂါပိုး မကူးစက်နိုင်ဘူးဆိုတာကို သိထားစေချင်ပါတယ်။ တိရစ္ဆာန်တွေရဲ့ ကိုယ်ခန္ဓာထဲမှာ ဝူဟန်ကိုရိုနာပိုး ရှိတာမှန်ပေမဲ့ ယခုဖြစ်နေတဲ့ အခြေအနေမျိုး (လူတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမျိုးစိတ်မျိုး) လုံးဝမဟုတ်ပါဘူး။

ဂျင်း (၂) = အပူချိန်များလွန်းတဲ့ အခြေအနေမှာ ဝူဟန်ပိုးဟာ အသက်မရှင်နိုင်တဲ့အတွက် ကိုယ်အပူချိန်ကို မြင့်တက်စေတဲ့ အရည်တွေ သောက်ပေးရင် ပိုးကူးခံရမှာမဟုတ်ဘူး။

ဟာသအနေနဲ့ လုပ်ရာကနေ လူတော်တော်များများက အမှန်တကယ် ယုံကြည်တဲ့အထိ ဖြစ်သွားနိုင်တဲ့ ဂျင်းမျိုးပါပဲ။ ဝူဟန်ပိုးသည် အအေးကို ကြိုက်နှစ်သက်တယ်။ အေးမြခြောက်သွေ့နေတဲ့ လေထုထဲမှာ အသက်ရှင်ဖို့လွယ်သလို ကူးစက်ဖို့လည်း ပိုမြန်တယ်။ ဒါကတော့ အမှန်ပါ။ ပူလွန်းတဲ့နေရာမှာ ပိုးမရှင်သန်နိုင်ဘူးဆိုတာနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘယ်သိပ္ပံပညာရှင်တွေကမှ မှန်ကန်တယ်လို့ အတည်ပြုထားခြင်းမရှိသေးပါဘူး။
လူပြောများနေတဲ့ အရည်တွေထဲမှာ အရက်၊ ဘီယာ၊ အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေ၊ စစ်ထရစ်အက်စစ် (Citric Acid) ရောထားပြီး အားပျော့သွားတဲ့ အစွန်းချွတ်ဆေးရည်တွေ ပါဝင်ပါတယ်။ ရောဂါပိုးဟာ အပူရှိန်အောက်မှာ မရှင်သန်နိုင်ဘူးဆိုတာ မှန်သွားခဲ့ရင်တောင် ဒီလိုအရည်တွေသောက်လို့ ရောဂါကာကွယ်နိုင်တယ်ဆိုတာကတော့ တကယ့်အကြီးစား ဂျင်းသက်သက်ပါပဲ။

ဂျင်း (၃) = ပဋိဇီဝဆေးဝါးတွေက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်။ ပျောက်အောင် ကုသနိုင်တယ်။
နေမကောင်းဖြစ်ရင် ပဋိဇီဝဆေးတွေ၊ ပိုးသတ်ဆေးတွေ အမြဲသောက်နေတတ်တဲ့ သူတွေက အခု အသစ်ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်ပိုးကိုလည်း ဒီဆေးတွေနဲ့ပဲ ကာကွယ်ပေးနိုင်မယ်ဆိုပြီး နေ့တိုင်း သောက်နေကြတယ်ဆိုတဲ့ သတင်းတွေကို ကြားနေရပါတယ်။

ဒီမှာပြောချင်တာက ပဋိဇီဝဆေးဆိုတာ ဘက်တီးရီးယားပိုးတွေကိုသာ အဓိက တိုက်ထုတ်ပေးနိုင်တာပါ။ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီးတော့ အာနိသင်မရှိပါဘူး။ ဒီတော့ ပဋိဇီဝဆေးတွေ အများကြီးသောက်လို့ ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း၊ ကုသနိုင်ခြင်း မရှိတဲ့အပြင် ဆေးအပြင်းတွေ သောက်ရတာကြောင့် ကိုယ်ခံအားတွေကျဆင်းပြီး အခြေအနေ ပိုဆိုးသွားနိုင်တာကို သတိထားသင့်ပါတယ်။
ဒီဂျင်း ၃မျိုးကတော့ လက်ရှိ လူမှုကွန်ယက်မှာ ရေပန်းအစားဆုံးဖြစ်တဲ့ ဂျင်းသတင်းတွေဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်း ဒါကို အယုံမလွယ်ကြဖို့ ဒီဆောင်းပါးကနေ သတိပေးလိုက်ချင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာလည်း ရောဂါပိုးကူးစက်ခံရသူများ ရောက်ရှိနေပြီဆိုတဲ့အတွက် အားလုံး သတိ၊ ဝီရိယရှိပြီး ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ဖို့ အချိန်တန်နေပါပြီ။ ဒီအတွက် အဓိကလုပ်ပေးဖို့လိုတာကတော့
• လက်ကို အမြဲတမ်း ရေ၊ ဆပ်ပြာနဲ့ သေချာဆေးပါ။ မဟုတ်ရင်လည်း ရေမလို လက်သန့်စင်ဆေးရည်တွေ အသုံးပြုပါ။

မသန့်ရှင်းတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကိုင်တာမျိုး လုံးဝမလုပ်ပါနဲ့။

လူများတဲ့နေရာသွားမယ်ဆိုရင် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားပါ။

ကိုယ်ခံအားကောင်းအောင် အိပ်ချိန်မှန်ပါစေ။

အစာအာဟာရကို ဂရုစိုက်ပါ။

ဗီတာမင် စီ၊ သံဓာတ် အားဆေးတွေ သောက်ပေးပါ။
ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာများတွေ့ပါက ဆရာဝန်နဲ့ အမြန်ဆုံးပြပေးပါ။

Hello ဆရာဝန်ပရိတ်သတ်တွေလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

=============

က်န္းမာေရးမွမဟုတ္ပါဘူး။ ဘယ္လိုမ်ိဳး ေရပန္းစားေနတဲ့ သတင္းမ်ိဳးမဆို ေနာက္ကေန သတင္းအမွားေတြ၊ ဂ်င္းသတင္းေတြ ျဖန႔္တဲ့သူေတြက အၿမဲတမ္းရွိတတ္ပါတယ္။ ပုံမွန္ကိစၥေတြမွာေတာ့ ျပႆနာမရွိေပမဲ့ ဒီလိုမ်ိဳး ကမာၻ႔ကပ္ဆိုက္ ေရာဂါေတြနဲ႔ပတ္သက္လာရင္ေတာ့ ေတြ႕သမွ် ဂ်င္းတိုင္းကို အယုံလြယ္ၿပီး ေလွ်ာက္မလုပ္ဖို႔ ထပ္ၿပီးတိုက္တြန္းပါရေစ။
ဒီေဆာင္းပါးမွာ အခုတေလာ လူမႈကြန္ယက္ေတြမွာ ပ်ံ႕ေနတဲ့ ဝူဟန္ဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ ဂ်င္းသတင္း ၃ခုကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

ဂ်င္း (၁) = အိမ္ေမြးတိရစာၦန္ေတြကို ဝူဟန္ဗိုင္းရပ္စ္ပိုး ကူးစက္ႏိုင္ၿပီး သူတို႔ေတြကေနတစ္ဆင့္ လူေတြကို ျပန္ကူးႏိုင္တယ္။

ဒါကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မဟုတ္ေပမဲ့ တ႐ုတ္ႏိုင္ငံမွာ ဟိုတေလာကမွ ျဖစ္သြားတဲ့ကိစၥပါ။ ဝူဟန္ဗိုင္းရပ္စ္က တိရစာၦန္ေတြမွာ ေတြ႕ရတယ္ဆိုတဲ့ အခ်က္ကို အေျခခံၿပီး အိမ္ေမြးတိရစာၦန္ေတြမွာလည္း ဝူဟန္ပိုးကို ေတြ႕ရႏိုင္တယ္၊ ဒီပိုးက သူတို႔ကို ကူးစက္ႏိုင္ၿပီး အဲ့ကေန လူေတြကို ျပန္ကူးသြားႏိုင္တယ္ဆိုတဲ့ သတင္းေၾကာင့္ ကိုယ္ေမြးထားတဲ့ ေခြးေလး၊ ေၾကာင္ေလးေတြကို တိုက္ေပၚကေန ပစ္ခ်တဲ့ သတင္းပါ။

ဒီသတင္းဟာ အမွန္ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ အိမ္ေမြးတိရစာၦန္ေတြကိုေတာ့ ေရာဂါပိုး မကူးစက္ႏိုင္ဘူးဆိုတာကို သိထားေစခ်င္ပါတယ္။ တိရစာၦန္ေတြရဲ႕ ကိုယ္ခႏၶာထဲမွာ ဝူဟန္ကို႐ိုနာပိုး ရွိတာမွန္ေပမဲ့ ယခုျဖစ္ေနတဲ့ အေျခအေနမ်ိဳး (လူေတြကို ေရာဂါျဖစ္ေစႏိုင္တဲ့ ပိုးမ်ိဳးစိတ္မ်ိဳး) လုံးဝမဟုတ္ပါဘူး။

ဂ်င္း (၂) = အပူခ်ိန္မ်ားလြန္းတဲ့ အေျခအေနမွာ ဝူဟန္ပိုးဟာ အသက္မရွင္ႏိုင္တဲ့အတြက္ ကိုယ္အပူခ်ိန္ကို ျမင့္တက္ေစတဲ့ အရည္ေတြ ေသာက္ေပးရင္ ပိုးကူးခံရမွာမဟုတ္ဘူး။

ဟာသအေနနဲ႔ လုပ္ရာကေန လူေတာ္ေတာ္မ်ားမ်ားက အမွန္တကယ္ ယုံၾကည္တဲ့အထိ ျဖစ္သြားႏိုင္တဲ့ ဂ်င္းမ်ိဳးပါပဲ။ ဝူဟန္ပိုးသည္ အေအးကို ႀကိဳက္ႏွစ္သက္တယ္။ ေအးျမေျခာက္ေသြ႕ေနတဲ့ ေလထုထဲမွာ အသက္ရွင္ဖို႔လြယ္သလို ကူးစက္ဖို႔လည္း ပိုျမန္တယ္။ ဒါကေတာ့ အမွန္ပါ။ ပူလြန္းတဲ့ေနရာမွာ ပိုးမရွင္သန္ႏိုင္ဘူးဆိုတာနဲ႔ပတ္သက္ၿပီး လက္ရွိမွာ ဘယ္သိပၸံပညာရွင္ေတြကမွ မွန္ကန္တယ္လို႔ အတည္ျပဳထားျခင္းမရွိေသးပါဘူး။

လူေျပာမ်ားေနတဲ့ အရည္ေတြထဲမွာ အရက္၊ ဘီယာ၊ အယ္လ္ကိုေဟာပါဝင္တဲ့ အရည္ေတြ၊ စစ္ထရစ္အက္စစ္ (Citric Acid) ေရာထားၿပီး အားေပ်ာ့သြားတဲ့ အစြန္းခြၽတ္ေဆးရည္ေတြ ပါဝင္ပါတယ္။ ေရာဂါပိုးဟာ အပူရွိန္ေအာက္မွာ မရွင္သန္ႏိုင္ဘူးဆိုတာ မွန္သြားခဲ့ရင္ေတာင္ ဒီလိုအရည္ေတြေသာက္လို႔ ေရာဂါကာကြယ္ႏိုင္တယ္ဆိုတာကေတာ့ တကယ့္အႀကီးစား ဂ်င္းသက္သက္ပါပဲ။

ဂ်င္း (၃) = ပဋိဇီဝေဆးဝါးေတြက ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ေပးႏိုင္တယ္။ ေပ်ာက္ေအာင္ ကုသႏိုင္တယ္။
ေနမေကာင္းျဖစ္ရင္ ပဋိဇီဝေဆးေတြ၊ ပိုးသတ္ေဆးေတြ အၿမဲေသာက္ေနတတ္တဲ့ သူေတြက အခု အသစ္ျဖစ္ေနတဲ့ ဝူဟန္ဗိုင္းရပ္စ္ပိုးကိုလည္း ဒီေဆးေတြနဲ႔ပဲ ကာကြယ္ေပးႏိုင္မယ္ဆိုၿပီး ေန႔တိုင္း ေသာက္ေနၾကတယ္ဆိုတဲ့ သတင္းေတြကို ၾကားေနရပါတယ္။

ဒီမွာေျပာခ်င္တာက ပဋိဇီဝေဆးဆိုတာ ဘက္တီးရီးယားပိုးေတြကိုသာ အဓိက တိုက္ထုတ္ေပးႏိုင္တာပါ။ ဗိုင္းရပ္စ္ပိုးနဲ႔ ပတ္သက္ၿပီးေတာ့ အာနိသင္မရွိပါဘူး။ ဒီေတာ့ ပဋိဇီဝေဆးေတြ အမ်ားႀကီးေသာက္လို႔ ဝူဟန္ဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ျခင္း၊ ကုသႏိုင္ျခင္း မရွိတဲ့အျပင္ ေဆးအျပင္းေတြ ေသာက္ရတာေၾကာင့္ ကိုယ္ခံအားေတြက်ဆင္းၿပီး အေျခအေန ပိုဆိုးသြားႏိုင္တာကို သတိထားသင့္ပါတယ္။

ဒီဂ်င္း ၃မ်ိဳးကေတာ့ လက္ရွိ လူမႈကြန္ယက္မွာ ေရပန္းအစားဆုံးျဖစ္တဲ့ ဂ်င္းသတင္းေတြျဖစ္ၿပီး ျပည္သူလူထုအေနနဲ႔လည္း ဒါကို အယုံမလြယ္ၾကဖို႔ ဒီေဆာင္းပါးကေန သတိေပးလိုက္ခ်င္ပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံအတြင္းမွာလည္း ေရာဂါပိုးကူးစက္ခံရသူမ်ား ေရာက္ရွိေနၿပီဆိုတဲ့အတြက္ အားလုံး သတိ၊ ဝီရိယရွိၿပီး ကိုယ့္က်န္းမာေရးကို ကိုယ္တိုင္ဂ႐ုစိုက္ဖို႔ အခ်ိန္တန္ေနပါၿပီ။ ဒီအတြက္ အဓိကလုပ္ေပးဖို႔လိုတာကေတာ့

လက္ကို အၿမဲတမ္း ေရ၊ ဆပ္ျပာနဲ႔ ေသခ်ာေဆးပါ။ မဟုတ္ရင္လည္း ေရမလို လက္သန႔္စင္ေဆးရည္ေတြ အသုံးျပဳပါ။

မသန႔္ရွင္းတဲ့ လက္နဲ႔ မ်က္စိ၊ ႏွာေခါင္း၊ ပါးစပ္ကိုင္တာမ်ိဳး လုံးဝမလုပ္ပါနဲ႔။

လူမ်ားတဲ့ေနရာသြားမယ္ဆိုရင္ ႏွာေခါင္းစည္း Mask ကို စနစ္တက် တပ္ဆင္သြားပါ။

ကိုယ္ခံအားေကာင္းေအာင္ အိပ္ခ်ိန္မွန္ပါေစ။

အစာအာဟာရကို ဂ႐ုစိုက္ပါ။

ဗီတာမင္ စီ၊ သံဓာတ္ အားေဆးေတြ ေသာက္ေပးပါ။

ပုံမွန္မဟုတ္တဲ့ ေရာဂါလကၡဏာမ်ားေတြ႕ပါက ဆရာဝန္နဲ႔ အျမန္ဆုံးျပေပးပါ။

Hello ဆရာဝန္ပရိတ္သတ္ေတြလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာေကာင္းတဲ့ ဘဝေန႔ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။

ေရးသားသူ Ye Myo Myat

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။