ဧရာဝတီတိုင်းအစိုးရထံ ၄ နှစ်ကျော်အတွင်း တိုင်စာပေါင်း ၁၂၀၀၀ ကျော် ရောက်ရှိ

29

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ၄ နှစ်ကျော်ကာလအတွင်း ပြည်သူတွေရဲ့ တိုင်ကြား စာပေါင်း ၁၂၀၀၀ ကျော် ရောက်ရှိခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။

ပြည်သူ့တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး အရေးယူထားမှုအခြေအနေကို ဇန်နဝါရီ ၃၁ ရက် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းရဲ့ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှုကို တိုင်းအစိုးရ တာဝန်ရှိသူက ပြန်လည်ဖြေကြားခဲ့တာပါ။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က “တိုင်ကြားစာနဲ့ပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းကို တိုင်ကြားစာများနဲ့ပတ်သက်ပြီး ကြားရတာ ဌာနဆိုင်ရာအကြီးအကဲတွေအနေနဲ့ မိခင်လုပ်ငန်းတာဝန်တွေနဲ့ အခြားလုပ်ငန်းတွေများတာ ကြောင့် အချိန်ပေးနိုင်မှုနည်းပြီး သက်သေများစုံလင်စွာရောက်လာမှုမရှိတာတွေ၊ အကြိမ်ကြိမ် ဆင့်ခေါ်ရတာတွေနဲ့ သက်ဆိုင်ရာ ကာယကံရှင်တွေကို အကြိမ်ကြိမ်ဆင့်ခေါ်ရတာတွေ ရှိနေပြီး မြေပြင်သို့ကွင်းဆင်းစစ်ဆေးချိန်မှာ နှစ်ဘက်မသင့်မြတ်တာတွေကြောင့် လာရောက်တာ မရှိခြင်းနဲ့ တိုင်ကြားတဲ့သူတွေက မြေပြင်မှာအမှန်တကယ် နေထိုင်မှုမရှိတာတွေကြောင့် ကြာ နေရတာတွေလည်းရှိတယ်”လို့ ပြန်လည်ဖြေကြားပါတယ်။

တိုင်ကြားသူတွေက ဆုံးဖြတ်ပြီးသား ကိစ္စတွေကို ကျေနပ်မှုမရှိတာကြောင့် ထပ်မံတိုင် ကြားတာမျိုးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စစ်ဆေးတဲ့ဌာနဆိုင်ရာ အရာရှိတွေအနေနဲ့ ဥပဒေကြောင်းအရ မြေပြင်မှာ ပြေလည်စေဖို့ ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်များချမှတ် ဆောင်ရွက်ပေးနိုင်ပေမယ့် နှစ်ဖက်သင့်မြတ်မှုမရှိလို့ ဘက်လိုက်ဆောင်ရွက်တယ်လို့ ပြန်လည်တိုင်ကြားခံရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တိုင်ကြားချက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လိုအပ်လို့ ခေါ်ယူ မေးမြန်းဆွေးနွေးညှိနှိုင်းပေးတာကိုနားလည်သဘောပေါက်စွာနဲ့ ပြန်လည်ဆောင်ရွက်ပေးမယ်ဆိုရင် တိုင်ကြားစာတွေ မြန်ဆန်စွာဆောင်ရွက်ပြီးစီးနိုင်မယ်လို့လည်း ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ၄ နှစ်ကျော်ကာလအတွင်း တိုင်ကြားစာပေါင်း ၁၂၇၉၄ စာ ရောက်ရှိခဲ့ပြီး အမှုပေါင်း ၁၀၈၀၃ မှုကို ဖြေရှင်းပေးနိုင်ခဲ့ကာ အမှုပေါင်း ၁၉၉၁ မှုသာ ကျန်ရှိတော့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တိုင်ကြားစာတွေကို အချိန်နဲ့ တပြေးညီ သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်တွေကို စိစစ်တင်ပြဖို့ အကြောင်းကြားထားပြီး အချိန်ကာလသတ်မှတ်ကာ ပြန်လည် တင်ပြစေကြောင်း၊ သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပြခြင်းမရှိပါက တိုင်းအစိုးရအဖွဲ့အနေနဲ့ နှိုးဆော်စာထုတ်တင်ပြစေဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

—————–

ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ၄ ႏွစ္ေက်ာ္ကာလအတြင္း ျပည္သူေတြရဲ႕ တိုင္ၾကား စာေပါင္း ၁၂၀၀၀ ေက်ာ္ ေရာက္ရွိခဲ့တယ္လို႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံက သိရပါတယ္။

ျပည္သူ႔တိုင္ၾကားစာေတြနဲ႔ပတ္သက္ၿပီး အေရးယူထားမႈအေျခအေနကို ဇန္နဝါရီ ၃၁ ရက္ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ပုံမွန္အစည္းအေဝးမွာ ဖ်ာပုံၿမိဳ႕နယ္ အမွတ္ ၁ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇယ်ာမင္းသိန္းရဲ႕ ၾကယ္ပြင့္ျပေမးခြန္းေမးျမန္းမႈကို တိုင္းအစိုးရ တာဝန္ရွိသူက ျပန္လည္ေျဖၾကားခဲ့တာပါ။

တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္စြာလႈိင္က “တိုင္ၾကားစာနဲ႔ပတ္သက္တဲ့ ၾကယ္ပြင့္ျပေမးခြန္းကို တိုင္ၾကားစာမ်ားနဲ႔ပတ္သက္ၿပီး ၾကားရတာ ဌာနဆိုင္ရာအႀကီးအကဲေတြအေနနဲ႔ မိခင္လုပ္ငန္းတာဝန္ေတြနဲ႔ အျခားလုပ္ငန္းေတြမ်ားတာ ေၾကာင့္ အခ်ိန္ေပးႏိုင္မႈနည္းၿပီး သက္ေသမ်ားစုံလင္စြာေရာက္လာမႈမရွိတာေတြ၊ အႀကိမ္ႀကိမ္ ဆင့္ေခၚရတာေတြနဲ႔ သက္ဆိုင္ရာ ကာယကံရွင္ေတြကို အႀကိမ္ႀကိမ္ဆင့္ေခၚရတာေတြ ရွိေနၿပီး ေျမျပင္သို႔ကြင္းဆင္းစစ္ေဆးခ်ိန္မွာ ႏွစ္ဘက္မသင့္ျမတ္တာေတြေၾကာင့္ လာေရာက္တာ မရွိျခင္းနဲ႔ တိုင္ၾကားတဲ့သူေတြက ေျမျပင္မွာအမွန္တကယ္ ေနထိုင္မႈမရွိတာေတြေၾကာင့္ ၾကာ ေနရတာေတြလည္းရွိတယ္”လို႔ ျပန္လည္ေျဖၾကားပါတယ္။

တိုင္ၾကားသူေတြက ဆုံးျဖတ္ၿပီးသား ကိစၥေတြကို ေက်နပ္မႈမရွိတာေၾကာင့္ ထပ္မံတိုင္ ၾကားတာမ်ိဳးရွိၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စစ္ေဆးတဲ့ဌာနဆိုင္ရာ အရာရွိေတြအေနနဲ႔ ဥပေဒေၾကာင္းအရ ေျမျပင္မွာ ေျပလည္ေစဖို႔ ညႇိႏႈိင္းေဆြးေႏြးၿပီး ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ ေဆာင္႐ြက္ေပးႏိုင္ေပမယ့္ ႏွစ္ဖက္သင့္ျမတ္မႈမရွိလို႔ ဘက္လိုက္ေဆာင္႐ြက္တယ္လို႔ ျပန္လည္တိုင္ၾကားခံရတာေတြလည္း ရွိတယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ တိုင္ၾကားခ်က္နဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕က လိုအပ္လို႔ ေခၚယူ ေမးျမန္းေဆြးေႏြးညႇိႏႈိင္းေပးတာကိုနားလည္သေဘာေပါက္စြာနဲ႔ ျပန္လည္ေဆာင္႐ြက္ေပးမယ္ဆိုရင္ တိုင္ၾကားစာေတြ ျမန္ဆန္စြာေဆာင္႐ြက္ၿပီးစီးႏိုင္မယ္လို႔လည္း ဝန္ႀကီးက ျပန္လည္ေျဖဆိုခဲ့တာပါ။

ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ ၄ ႏွစ္ေက်ာ္ကာလအတြင္း တိုင္ၾကားစာေပါင္း ၁၂၇၉၄ စာ ေရာက္ရွိခဲ့ၿပီး အမႈေပါင္း ၁၀၈၀၃ မႈကို ေျဖရွင္းေပးႏိုင္ခဲ့ကာ အမႈေပါင္း ၁၉၉၁ မႈသာ က်န္ရွိေတာ့ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံက သိရပါတယ္။

တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ တိုင္ၾကားစာေတြကို အခ်ိန္နဲ႔ တေျပးညီ သက္ဆိုင္ရာ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္ေတြကို စိစစ္တင္ျပဖို႔ အေၾကာင္းၾကားထားၿပီး အခ်ိန္ကာလသတ္မွတ္ကာ ျပန္လည္ တင္ျပေစေၾကာင္း၊ သတ္မွတ္ကာလအတြင္း ျပန္လည္တင္ျပျခင္းမရွိပါက တိုင္းအစိုးရအဖြဲ႕အေနနဲ႔ ႏႈိးေဆာ္စာထုတ္တင္ျပေစဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

သတင္း- မင္းထက္မုန္း (ပုသိမ္)

DVB TV News