ဝူဟန်မြို့ရောက် ရုရှားနိုင်ငံသားများကို စစ်လေယာဉ်ဖြင့်ပြန်ခေါ်ယူ

48

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှာရှိတဲ့ ရုရှားနိုင်ငံသားတွေကို ရုရှားအစိုးရက ဖေဖော်ဝါရီ ၅ ရက်မှာ စစ်လေယာဉ်နဲ့ ပြန်ခေါ်ခဲ့ပါတယ်။ပြန်ခေါ်လာခဲ့တဲ့ အဖွဲ့နှစ်ဖွဲ့ပါ ရုရှားနိုင်ငံသား ၁၄၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ တာ မရှိဘူးလို့ မော်စကိုတိုင်းမ်သတင်းမှာ ရေးပါတယ်။

အဲဒီထဲမှာ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်းတွေက နိုင်ငံသား ၁၆ ယောက် ပါဝင်ပြီး သူတို့ကို ရုရှားစစ်လေယာဉ် နှစ်စင်းနဲ့ ကျူးမင်လေဆိပ်ကို ပြန်ခေါ်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ပြန်ခေါ်လာတဲ့ ရုရှားနိုင်ငံသားတွေကို ဆိုက်ဘေးရီးယားက စခန်းတခုမှာ သီတင်းနှစ်ပတ်ကြာ သီးခြားထားရှိသွားမှာပါ။

ပြန်ရောက်လာသူတဦးကတော့ ဝူဟန်က ထွက်လာတာကို ပျော်ပေမယ့် ကျူးမင်လေဆိပ်ကို ရောက်တာ မပျော်ဘူးလို့ ဆိုပါတယ်။သူတို့ကို ကျူးမင်မြို့ကနေ ၁၉ မိုင်အကွာမှာ စခန်းတခုနဲ့သီးခြားခွဲထားမယ်လို့ ရုရှား ဆေးဘက် ဆရာဝန် တယောက်က ပြောပါတယ်။

DVB TV News

ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕မွာရွိတဲ့ ႐ုရွားႏိုင္ငံသားေတြကို ႐ုရွားအစိုးရက ေဖေဖာ္ဝါရီ ၅ ရက္မွာ စစ္ေလယာဥ္နဲ႔ ျပန္ေခၚခဲ့ပါတယ္။ျပန္ေခၚလာခဲ့တဲ့ အဖြဲ႕ႏွစ္ဖြဲ႕ပါ ႐ုရွားႏိုင္ငံသား ၁၄၄ ေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရ တာ မရွိဘူးလို႔ ေမာ္စကိုတိုင္းမ္သတင္းမွာ ေရးပါတယ္။

အဲဒီထဲမွာ ဆိုဗီယက္ျပည္ေထာင္စုႏိုင္ငံေဟာင္းေတြက ႏိုင္ငံသား ၁၆ ေယာက္ ပါဝင္ၿပီး သူတို႔ကို ႐ုရွားစစ္ေလယာဥ္ ႏွစ္စင္းနဲ႔ က်ဴးမင္ေလဆိပ္ကို ျပန္ေခၚခဲ့တယ္လို႔ ကာကြယ္ေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ျပန္ေခၚလာတဲ့ ႐ုရွားႏိုင္ငံသားေတြကို ဆိုက္ေဘးရီးယားက စခန္းတခုမွာ သီတင္းႏွစ္ပတ္ၾကာ သီးျခားထားရွိသြားမွာပါ။

ျပန္ေရာက္လာသူတဦးကေတာ့ ဝူဟန္က ထြက္လာတာကို ေပ်ာ္ေပမယ့္ က်ဴးမင္ေလဆိပ္ကို ေရာက္တာ မေပ်ာ္ဘူးလို႔ ဆိုပါတယ္။သူတို႔ကို က်ဴးမင္ၿမိဳ႕ကေန ၁၉ မိုင္အကြာမွာ စခန္းတခုနဲ႔သီးျခားခြဲထားမယ္လို႔ ႐ုရွား ေဆးဘက္ ဆရာဝန္ တေယာက္က ေျပာပါတယ္။

DVB TV News