ထိုင်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးထားသူများအနက် ၄ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိ

31

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦး အပါအဝင် ၁၀ ဦးဆီကနေ နှာခေါင်းတို့ဖတ် နမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရည်ညွှန်းတဲ့ ထိုင်းနိုင်ငံ ဓါတ်ခွဲခန်းကိုပေးပို့စစ်ဆေးထားတဲ့အနက် လူနာ ၄ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးမရှိတဲ့ လူနာ ၄ ဦးကတော့ တရုတ်နိုင်ငံ စီချွန်ကနေ လာရောက်ပြီး ကျိုးတုံဆေးရုံမှာ ကုသမှုခံယူနေတဲ့ အသက် ၁ နှစ် ၂ လအရွယ် မိန်းကလေးငယ် တဦး၊ တိုင်ပေကနေလာရောက်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ ၁၅ နှစ်အရွယ် ယောကျ်ားလေး တဦး၊ လွိုင်ကော်ဆေးရုံက မြန်မာနိုင်ငံသား အသက် ၂နှစ် ၂ လအရွယ် မိန်းကလေးငယ်တဦးနဲ့ ကွမ်ကျိုးက ရောက်လာပြီး နေပြည်တော်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ၂၉ နှစ်အရွယ် တရုတ်နိုင်ငံသား တဦးတို့ ဖြစ်ကြပါတယ်။

ကျန်တဲ့လူနာတွေရဲ့ ဓါတ်ခွဲစစ်ဆေးတဲ့ အဖြေတွေကို ရရှိရင် ဆက်လက် သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း ကျန်းမာရေးဌာနက ဆိုပါတယ်။

ပုဂ္ဂလိကဆေးရုံတခုကနေ ဝေဘာဂီဆေးရုံကိုလွှဲတဲ့ ၁၅ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား တဦးနဲ့ လှိုင်သာယာဆေးရုံကနေ ဝေဘာဂီဆေးရုံကို ကိုယ်တိုင်လာခဲ့တဲ့ ၃၂ နှစ်အရွယ် တရုတ်အမျိုးသားတို့ကတော့ ဖျားနာတာမရှိတော့ပေမယ့် သူ့တို့ရဲ့ နှာခေါင်းတို့ဖတ် နမူနာကို ထိုင်းနိုင်ငံအမျိုးသား ဓာတ်ခွဲခန်းကို ပေးပို့ထားပြီး အဖြေကို မသိရသေးဘူးလို့ဆိုပါတယ်။

ရန်ကင်းကလေးဆေးရုံမှာတော့ ဖေဖော်ဝါရီ ၅ ရက်မနက်က ဖျားနာတာကြောင့် ဆေးရုံလာပြတဲ့ အသက် ၂ နှစ်အရွယ်ကလေးနဲ့ သူရဲ့မိခင်မှာလည်း အပူချိန်အနည်းငယ် ရှိနေတာကြောင့် စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။

ဝေဘာဂီအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က “ရန်ကင်းကလေးဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် သံသယစောင့်ကြည့်နဲ့ လူနာ ၂ ဦးကို ကုသနေတာကို သက်ဆိုင်ရာဆေးရုံကအ ကြောင်းကြားထားပါတယ်။ လက်ရှိမှာ ကလေးကဖျားနေတော့ မိခင်နဲ့လည်းခွဲထားမရတော့ သူတို့ ၂ ဦးကို ရန်ကင်းဆေးရုံမှာပဲ ခုတော့ကုသတာပေးနေတာပါ။ အကယ်၍ ကလေးရောအမေရော အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေပေါ်လာပြီး ပြင်းထန်လာရင်တော့ ဝေဘာဂီဆေးရုံကို လွှဲပြောင်းကုသပေးဖို့ အကြောင်းကြားချက် ရထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာကျောင်းသား ၅၉ ဦးကို တရုတ်နို်ငငံကနေ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ လေကြောင်းလိုင်းက လေယာဉ်အမှုထမ်း ၅ ဦး ကိုလည်း ဖျားနာမှုရှိမရှိ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ပေးနေပါတယ်။

ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းအထိ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူပေါင်း ၂၈၂၇၅ ယောက်ရှိတယ်လို့ အတည်ပြုထားပြီး သေဆုံးသူဦးရေ ၅၆၅ ဦး အထိရှိလာသလို လူနာပေါင်း ၁၁၆၉ ဦး ကုသပျောက်ကင်းသွားပါတယ်။

DVB TV News

ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ ၂ ဦး အပါအဝင္ ၁၀ ဦးဆီကေန ႏွာေခါင္းတို႔ဖတ္ နမူနာကို ကမာၻ႔က်န္းမာေရးအဖြဲ႕ ရည္ၫႊန္းတဲ့ ထိုင္းႏိုင္ငံ ဓါတ္ခြဲခန္းကိုေပးပို႔စစ္ေဆးထားတဲ့အနက္ လူနာ ၄ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး မေတြ႕ရွိရဘူးလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုးမရွိတဲ့ လူနာ ၄ ဦးကေတာ့ တ႐ုတ္ႏိုင္ငံ စီခြၽန္ကေန လာေရာက္ၿပီး က်ိဳးတုံေဆး႐ုံမွာ ကုသမႈခံယူေနတဲ့ အသက္ ၁ ႏွစ္ ၂ လအ႐ြယ္ မိန္းကေလးငယ္ တဦး၊ တိုင္ေပကေနလာေရာက္ၿပီး ေဝဘာဂီေဆး႐ုံမွာ ကုသမႈခံယူေနတဲ့ ၁၅ ႏွစ္အ႐ြယ္ ေယာက်္ားေလး တဦး၊ လြိဳင္ေကာ္ေဆး႐ုံက ျမန္မာႏိုင္ငံသား အသက္ ၂ႏွစ္ ၂ လအ႐ြယ္ မိန္းကေလးငယ္တဦးနဲ႔ ကြမ္က်ိဳးက ေရာက္လာၿပီး ေနျပည္ေတာ္ေဆး႐ုံမွာ ကုသမႈခံယူေနတဲ့ ၂၉ ႏွစ္အ႐ြယ္ တ႐ုတ္ႏိုင္ငံသား တဦးတို႔ ျဖစ္ၾကပါတယ္။

က်န္တဲ့လူနာေတြရဲ႕ ဓါတ္ခြဲစစ္ေဆးတဲ့ အေျဖေတြကို ရရွိရင္ ဆက္လက္ သတင္းထုတ္ျပန္ေပးသြားမယ္လို႔လည္း က်န္းမာေရးဌာနက ဆိုပါတယ္။

ပုဂၢလိကေဆး႐ုံတခုကေန ေဝဘာဂီေဆး႐ုံကိုလႊဲတဲ့ ၁၅ ႏွစ္အ႐ြယ္ ထိုင္ဝမ္ႏိုင္ငံသား တဦးနဲ႔ လႈိင္သာယာေဆး႐ုံကေန ေဝဘာဂီေဆး႐ုံကို ကိုယ္တိုင္လာခဲ့တဲ့ ၃၂ ႏွစ္အ႐ြယ္ တ႐ုတ္အမ်ိဳးသားတို႔ကေတာ့ ဖ်ားနာတာမရွိေတာ့ေပမယ့္ သူ႔တို႔ရဲ႕ ႏွာေခါင္းတို႔ဖတ္ နမူနာကို ထိုင္းႏိုင္ငံအမ်ိဳးသား ဓာတ္ခြဲခန္းကို ေပးပို႔ထားၿပီး အေျဖကို မသိရေသးဘူးလို႔ဆိုပါတယ္။

ရန္ကင္းကေလးေဆး႐ုံမွာေတာ့ ေဖေဖာ္ဝါရီ ၅ ရက္မနက္က ဖ်ားနာတာေၾကာင့္ ေဆး႐ုံလာျပတဲ့ အသက္ ၂ ႏွစ္အ႐ြယ္ကေလးနဲ႔ သူရဲ႕မိခင္မွာလည္း အပူခ်ိန္အနည္းငယ္ ရွိေနတာေၾကာင့္ ေစာင့္ၾကည့္ကုသေပးေနတယ္လို႔ သိရပါတယ္။

ေဝဘာဂီအထူးကုေဆး႐ုံအုပ္ႀကီး ေဒါက္တာေအးေအးေအာင္က “ရန္ကင္းကေလးေဆး႐ုံမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယေစာင့္ၾကည့္နဲ႔ လူနာ ၂ ဦးကို ကုသေနတာကို သက္ဆိုင္ရာေဆး႐ုံကအ ေၾကာင္းၾကားထားပါတယ္။ လက္ရွိမွာ ကေလးကဖ်ားေနေတာ့ မိခင္နဲ႔လည္းခြဲထားမရေတာ့ သူတို႔ ၂ ဦးကို ရန္ကင္းေဆး႐ုံမွာပဲ ခုေတာ့ကုသတာေပးေနတာပါ။ အကယ္၍ ကေလးေရာအေမေရာ အသက္႐ူလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာေတြေပၚလာၿပီး ျပင္းထန္လာရင္ေတာ့ ေဝဘာဂီေဆး႐ုံကို လႊဲေျပာင္းကုသေပးဖို႔ အေၾကာင္းၾကားခ်က္ ရထားပါတယ္”လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ျမန္မာေက်ာင္းသား ၅၉ ဦးကို တ႐ုတ္ႏို္ငငံကေန သြားေရာက္ေခၚေဆာင္ခဲ့တဲ့ ေလေၾကာင္းလိုင္းက ေလယာဥ္အမႈထမ္း ၅ ဦး ကိုလည္း ဖ်ားနာမႈရွိမရွိ ေဝဘာဂီေဆး႐ုံမွာ ေစာင့္ၾကည့္ေပးေနပါတယ္။

ေဖေဖာ္ဝါရီ ၆ ရက္ မနက္ပိုင္းအထိ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူေပါင္း ၂၈၂၇၅ ေယာက္ရွိတယ္လို႔ အတည္ျပဳထားၿပီး ေသဆုံးသူဦးေရ ၅၆၅ ဦး အထိရွိလာသလို လူနာေပါင္း ၁၁၆၉ ဦး ကုသေပ်ာက္ကင္းသြားပါတယ္။

DVB TV News