လီဗာပူးကို လိုက်မမီနိုင်တော့ဘူးဟု မန်စီးတီးနည်းပြပြော

87

လီဗာပူးအသင်းဟာ ရပ်တန့်လို့မရနိုင်တော့ဘဲ လိုက်မမီနိုင်တော့ဘူးလို့ မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။မနေ့ညက စပါးအသင်းကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်အပြီးမှာ ပြောကြားလိုက်တာပါ။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးနဲ့ ကျန်ပြိုင်ပွဲတွေမှာ ဆုဖလားအောင်မြင်မှု ရရှိရေးသာ ကြိုးစားရတော့မယ်လို့ ဆိုပါတယ်။ရှုံးနိမ့်ခဲ့တာနဲ့ပတ်သက်လို့တော့ မကျေမနပ်ဖြစ်တာမျိုးမရှိဘဲ အသင်းဟာ အားထုတ်ကြိုးပမ်းခြင်း မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းနဲ့ ၂၂ မှတ်ထိ ကွာဟသွားခဲ့ပြီ ဖြစ်တာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ရင်တောင် လီဗာပူးရဲ့ ခြေစွမ်းအရ အမှတ်ပေးဖလားကို မျှော်မှန်းနိုင်ဖို့မရှိတော့တဲ့ အခြေအနေဖြစ်နေပြီလို့ နိုင်ငံတကာမီဒီယာတွေမှာ သုံးသပ်ဖော်ပြနေပါတယ်။

DVB TV News

လီဗာပူးအသင္းဟာ ရပ္တန႔္လို႔မရႏိုင္ေတာ့ဘဲ လိုက္မမီႏိုင္ေတာ့ဘူးလို႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ နည္းျပ ပက္ဂြါဒီယိုလာက ေျပာၾကားလိုက္ပါတယ္။မေန႔ညက စပါးအသင္းကို အေဝးကြင္းမွာ ၂ ဂိုးျပတ္နဲ႔ အေရးနိမ့္အၿပီးမွာ ေျပာၾကားလိုက္တာပါ။

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးနဲ႔ က်န္ၿပိဳင္ပြဲေတြမွာ ဆုဖလားေအာင္ျမင္မႈ ရရွိေရးသာ ႀကိဳးစားရေတာ့မယ္လို႔ ဆိုပါတယ္။ရႈံးနိမ့္ခဲ့တာနဲ႔ပတ္သက္လို႔ေတာ့ မေက်မနပ္ျဖစ္တာမ်ိဳးမရွိဘဲ အသင္းဟာ အားထုတ္ႀကိဳးပမ္းျခင္း မရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာစီးတီးအသင္းဟာ လီဗာပူးအသင္းနဲ႔ ၂၂ မွတ္ထိ ကြာဟသြားခဲ့ၿပီ ျဖစ္တာေၾကာင့္ လက္က်န္ပြဲစဥ္ေတြမွာ အေကာင္းဆုံးပုံစံနဲ႔ ကစားႏိုင္ခဲ့ရင္ေတာင္ လီဗာပူးရဲ႕ ေျခစြမ္းအရ အမွတ္ေပးဖလားကို ေမွ်ာ္မွန္းႏိုင္ဖို႔မရွိေတာ့တဲ့ အေျခအေနျဖစ္ေနၿပီလို႔ ႏိုင္ငံတကာမီဒီယာေတြမွာ သုံးသပ္ေဖာ္ျပေနပါတယ္။

DVB TV News