ကိုယ်အပူချိန်မြင့် တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု

32

ကိုယ်အပူချိန်မြင့်မားပြီး လည်ချောင်းနာ လက္ခဏာတွေဖြစ်ပွားခဲ့တာကြောင့် ဇန်နဝါရီ ၆ ရက်က ဝေဘာဂီဆေးရုံကို ရောက်ရှိလာတဲ့ အသက် ၂၈ နှစ်အရွယ် တရုတ်နိုင်ငံသားအား စစ်ဆေးရာမှာ အခြားပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ မတွေ့ရှိရဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီလူနာကို ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုကုသနေပြီး သူ့ထံမှ ဓာတ်ခွဲနမူနာကို ကမ္ဘာကျန်းမာရေးအဖွဲ့ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။

လူနာနဲ့ထိတွေ့ခဲ့တဲ့ ဧည့်လမ်းညွှန်ကိုလည်း ဝေဘာဂီအထူးကုဆေးရုံမှာ ထားရှိပြီး စောင့်ကြပ်ကြည့်ရှုနေပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၆ နာရီအထိ မြန်မာတနိုင်ငံလုံးအနေနဲ့ သံသယလူ ၂ ဦး အပါအဝင် လူနာ ၇ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ ဆက်လက်စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနေပြီး ကျန်းမာရေးအခြေအနေတွေ သက်သာကောင်းမွန်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေဟာ ဒီနေ့မနက်ပိုင်းအထိ ၃၁၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၃၈ ဦးရှိသွားပြီလို့ သိရပါတယ်။

DVB TV News

ကိုယ္အပူခ်ိန္ျမင့္မားၿပီး လည္ေခ်ာင္းနာ လကၡဏာေတြျဖစ္ပြားခဲ့တာေၾကာင့္ ဇန္နဝါရီ ၆ ရက္က ေဝဘာဂီေဆး႐ုံကို ေရာက္ရွိလာတဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ တ႐ုတ္ႏိုင္ငံသားအား စစ္ေဆးရာမွာ အျခားျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ လကၡဏာေတြ မေတြ႕ရွိရဘူးလို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ဇန္နဝါရီ ၆ ရက္ညပိုင္းက သတင္းထုတ္ျပန္ပါတယ္။

အဲ့ဒီလူနာကို ေဝဘာဂီအထူးကုေဆး႐ုံမွာ ေစာင့္ၾကပ္ၾကည့္ရႈကုသေနၿပီး သူ႔ထံမွ ဓာတ္ခြဲနမူနာကို ကမာၻက်န္းမာေရးအဖြဲ႕ ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

လူနာနဲ႔ထိေတြ႕ခဲ့တဲ့ ဧည့္လမ္းၫႊန္ကိုလည္း ေဝဘာဂီအထူးကုေဆး႐ုံမွာ ထားရွိၿပီး ေစာင့္ၾကပ္ၾကည့္ရႈေနပါတယ္။

ဇန္နဝါရီ ၆ ရက္ေန႔ ညေန ၆ နာရီအထိ ျမန္မာတႏိုင္ငံလုံးအေနနဲ႔ သံသယလူ ၂ ဦး အပါအဝင္ လူနာ ၇ ဦးကို သက္ဆိုင္ရာေဆး႐ုံေတြမွာ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈေပးေနၿပီး က်န္းမာေရးအေျခအေနေတြ သက္သာေကာင္းမြန္တယ္လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဟူေဘးျပည္နယ္ ဝူဟန္ၿမိဳ႕ကေန ၿပီးခဲ့တဲ့ ဒီဇင္ဘာလက စတင္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ဦးေရဟာ ဒီေန႔မနက္ပိုင္းအထိ ၃၁၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၆၃၈ ဦးရွိသြားၿပီလို႔ သိရပါတယ္။

DVB TV News