ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မည့် အခွင့်အလမ်းရှိဟု WHO ပြော

24

လူသေစေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို တိုက်ဖျက်မယ့် အခွင့်အလမ်းရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအဆင့်တွေဟာ ဗိုင်းရပ်စ်ပြန့်ပွားတာကို တားဆီးတဲ့ နည်းလမ်းကောင်း ဖြစ်တယ်လို့လည်း WHO ညွှန်ချုပ် ဂပ်ဘရေအီးဆစ်က ပြောပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ ကနဦး ရောဂါကိုင်တွယ်မှုအပေါ် ကမ္ဘာတဝန်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေချိန်မှာ WHO ညွှန်ချုပ်က တရုတ်အစိုးရ လုပ်ဆောင်ချက်အပေါ် ချီးကျူးလိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄၉၀ ကျော်ရှိလာပြီး ကူးစက်ခံရသူ ၂သောင်းခွဲလောက်ဖြစ်ဖို့ တဖြည်းဖြည်းနီးကပ်လာနေပါပြီ။ တရုတ်ပြည်မကြီးပြင်ပ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်တို့မှာ တယောက်စီ သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်က ဟူဘေးပြည်နယ် တခုတည်းမှာတင် သေဆုံးသူ ၆၅ ယောက်ရှိပြီး တရုတ်နိုင်ငံတဝန်း ထပ်မံကူးစက်ခံရသူ ၄,၀၀၀ နီးပါး ရှိပါတယ်။

သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၆၀ အထက်ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဟာ နှလုံးနဲ့ ဆီးချိုရောဂါလို နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ကူးစက်ခံရသူတွေ ပြန်ကောင်းလာလို့ ဆေးရုံက ဆင်းသူ ၄၇၅ ယောက် ရှိတယ်လို့လည်း ဖေဖော်ဝါရီ ၃ ရက်က နိုင်ငံပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၄ ရက်က ဝူဟန်မြို့မှာ ၈ ရက်နဲ့ အပြီးတည်ဆောက်ခဲ့တဲ့ ကုတင် ၁၀၀၀ ဆံ့ ဟောင်ရှန်းရှန်းဆေးရုံသစ်ဆီ ရောဂါကူးစက်ခံရသူ ပထမအသုတ် လူနာတွေကို ပို့ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

DVB TV News

လူေသေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္သစ္ကို တိုက္ဖ်က္မယ့္ အခြင့္အလမ္းရွိတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေျပာပါတယ္။

တ႐ုတ္အစိုးရရဲ႕ ဗိုင္းရပ္စ္တိုက္ဖ်က္ေရးအဆင့္ေတြဟာ ဗိုင္းရပ္စ္ျပန႔္ပြားတာကို တားဆီးတဲ့ နည္းလမ္းေကာင္း ျဖစ္တယ္လို႔လည္း WHO ၫႊန္ခ်ဳပ္ ဂပ္ဘေရအီးဆစ္က ေျပာပါတယ္။

တ႐ုတ္အာဏာပိုင္ေတြရဲ႕ ကနဦး ေရာဂါကိုင္တြယ္မႈအေပၚ ကမာၻတဝန္း က်ယ္က်ယ္ျပန႔္ျပန္႔ ေဝဖန္ေနခ်ိန္မွာ WHO ၫႊန္ခ်ဳပ္က တ႐ုတ္အစိုးရ လုပ္ေဆာင္ခ်က္အေပၚ ခ်ီးက်ဴးလိုက္တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ေသဆုံးသူ ၄၉၀ ေက်ာ္ရွိလာၿပီး ကူးစက္ခံရသူ ၂ေသာင္းခြဲေလာက္ျဖစ္ဖို႔ တျဖည္းျဖည္းနီးကပ္လာေနပါၿပီ။ တ႐ုတ္ျပည္မႀကီးျပင္ပ ေဟာင္ေကာင္နဲ႔ ဖိလစ္ပိုင္တို႔မွာ တေယာက္စီ ေသဆုံးခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၄ ရက္က ဟူေဘးျပည္နယ္ တခုတည္းမွာတင္ ေသဆုံးသူ ၆၅ ေယာက္ရွိၿပီး တ႐ုတ္ႏိုင္ငံတဝန္း ထပ္မံကူးစက္ခံရသူ ၄,၀၀၀ နီးပါး ရွိပါတယ္။

ေသဆုံးသူေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းခန႔္ဟာ အသက္ ၆၀ အထက္ျဖစ္ၿပီး ၇၅ ရာခိုင္ႏႈန္းဟာ ႏွလုံးနဲ႔ ဆီးခ်ိဳေရာဂါလို နဂိုေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ တ႐ုတ္အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က ထုတ္ျပန္ပါတယ္။

ဒါေပမဲ့ ကူးစက္ခံရသူေတြ ျပန္ေကာင္းလာလို႔ ေဆး႐ုံက ဆင္းသူ ၄၇၅ ေယာက္ ရွိတယ္လို႔လည္း ေဖေဖာ္ဝါရီ ၃ ရက္က ႏိုင္ငံပိုင္ ဆင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။

ေဖေဖာ္ဝါရီ ၄ ရက္က ဝူဟန္ၿမိဳ႕မွာ ၈ ရက္နဲ႔ အၿပီးတည္ေဆာက္ခဲ့တဲ့ ကုတင္ ၁၀၀၀ ဆံ့ ေဟာင္ရွန္းရွန္းေဆး႐ုံသစ္ဆီ ေရာဂါကူးစက္ခံရသူ ပထမအသုတ္ လူနာေတြကို ပို႔ေဆာင္ခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

DVB TV News