မထသ စနစ်ထက် YBS စနစ်ပိုကောင်းဟု YRTA ပြော

69

YBS စနစ်ပြောင်းလိုက်လို့ အဓိကယာဉ်ကြောကြပ်တည်းမှုနဲ့ ယာဉ်စည်းကမ်းလိုက်နာမှု အများကြီးပြောင်းလဲသွားတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရင် မထသလက်ထက်ကနေ YBS စနစ်ပြောင်းလိုက်တဲ့အပေါ် အမျိုးသမီးတွေအနေနဲ့ ဟိုင်းလတ်ယာဉ်ပေါ်မှာစီးရတဲ့ အဆင်မပြေမှုတွေက ကင်းဝေးသွားသလို ယာဉ်မောင်းတွေအနေနဲ့ ယာဉ်စည်းကမ်းလိုက်နာမှုတွေရှိလာတယ်လို့ ဆိုပါတယ်။

“အဓိက ဘာပိုကောင်းလဲဆိုတော့ ယာဉ်ကြောကြပ်တည်းမှု၊ ဟိုင်းလပ်ယာဉ်နှစ်စီးသယ်တဲ့ ဟာကို ဘီအမ်တစီးသယ်လို့ရတယ်။ မီနီတစီး သယ်လို့ရတယ်။ မီနီ နှစ်စီးလောက် သယ်လို့ရတဲ့ ဟာကို ကားကြီးတစီးသယ်တဲ့အတွက် ယာဉ်တွေရဲ့သွားလာမှုသည် ကျစ်လစ်လာသလို ယာဉ်ကြော ပိတ်ဆို့မှု၊ ယာဉ်စီးကမ်းလိုက်နာမှုအပိုင်းမှာ အများကြီးပြောင်းလဲသွားတယ်”လို့ ဦးလှအောင်က ပြောပါတယ်။

အရင် မထသလက်ထက်က ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ၂၀၁၆ ခုနှစ် ၁၁ လပိုင်းအထိ စီးတီးဘတ်စ် ၃၀၀၀ ကျော်အပါအဝင် ဘီအမ်၊ ဟိုင်းလပ်၊ ဒိုင်နာနဲ့ မီနီဘတ်စ်ယာဉ်ပေါင်း ၇၈၀၀ ကျော်နဲ့ ပြေးဆွဲခဲ့တာပါ။

လက်ရှိမှာတော့ စီးတီးဘတ်စ်တွေနဲ့ အစားထိုးလိုက်သလို ယာဉ်အစီးရေလည်း လျှော့နည်းသွားတာကြောင့် ယာဉ်ကြောကြပ်တည်းမှု အဓိကလျှော့ကျသွားတယ်လို့ ဆိုပါတယ်။

YBS စနစ်ပြောင်းလဲပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ YBS ယာဉ်အစီးရေ ၆၀၀၀ လောက်ရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၄၄၀၀ ကျော်နဲ့ လူဦးရေ ၁ ဒဿမ ၈ သန်းကျော်ကို နေ့စဉ်ပြေးဆွဲပေးနေ ပါတယ်။

DVB TV News

YBS စနစ္ေျပာင္းလိုက္လို႔ အဓိကယာဥ္ေၾကာၾကပ္တည္းမႈနဲ႔ ယာဥ္စည္းကမ္းလိုက္နာမႈ အမ်ားႀကီးေျပာင္းလဲသြားတယ္လို႔ YRTA တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အရင္ မထသလက္ထက္ကေန YBS စနစ္ေျပာင္းလိုက္တဲ့အေပၚ အမ်ိဳးသမီးေတြအေနနဲ႔ ဟိုင္းလတ္ယာဥ္ေပၚမွာစီးရတဲ့ အဆင္မေျပမႈေတြက ကင္းေဝးသြားသလို ယာဥ္ေမာင္းေတြအေနနဲ႔ ယာဥ္စည္းကမ္းလိုက္နာမႈေတြရွိလာတယ္လို႔ ဆိုပါတယ္။

“အဓိက ဘာပိုေကာင္းလဲဆိုေတာ့ ယာဥ္ေၾကာၾကပ္တည္းမႈ၊ ဟိုင္းလပ္ယာဥ္ႏွစ္စီးသယ္တဲ့ ဟာကို ဘီအမ္တစီးသယ္လို႔ရတယ္။ မီနီတစီး သယ္လို႔ရတယ္။ မီနီ ႏွစ္စီးေလာက္ သယ္လို႔ရတဲ့ ဟာကို ကားႀကီးတစီးသယ္တဲ့အတြက္ ယာဥ္ေတြရဲ႕သြားလာမႈသည္ က်စ္လစ္လာသလို ယာဥ္ေၾကာ ပိတ္ဆို႔မႈ၊ ယာဥ္စီးကမ္းလိုက္နာမႈအပိုင္းမွာ အမ်ားႀကီးေျပာင္းလဲသြားတယ္”လို႔ ဦးလွေအာင္က ေျပာပါတယ္။

အရင္ မထသလက္ထက္က ရန္ကုန္ၿမိဳ႕ရဲ႕ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးက႑မွာ ၂၀၁၆ ခုႏွစ္ ၁၁ လပိုင္းအထိ စီးတီးဘတ္စ္ ၃၀၀၀ ေက်ာ္အပါအဝင္ ဘီအမ္၊ ဟိုင္းလပ္၊ ဒိုင္နာနဲ႔ မီနီဘတ္စ္ယာဥ္ေပါင္း ၇၈၀၀ ေက်ာ္နဲ႔ ေျပးဆြဲခဲ့တာပါ။

လက္ရွိမွာေတာ့ စီးတီးဘတ္စ္ေတြနဲ႔ အစားထိုးလိုက္သလို ယာဥ္အစီးေရလည္း ေလွ်ာ့နည္းသြားတာေၾကာင့္ ယာဥ္ေၾကာၾကပ္တည္းမႈ အဓိကေလွ်ာ့က်သြားတယ္လို႔ ဆိုပါတယ္။

YBS စနစ္ေျပာင္းလဲၿပီးေနာက္ပိုင္း ရန္ကုန္ၿမိဳ႕မွာ YBS ယာဥ္အစီးေရ ၆၀၀၀ ေလာက္ရွိၿပီး ေန႔စဥ္ယာဥ္အစီးေရ ၄၄၀၀ ေက်ာ္နဲ႔ လူဦးေရ ၁ ဒႆမ ၈ သန္းေက်ာ္ကို ေန႔စဥ္ေျပးဆြဲေပးေန ပါတယ္။

DVB TV News