ထား၀ယ်တက္ကသိုလ်အတွင်း ဘွဲ့ယူမည့်သူများ ဓာတ်ပုံရိုက်ခွင့်ပြန်ရ

23

ထား၀ယ်တက္ကသိုလ်ရဲ့ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်မှာ ကျောင်းပရဝုဏ်အတွင်း စီးပွားရေးအရ ဓာတ်ပုံရိုက်ကူးခြင်းမဟုတ်ရင် ကြိုက်တဲ့ကင်မရာနဲ့ ဓာတ်ပုံရိုက်ခွင့်ပြန်ရပြီလို့ ထား၀ယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဟိန်းက ပြောပါတယ်။

တင်ဒါအောင်မြင်တဲ့ ဓာတ်ပုံအဖွဲ့ကလွဲပြီး ကျောင်းပရဝုဏ်အတွင်း/အပြင်မှာ ဘယ်ကင်မရာအမျိုးအစားနဲ့မှ ဓာတ်ပုံကြိုတင်ရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်းမပြုရလို့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကျောင်း၀င်းအတွင်း ထား၀ယ်တက္ကသိုလ် ဓာတ်ပုံနဲ့ ဒီဗွီဒီ တင်ဒါကြီးကြပ်မှုကော်မတီက ဗီနိုင်းပိုစတာ စိုက်ထူ အသိပေးခဲ့ပါတယ်။

အဆိုပါဗီနိုင်းတွေကို ဖေဖော်ဝါရီ ၄ ရက် ညဦးပိုင်းမှာ ဖျက်ဆီးခံရပြီးနောက် ကျောင်းအုပ်ကြီးနဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ဆုံပြီးချိန်မှာ ဓာတ်ပုံရိုက်ခွင့် သဘောတူ ညီချက်ရရှိခဲ့တယ်လို့ ထား၀ယ် တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဝေယံဟိန်းက ပြောပါတယ်။

“ကျောင်းပရဝုဏ်အတွင်းမှာ စီးပွားဖြစ်မဟုတ်ရင် ကြိုက်တဲ့ ကင်မရာနဲ့ရိုက်၊ စီးပွားဖြစ်ဆို တစ်သောင်းခွဲပေးဆောင်ရမယ်။”

ဒါ့အပြင်ကျောင်း၀င်းအတွင်း စီးပွားဖြစ်ကင်မရာသေးနဲ့ရိုက်မယ်ဆိုရင်လည်း ၃၀၀၀ ကျပ် ပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘွဲနှင်းသဘင်ခန်းမမှာ တင်ဒါအောင်တဲ့သူကသာ ရိုက်ခွင့်ရတယ်ဆိုတာလက်ခံပေမဲ့ ထား၀ယ် တက္ကသိုလ်ကျောင်း၀င်းအတွင်း ကျောင်းသား/ သူတွေ ဓါတ်ပုံရိုက်ကူးမရဘူးဆိုတာ ကျောင်းသား အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ တက္ကသိုလ်သားတဦးက ပြောပါတယ်။

ထား၀ယ်တက္ကသိုလ်ရဲ့ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်မှာ ကျောင်းသား၊ကျောင်းသူ ၇၀၀ ဦးကျော် ဘွဲ့ယူကြမယ်လို့ သိရပါတယ်။

သတင်း-တင့်လွင် DVB TV News

ထား၀ယ္တကၠသိုလ္ရဲ႕ (၁၈) ႀကိမ္ေျမာက္ဘြဲ႕ႏွင္းသဘင္မွာ ေက်ာင္းပရဝုဏ္အတြင္း စီးပြားေရးအရ ဓာတ္ပုံ႐ိုက္ကူးျခင္းမဟုတ္ရင္ ႀကိဳက္တဲ့ကင္မရာနဲ႔ ဓာတ္ပုံ႐ိုက္ခြင့္ျပန္ရၿပီလို႔ ထား၀ယ္တကၠသိုလ္ ေက်ာင္းသားသမဂၢဥကၠ႒ ကိုေဝယံဟိန္းက ေျပာပါတယ္။

တင္ဒါေအာင္ျမင္တဲ့ ဓာတ္ပုံအဖြဲ႕ကလြဲၿပီး ေက်ာင္းပရဝုဏ္အတြင္း/အျပင္မွာ ဘယ္ကင္မရာအမ်ိဳးအစားနဲ႔မွ ဓာတ္ပုံႀကိဳတင္႐ိုက္ကူးျခင္း၊ ဗီဒီယို႐ိုက္ကူးျခင္းမျပဳရလို႔ ေဖေဖာ္ဝါရီ ၅ ရက္ေန႔က ေက်ာင္း၀င္းအတြင္း ထား၀ယ္တကၠသိုလ္ ဓာတ္ပုံနဲ႔ ဒီဗြီဒီ တင္ဒါႀကီးၾကပ္မႈေကာ္မတီက ဗီႏိုင္းပိုစတာ စိုက္ထူ အသိေပးခဲ့ပါတယ္။

အဆိုပါဗီႏိုင္းေတြကို ေဖေဖာ္ဝါရီ ၄ ရက္ ညဦးပိုင္းမွာ ဖ်က္ဆီးခံရၿပီးေနာက္ ေက်ာင္းအုပ္ႀကီးနဲ႔ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က ေတြ႕ဆုံၿပီးခ်ိန္မွာ ဓာတ္ပုံ႐ိုက္ခြင့္ သေဘာတူ ညီခ်က္ရရွိခဲ့တယ္လို႔ ထား၀ယ္ တကၠသိုလ္ေက်ာင္းသားသမဂၢဥကၠ႒ ကိုေဝယံဟိန္းက ေျပာပါတယ္။

“ေက်ာင္းပရဝုဏ္အတြင္းမွာ စီးပြားျဖစ္မဟုတ္ရင္ ႀကိဳက္တဲ့ ကင္မရာနဲ႔႐ိုက္၊ စီးပြားျဖစ္ဆို တစ္ေသာင္းခြဲေပးေဆာင္ရမယ္။”

ဒါ့အျပင္ေက်ာင္း၀င္းအတြင္း စီးပြားျဖစ္ကင္မရာေသးနဲ႔႐ိုက္မယ္ဆိုရင္လည္း ၃၀၀၀ က်ပ္ ေပးေဆာင္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဘြဲႏွင္းသဘင္ခန္းမမွာ တင္ဒါေအာင္တဲ့သူကသာ ႐ိုက္ခြင့္ရတယ္ဆိုတာလက္ခံေပမဲ့ ထား၀ယ္ တကၠသိုလ္ေက်ာင္း၀င္းအတြင္း ေက်ာင္းသား/ သူေတြ ဓါတ္ပုံ႐ိုက္ကူးမရဘူးဆိုတာ ေက်ာင္းသား အခြင့္အေရးကို ခ်ိဳးေဖာက္ရာေရာက္တယ္လို႔ တကၠသိုလ္သားတဦးက ေျပာပါတယ္။

ထား၀ယ္တကၠသိုလ္ရဲ႕ (၁၈) ႀကိမ္ေျမာက္ဘြဲ႕ႏွင္းသဘင္မွာ ေက်ာင္းသား၊ေက်ာင္းသူ ၇၀၀ ဦးေက်ာ္ ဘြဲ႕ယူၾကမယ္လို႔ သိရပါတယ္။

သတင္း-တင့္လြင္ DVB TV News