မျက်လုံး ကြည့်မကောင်းလို့ ဆရာဝန် သွားပြတဲ့အခါ မျက်လုံးထဲမှာ တွေ့လိုက်ရတဲ့ သတ္တဝါ

376

အမ်ိဳးသားတစ္ေယာက္ဟာ မ်က္လုံးက အလြန္ယားယံေနၿပီး၊ ၾကည့္လုိ႔လည္း မေကာင္းတဲ့အတြက္ မ်က္စိဆရာဝန္ထံ သြားျပခဲ့ပါတယ္။ ဆရာဝန္ကလည္း အေသးစိတ္ စစ္ေဆးၿပီး ၾကည့္လုိက္တဲ့အခါမွာေတာ့ ထူးဆန္းတဲ့ သတၱဝါတစ္ေကာင္ကို မ်က္ၾကည္လႊာေပၚမွာ ေတြ႕လုိက္ရတာပါ။

လူနာအမည္ကေတာ့ Chris Prater ျဖစ္ၿပီး၊ အေမရိကန္ Kentucky မွာ ေနထိုင္ပါတယ္။ သူဟာ လွ်ပ္စစ္အင္ဂ်င္နီယာတစ္ဦးျဖစ္ၿပီး၊ အခုလ အေစာပုိင္းက သူဟာ လုပ္ငန္းသေဘာအရ သစ္ပင္ေတြကုိ ျဖတ္ေတာက္ခဲ့ရပါတယ္။ အဲဒီေနာက္ မ်က္လုံးက ၾကည့္မေကာင္းေတာ့တာပါ။

အစကေတာ့ သူလည္း သစ္ပင္ကေနထြက္တဲ့ လႊစာမႈန္႔ေတြ သူ႕မ်က္လုံးထဲ ဝင္ေနခဲ့တာလုိ႔ ထင္ေနခဲ့ပါတယ္။ ဒီလုိနဲ႔ ဆရာဝန္ကို ျပသလုိက္တဲ့အခါမွာေတာ့ သူ ထင္တာ မွားတယ္ဆုိတာ သိလုိက္ရတာပါ။ သူ႕ မ်က္ၾကည္လႊာေပၚမွာ မႊားတစ္ေကာင္ ေရာက္ေနပါတယ္။

မႊားဆုိတာ ႏြားတုိ႔၊ ျမင္းတုိ႔မွာ က်တတ္တဲ့ သန္းပုံစံ အင္းဆက္တစ္မ်ိဳးပါဘဲ။ သန္းထက္ေတာ့ အေကာင္ေရႀကီးၿပီး၊ တစ္ခါတေလ တစ္ကုိယ္ေရသန္႔ရွင္းမႈ အားနည္းတဲ့ လူေတြမွာလည္း က်ေရာက္တတ္ပါတယ္။ အခုလည္း အဲဒီမႊားေလးကို ေဒါက္တာက ဇာဂနာနဲ႔ ဖယ္ေပးခဲ့ရတာပါ။

မ်က္လုံးထဲကို ဒီသတၱဝါ ဘယ္လုိ ေရာက္ေနတယ္ဆုိတာကေတာ့ အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ သစ္ေခါက္ေတြထဲကန လႊျဖတ္တုန္း လြင့္စင္ၿပီး ေရာက္လာတာ ျဖစ္ႏုိင္သလုိ၊ ျမင္းေတြ၊ ႏြားေတြကို ကိုင္မိရာကတစ္ဆင့္ ကူးစက္တာလည္း ျဖစ္ႏုိင္ပါတယ္။

ေနသူရိန္ (D Nae Khit)

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အမျိုးသားတစ်ယောက်ဟာ မျက်လုံးက အလွန်ယားယံနေပြီး၊ ကြည့်လို့လည်း မကောင်းတဲ့အတွက် မျက်စိဆရာဝန်ထံ သွားပြခဲ့ပါတယ်။ ဆရာဝန်ကလည်း အသေးစိတ် စစ်ဆေးပြီး ကြည့်လိုက်တဲ့အခါမှာတော့ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို မျက်ကြည်လွှာပေါ်မှာ တွေ့လိုက်ရတာပါ။

လူနာအမည်ကတော့ Chris Prater ဖြစ်ပြီး၊ အမေရိကန် Kentucky မှာ နေထိုင်ပါတယ်။ သူဟာ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး၊ အခုလ အစောပိုင်းက သူဟာ လုပ်ငန်းသဘောအရ သစ်ပင်တွေကို ဖြတ်တောက်ခဲ့ရပါတယ်။ အဲဒီနောက် မျက်လုံးက ကြည့်မကောင်းတော့တာပါ။

အစကတော့ သူလည်း သစ်ပင်ကနေထွက်တဲ့ လွှစာမှုန့်တွေ သူ့မျက်လုံးထဲ ဝင်နေခဲ့တာလို့ ထင်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဆရာဝန်ကို ပြသလိုက်တဲ့အခါမှာတော့ သူ ထင်တာ မှားတယ်ဆိုတာ သိလိုက်ရတာပါ။ သူ့ မျက်ကြည်လွှာပေါ်မှာ မွှားတစ်ကောင် ရောက်နေပါတယ်။

မွှားဆိုတာ နွားတို့၊ မြင်းတို့မှာ ကျတတ်တဲ့ သန်းပုံစံ အင်းဆက်တစ်မျိုးပါဘဲ။ သန်းထက်တော့ အကောင်ရေကြီးပြီး၊ တစ်ခါတလေ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ လူတွေမှာလည်း ကျရောက်တတ်ပါတယ်။ အခုလည်း အဲဒီမွှားလေးကို ဒေါက်တာက ဇာဂနာနဲ့ ဖယ်ပေးခဲ့ရတာပါ။

မျက်လုံးထဲကို ဒီသတ္တဝါ ဘယ်လို ရောက်နေတယ်ဆိုတာကတော့ အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ သစ်ခေါက်တွေထဲကန လွှဖြတ်တုန်း လွင့်စင်ပြီး ရောက်လာတာ ဖြစ်နိုင်သလို၊ မြင်းတွေ၊ နွားတွေကို ကိုင်မိရာကတစ်ဆင့် ကူးစက်တာလည်း ဖြစ်နိုင်ပါတယ်။

နေသူရိန် (D Nae Khit)