ကြိုးပေးခံခဲ့ရပေမယ့် ကံကောင်းထောက်မစွာ မသေခဲ့တဲ့ လူထူးဆန်းများအကြောင်း

500

ေရွးယခင္တုန္းကေတာ့ ရာဇဝတ္သားေတြကုိ ကြပ္မ်က္တဲ့အခါ နည္းအမိ်ဳးမ်ိဳး သုံးၾကပါတယ္။ ေခါင္းျဖတ္သတ္တာတုိ႔၊ ေၾကး႐ုပ္ႀကီးေတြထဲထည့္ၿပီး၊ မီးဖုတ္သတ္တာတုိ႔၊ ကားစင္တင္တာတုိ႔၊ လႊနဲ႔တုိက္ဖ်က္သတ္တာတုိ႔၊ တစစ အေရခြံခြာၿပီး ညႇဥ္းသတ္တာတုိ႔ဟာ ထင္ရွားတဲ့ ေသဒဏ္စီရင္နည္းေတြပါ။

အခု ေဖာ္ျပမွာကေတာ့ ႀကိဳးေပးခံရေပမယ့္ အသက္ရွင္ခဲ့တဲ့ လူထူးဆန္းေတြအေၾကာင္း သမုိင္းမွာျဖစ္ခဲ့တဲ့ အထင္ကရျဖစ္ရပ္ေတြကုိ D Khit ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ခ်င္ပါတယ္။

(၁) ရာဇဝတ္သား Franks

သကၠရာဇ္ (၁၈၇၂)ႏွစ္ ဖီဂ်ီအင္ပါယာ စတင္စဥ္၊ ပထမဆုံး ႀကိဳးေပးကြပ္မ်က္ဖုိ႔ အမိန္႔ခ်မွတ္ခံခဲ့ရသူကေတာ့ Franks အမည္ရ ရာဇဝတ္သားျဖစ္ပါတယ္။ ကံေကာင္းတာက ဖီဂ်ီအင္ပါယာအတြက္ ဒါက ပထမဆုံးျဖစ္သလုိ၊ လက္မရြံ႕ေတြအတြက္လည္း ပထမဆုံးပါတဲ့။ သူ႕ကုိ ေသဒဏ္ေပးမယ့္ေန႔မွာ မုိးေတြက သည္းသည္းမဲမဲ ရြာေနပါတယ္။

အဲဒီတုန္းက လည္ပင္းကိုစြပ္မယ့္ႀကိဳးကလည္း လုိတာထက္ ပုိၿပီးႀကီးေနသလုိ၊ မုိးေရေၾကာင့္ ေခ်ာ္ေနပါသတဲ့။ ေသဒဏ္ေပးမယ္လုပ္လုိက္၊ Franks က ႀကိဳးကြင္းကေန လြတ္ထြက္လုိက္နဲ႔ နာရီအေတာ္ၾကာတဲ့အထိ အထမေျမာက္ခဲ့ပါဘူး။ ဒီလုိနဲ႔ Franks က သူ႕ကို လႊတ္ေပးဖုိ႔ အသနားခံခဲ့တဲ့အတြက္ လႊတ္ေပးလုိက္တယ္လုိ႔ ဆုိပါတယ္။

(၂) အိမ္ေဖာ္မေလး Anne Greene

Anne ဟာ သူမအသက္ (၂၂)ႏွစ္အရြယ္ (၁၆၅၀)ခုႏွစ္မွာ ဆာဘြဲ႕ရေျမရွင္သူေဌးႀကီး Thomas Read ရဲ႕အိမ္မွာ အေစခံလုပ္ခဲ့ပါတယ္။ သူေဌးႀကီးရဲ႕ ေျမးက သူမကုိ ဗလကၠာယျပဳခဲ့ၿပီးေနာက္ ကိုယ္ဝန္ရခဲ့ပါတယ္။ ကုိယ္ဝန္ရွိတာမသိပဲ ေနလာခဲ့ရာ ကိုယ္ဝန္(၁၈)ပတ္မွ သူမက ရိပ္မိခဲ့တာပါ။ သူေဌးႀကီး အျပစ္ေပးတာကို ခံရမွာစုိးလုိ႔-

ဘဝတူ အိမ္ေဖာ္ေတြကို ကိုယ္ဝန္ကို နင္းၿပီး ဖ်က္ခုိင္းပါတယ္။ ကေလး ပ်က္သြားေပမယ့္ သတင္းက ေပါက္ၾကားသြားပါတယ္။ သက္ဆုိင္ရာက ကေလးကုိသတ္တာ လူသတ္တာပဲဆုိၿပီး Anne ကုိ ႀကိဳးေပးလိုက္ပါတယ္။ သူမရဲ႕အေလာင္းကို ေဆးဘက္ဆုိင္ရာ ေလ့လာဖုိ႔အတြက္ ေဆးေက်ာင္းကို လႊဲေပးခဲ့ပါတယ္။

ဒါေပမယ့္ အေလာင္းကို ေဆးဘက္ဆုိင္ရာအႀကီးအကဲက စစ္ေဆးခ်ိန္မွာ အသက္မေသေသးပါဘူး။ ဒါေၾကာင့္ သူမကုိ ကုသေပးၿပီး၊ တိတ္တိတ္ကေလး ဒီၿမိဳ႕မွာမေနဖုိ႔ ျပန္လႊတ္လုိက္ပါတယ္။ Anne ဟာ တစ္ျခားၿမိဳ႕ကုိေရာက္ရွိၿပီး အိမ္ေထာင္က် ကေလးေတြယူကာ သက္ဆုံးတုိင္ ေနႏုိင္ခဲ့ပါတယ္။

(၃) သေဘၤာသားမယား Maggie Dickson

Maggie ဟာ (၁၇၂၄)ခုႏွစ္က ေယာက္်ားျဖစ္သူ ပင္လယ္ရပ္ျခား ခရီးထြက္ေနခ်ိန္မွာ ကိုယ္ဝန္ရလာခဲ့ပါတယ္။ (ဘယ္သူနဲ႔ ရတယ္ဆုိတာ မေဖာ္ျပေပမယ့္ ေယာက္်ားက ရန္ျပဳမွာစုိးရိမ္လုိ႔) ကုိယ္ဝန္ကို ဖ်က္ခ်ခဲ့ပါတယ္။ သူမ ကိုယ္ဝန္ဖ်က္ခ်တာကို အရပ္က သိသြားတဲ့အခါ ၿမိဳ႕ဝန္ကို တုိင္ခဲ့ပါတယ္။ သူမကို ၿမိဳ႕ဝန္က ႀကိဳးေပးဖုိ႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။

 

သူမရဲ႕အေလာင္းကို ေဆြမ်ိဳးေတြက သခ်ႋဳင္းကို သယ္ေဆာင္လာခ်ိန္မွာ Maggie က ျပန္ရွင္လာခဲ့ပါတယ္။ ၿမိ႕ေတာ္ဝန္ကလည္း ဘုရားသခင္က ျပန္ေပးတဲ့အသက္လုိ႔ ယုံၾကည္ၿပီး အမႈကေန လႊတ္လုိက္ပါတယ္။ သူမဟာ ထုိစဥ္က ေသရြာျပန္လူသားအျဖစ္ နာမည္ႀကီးခဲ့ၿပီး Half-Hangit Maggie လုိ႔ အမည္တြင္ခဲ့ပါတယ္။ သူမဟာ ေနာက္ထပ္ ႏွစ္ေပါင္း (၄၀)အထိ အသက္ရွည္ခဲ့ပါတယ္။

(၄) သူခုိးဓားျပ သူပုန္မ Inetta de Balsham

(၁၂၆၄)ခုႏွစ္တုန္းက ပစၥည္းလုယက္ ခုိးဆုိးတဲ့ေနရာမွာ နာမည္ႀကီးခဲ့တဲ့ သူပုန္မႀကီး Inetta de Balsham ဟာ သူ႕ကုိ သက္ဆုိင္ရာက ဖမ္းမိေတာ့ ၾသဂုတ္လ (၁၆)ရက္၊ တနလၤာေန႔မနက္ (၉)နာရီမွာ သူမကို ကြပ္မ်က္ဖုိ႔ တာဝန္ရွိသူေတြက စီစဥ္ခဲ့ပါတယ္။ သူမကုိ သတ္ၿပီးေတာ့ ႀကိဳးစင္မွာ ခ်ိတ္ဆြဲထားခဲ့ၿပီး၊-

အဂၤါေန႔မနက္မွာ ျပန္ျဖဳတ္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ သူမက အသက္ရွင္ေနဆဲပါ။ Inetta de Balsham ကုိ အဂၤလန္ဘုရင္မင္းျမတ္ တတိယေျမာက္ဟင္နရီက သေဘာက်ေတာ္မူၿပီး အျပစ္ကေန လႊတ္ေပးကာ ဆုေတာ္လာဘ္ေတာ္ေတြေတာင္ ေပးသနားခဲ့ပါတယ္တဲ့။ ဒါေပမယ့္ ဆက္ၿပီး မခုိးေတာ့ဘူးဆုိတဲ့ ခံဝန္ေတာ့ ေပးခဲ့ရပါတယ္တဲ့။

(၅) မုဒိမ္းလူသတ္သမား Romell Broom

Broom ဟာ အခုမ်က္ေမွာက္ေခတ္မွာ ျပန္ေပးမႈ၊ မုဒိမ္းမႈ၊ လူသတ္မႈေတြေၾကာင့္ (၂၀၀၉)ခုမွာ ေသဒဏ္က်ခံခဲ့ရပါတယ္။ သူဟာ ပထမဆုံး ေဆးထုိးသတ္ခံရတဲ့တရားခံအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒါေပမယ့္ ေသဒဏ္က အထမေျမာက္ခဲ့ပါဘူး။ အေၾကာင္းကေတာ့ ေဆးထုိးသြင္းဖုိ႔ ေသြးျပန္ေၾကာရွာရာမွာ ရွာမေတြ႕လုိ႔ ျဖစ္သလုိ ထုိးသြင္းခဲ့တာပါ။

ေဆးဟာ အ႐ုိးကိုထိၿပီး၊ လူ သတိလစ္ေမ့ေျမာ႐ုံေလာက္သာ အစြမ္းျပပါေတာ့တယ္။ သူ႕ကို ေခတၱအခ်ဳပ္ထဲကို ျပန္ပုိ႔ခ်ိန္မွာ သူရဲ႕ေရွ႕ေနက Broom ဟာ ရက္စက္တဲ့အျပစ္ေပးမႈကေန ကံေကာင္းစြာ လြတ္ေျမာက္ခဲ့ေပမယ့္ အာဏာပိုင္ေတြက ထပ္ၿပီး ကြပ္မ်က္ဖုိ႔ႀကိဳးစားတာကို လက္မခံႏုိင္ဘူးလုိ႔ ေၾကညာခဲ့ပါတယ္။ Broom ရဲ႕ အယူခံေအာင္ျမင္ခဲ့ၿပီး၊ ႏွစ္ရွည္ေထာင္ဒဏ္ ေျပာင္းလဲခဲ့ရတယ္လုိ႔ သိရပါတယ္။

ေနသူရိန္ (D Nae Khit Media)

ရှေးယခင်တုန်းကတော့ ရာဇဝတ်သားတွေကို ကွပ်မျက်တဲ့အခါ နည်းအမျိုးမျိုး သုံးကြပါတယ်။ ခေါင်းဖြတ်သတ်တာတို့၊ ကြေးရုပ်ကြီးတွေထဲထည့်ပြီး၊ မီးဖုတ်သတ်တာတို့၊ ကားစင်တင်တာတို့၊ လွှနဲ့တိုက်ဖျက်သတ်တာတို့၊ တစစ အရေခွံခွာပြီး ညှဉ်းသတ်တာတို့ဟာ ထင်ရှားတဲ့ သေဒဏ်စီရင်နည်းတွေပါ။

အခု ဖော်ပြမှာကတော့ ကြိုးပေးခံရပေမယ့် အသက်ရှင်ခဲ့တဲ့ လူထူးဆန်းတွေအကြောင်း သမိုင်းမှာဖြစ်ခဲ့တဲ့ အထင်ကရဖြစ်ရပ်တွေကို D Khit ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှချင်ပါတယ်။

(၁) ရာဇဝတ်သား Franks

သက္ကရာဇ် (၁၈၇၂)နှစ် ဖီဂျီအင်ပါယာ စတင်စဉ်၊ ပထမဆုံး ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချမှတ်ခံခဲ့ရသူကတော့ Franks အမည်ရ ရာဇဝတ်သားဖြစ်ပါတယ်။ ကံကောင်းတာက ဖီဂျီအင်ပါယာအတွက် ဒါက ပထမဆုံးဖြစ်သလို၊ လက်မရွံ့တွေအတွက်လည်း ပထမဆုံးပါတဲ့။ သူ့ကို သေဒဏ်ပေးမယ့်နေ့မှာ မိုးတွေက သည်းသည်းမဲမဲ ရွာနေပါတယ်။

အဲဒီတုန်းက လည်ပင်းကိုစွပ်မယ့်ကြိုးကလည်း လိုတာထက် ပိုပြီးကြီးနေသလို၊ မိုးရေကြောင့် ချော်နေပါသတဲ့။ သေဒဏ်ပေးမယ်လုပ်လိုက်၊ Franks က ကြိုးကွင်းကနေ လွတ်ထွက်လိုက်နဲ့ နာရီအတော်ကြာတဲ့အထိ အထမမြောက်ခဲ့ပါဘူး။ ဒီလိုနဲ့ Franks က သူ့ကို လွှတ်ပေးဖို့ အသနားခံခဲ့တဲ့အတွက် လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

(၂) အိမ်ဖော်မလေး Anne Greene

Anne ဟာ သူမအသက် (၂၂)နှစ်အရွယ် (၁၆၅၀)ခုနှစ်မှာ ဆာဘွဲ့ရမြေရှင်သူဌေးကြီး Thomas Read ရဲ့အိမ်မှာ အစေခံလုပ်ခဲ့ပါတယ်။ သူဌေးကြီးရဲ့ မြေးက သူမကို ဗလက္ကာယပြုခဲ့ပြီးနောက် ကိုယ်ဝန်ရခဲ့ပါတယ်။ ကိုယ်ဝန်ရှိတာမသိပဲ နေလာခဲ့ရာ ကိုယ်ဝန်(၁၈)ပတ်မှ သူမက ရိပ်မိခဲ့တာပါ။ သူဌေးကြီး အပြစ်ပေးတာကို ခံရမှာစိုးလို့-

ဘဝတူ အိမ်ဖော်တွေကို ကိုယ်ဝန်ကို နင်းပြီး ဖျက်ခိုင်းပါတယ်။ ကလေး ပျက်သွားပေမယ့် သတင်းက ပေါက်ကြားသွားပါတယ်။ သက်ဆိုင်ရာက ကလေးကိုသတ်တာ လူသတ်တာပဲဆိုပြီး Anne ကို ကြိုးပေးလိုက်ပါတယ်။ သူမရဲ့အလောင်းကို ဆေးဘက်ဆိုင်ရာ လေ့လာဖို့အတွက် ဆေးကျောင်းကို လွှဲပေးခဲ့ပါတယ်။

ဒါပေမယ့် အလောင်းကို ဆေးဘက်ဆိုင်ရာအကြီးအကဲက စစ်ဆေးချိန်မှာ အသက်မသေသေးပါဘူး။ ဒါကြောင့် သူမကို ကုသပေးပြီး၊ တိတ်တိတ်ကလေး ဒီမြို့မှာမနေဖို့ ပြန်လွှတ်လိုက်ပါတယ်။ Anne ဟာ တစ်ခြားမြို့ကိုရောက်ရှိပြီး အိမ်ထောင်ကျ ကလေးတွေယူကာ သက်ဆုံးတိုင် နေနိုင်ခဲ့ပါတယ်။

(၃) သင်္ဘောသားမယား Maggie Dickson

Maggie ဟာ (၁၇၂၄)ခုနှစ်က ယောက်ျားဖြစ်သူ ပင်လယ်ရပ်ခြား ခရီးထွက်နေချိန်မှာ ကိုယ်ဝန်ရလာခဲ့ပါတယ်။ (ဘယ်သူနဲ့ ရတယ်ဆိုတာ မဖော်ပြပေမယ့် ယောက်ျားက ရန်ပြုမှာစိုးရိမ်လို့) ကိုယ်ဝန်ကို ဖျက်ချခဲ့ပါတယ်။ သူမ ကိုယ်ဝန်ဖျက်ချတာကို အရပ်က သိသွားတဲ့အခါ မြို့ဝန်ကို တိုင်ခဲ့ပါတယ်။ သူမကို မြို့ဝန်က ကြိုးပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

သူမရဲ့အလောင်းကို ဆွေမျိုးတွေက သချႋုင်းကို သယ်ဆောင်လာချိန်မှာ Maggie က ပြန်ရှင်လာခဲ့ပါတယ်။ မြိ့တော်ဝန်ကလည်း ဘုရားသခင်က ပြန်ပေးတဲ့အသက်လို့ ယုံကြည်ပြီး အမှုကနေ လွှတ်လိုက်ပါတယ်။ သူမဟာ ထိုစဉ်က သေရွာပြန်လူသားအဖြစ် နာမည်ကြီးခဲ့ပြီး Half-Hangit Maggie လို့ အမည်တွင်ခဲ့ပါတယ်။ သူမဟာ နောက်ထပ် နှစ်ပေါင်း (၄၀)အထိ အသက်ရှည်ခဲ့ပါတယ်။

(၄) သူခိုးဓားပြ သူပုန်မ Inetta de Balsham

(၁၂၆၄)ခုနှစ်တုန်းက ပစ္စည်းလုယက် ခိုးဆိုးတဲ့နေရာမှာ နာမည်ကြီးခဲ့တဲ့ သူပုန်မကြီး Inetta de Balsham ဟာ သူ့ကို သက်ဆိုင်ရာက ဖမ်းမိတော့ သြဂုတ်လ (၁၆)ရက်၊ တနင်္လာနေ့မနက် (၉)နာရီမှာ သူမကို ကွပ်မျက်ဖို့ တာဝန်ရှိသူတွေက စီစဉ်ခဲ့ပါတယ်။ သူမကို သတ်ပြီးတော့ ကြိုးစင်မှာ ချိတ်ဆွဲထားခဲ့ပြီး၊-

အင်္ဂါနေ့မနက်မှာ ပြန်ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့် သူမက အသက်ရှင်နေဆဲပါ။ Inetta de Balsham ကို အင်္ဂလန်ဘုရင်မင်းမြတ် တတိယမြောက်ဟင်နရီက သဘောကျတော်မူပြီး အပြစ်ကနေ လွှတ်ပေးကာ ဆုတော်လာဘ်တော်တွေတောင် ပေးသနားခဲ့ပါတယ်တဲ့။ ဒါပေမယ့် ဆက်ပြီး မခိုးတော့ဘူးဆိုတဲ့ ခံဝန်တော့ ပေးခဲ့ရပါတယ်တဲ့။

(၅) မုဒိမ်းလူသတ်သမား Romell Broom

Broom ဟာ အခုမျက်မှောက်ခေတ်မှာ ပြန်ပေးမှု၊ မုဒိမ်းမှု၊ လူသတ်မှုတွေကြောင့် (၂၀၀၉)ခုမှာ သေဒဏ်ကျခံခဲ့ရပါတယ်။ သူဟာ ပထမဆုံး ဆေးထိုးသတ်ခံရတဲ့တရားခံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် သေဒဏ်က အထမမြောက်ခဲ့ပါဘူး။ အကြောင်းကတော့ ဆေးထိုးသွင်းဖို့ သွေးပြန်ကြောရှာရာမှာ ရှာမတွေ့လို့ ဖြစ်သလို ထိုးသွင်းခဲ့တာပါ။

ဆေးဟာ အရိုးကိုထိပြီး၊ လူ သတိလစ်မေ့မြောရုံလောက်သာ အစွမ်းပြပါတော့တယ်။ သူ့ကို ခေတ္တအချုပ်ထဲကို ပြန်ပို့ချိန်မှာ သူရဲ့ရှေ့နေက Broom ဟာ ရက်စက်တဲ့အပြစ်ပေးမှုကနေ ကံကောင်းစွာ လွတ်မြောက်ခဲ့ပေမယ့် အာဏာပိုင်တွေက ထပ်ပြီး ကွပ်မျက်ဖို့ကြိုးစားတာကို လက်မခံနိုင်ဘူးလို့ ကြေညာခဲ့ပါတယ်။ Broom ရဲ့ အယူခံအောင်မြင်ခဲ့ပြီး၊ နှစ်ရှည်ထောင်ဒဏ် ပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။

နေသူရိန် (D Nae Khit Media)