ဘန်ကောက်မြို့က နှစ် (၃၀) အတွင်း ရေအောက် ရောက်သွားမယ်လို့ ပညာရှင်အဖွဲ့ ပြော

267
PHOTO: The Nation/Asia News Network

“ရာသီဥတု ဗဟုပြုအဖွဲ့၊ Climate Central” က ထိုင်းနိုင်ငံမြို့တော်၊ ဘန်ကောက်မြို့ဟာ ပင်လယ်ရေ မျက်နှာပြင် မြင့်တတ်လာမှုကြောင့် လာမယ့် နှစ် (၃၀) အတွင်း၊ ရေအောက် ရောက်သွားလိမ့်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

လေ့လာမှုအရ၊ ပင်လယ်ရေ မျက်နှာပြင်ဟာ လက်ရှိ ရာစုနှစ်အတွင်း (ဝ.၆) နဲ့ (၂.၁) မိတာကြား (သို့) ဒီထက်မက မြင့်တတ်လာနိုင်ချေ ရှိတယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

လက်ရှိမှာတောင် ဘန်ကောက်မြို့က ရေကြီးမှုကြောင့် တစ်နှစ်မှာ လူ (၃၀၀) ကျော် ဒုက္ခခံနေကြရပြီး အရင်ကထက်စာရင် ရေကြီးမှုဒဏ်ကို ပို ခံနေကြရပါတယ်။

ဒီလေ့လာမှုကို Climate Central အဖွဲ့ရဲ့ အကြီးတန် သိပ္ပံပညာရှင် နဲ့ သုသေသန အဖွဲ့ ခေါင်းဆောင် Dr Scott Kulp က ဦးဆောင်ခဲ့ပါတယ်။ သူက “Artificial Intelligence” ကို အသုံးပြုပြီး လေ့လာမှု လုပ်ခဲ့တာပါလို့ ပြောသွားခဲ့ပါတယ်။

PHOTO: The Nation/Asia News Network

Dr Scott Kulp က တရုတ်နိုင်ငံ၊ ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နဲ့ ထိုင်းနိုင်ငံတို့မှာ ရေကြီးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ လေ့လာမှုမှာ၊ စင်ကာပူနိုင်ငံဟာ လာမယ့် နှစ် (၃၀)၊ (၂၀၅၀) ခုနှစ်မှာ ရေအောက်ထဲ ရောက်သွားလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက ဟိုချီမင်မြို့ရဲ့ နေရာဒေသ အများစုလည်း ရေအောက် ရောက်သွားမယ်လို့ ဖော်ပြသွားပါတယ်။အင်ဒိုနီးရှားနိုင်ငံဟာ တစ်လောက၊ နိုင်ငံရဲ့ မြို့တော်ကို Jakarta က East Kalimanta ကို ပြောင်းလဲသွားပါတယ်။

ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အသစ် East Kialimanta ဟာ Borneo Island မှာ ရှိနေတာကြောင့် အလွန် အန္တာရာများတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုလေ့လာမှုကို အောက်တိုဘာလ(၂၉) ရက်နေ့က “Nature Communications” ဂျာနယ်မှာ အခိုင်အမာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ko Khant ( D Nae Khit Media )

“ရာသီဥတု ဗဟုျပဳအဖဲြ႔၊ Climate Central” က ထုိင္းႏုိင္ငံၿမိဳ႕ေတာ္၊ ဘန္ေကာက္ၿမိဳ႕ဟာ ပင္လယ္ေရ မ်က္ႏွာျပင္ ျမင့္တတ္လာမႈေၾကာင့္ လာမယ့္ ႏွစ္ (၃၀) အတြင္း၊ ေရေအာက္ ေရာက္သြားလိမ့္မယ္လုိ႔ ေဖာ္ျပသြားခဲ့ပါတယ္။

ေလ့လာမႈအရ၊ ပင္လယ္ေရ မ်က္ႏွာျပင္ဟာ လက္ရွိ ရာစုႏွစ္အတြင္း (၀.၆) နဲ႔ (၂.၁) မိတာၾကား (သုိ႔) ဒီထက္မက ျမင့္တတ္လာႏုိင္ေခ် ရွိတယ္လုိ႔ ထုတ္ျပန္သြားခဲ့ပါတယ္။

လက္ရွိမွာေတာင္ ဘန္ေကာက္ၿမိဳ႕က ေရႀကီးမႈေၾကာင့္ တစ္ႏွစ္မွာ လူ (၃၀၀) ေက်ာ္ ဒုကၡခံေနၾကရၿပီး အရင္ကထက္စာရင္ ေရႀကီးမႈဒဏ္ကုိ ပုိ ခံေနၾကရပါတယ္။

ဒီေလ့လာမႈကုိ Climate Central အဖဲြ႔ရဲ႕ အႀကီးတန္ သိပၸံပညာရွင္ နဲ႔ သုေသသန အဖဲြ႔ ေခါင္းေဆာင္ Dr Scott Kulp က ဦးေဆာင္ခဲ့ပါတယ္။ သူက “Artificial Intelligence” ကို အသုံးျပဳၿပီး ေလ့လာမႈ လုပ္ခဲ့တာပါလုိ႔ ေျပာသြားခဲ့ပါတယ္။

Dr Scott Kulp က တရုတ္ႏုိင္ငံ၊ ဘဂၤလာေဒ့ခ်္ႏုိင္ငံ၊ အိႏိၵယႏုိင္ငံ၊ ဗီယက္နမ္ႏုိင္ငံ၊ အင္ဒုိနီးရွားႏုိင္ငံ နဲ႔ ထုိင္းႏုိင္ငံတုိ႔မွာ ေရႀကီးလိမ့္မယ္လုိ႔ ေျပာခဲ့ပါတယ္။ ေလ့လာမႈမွာ၊ စင္ကာပူႏုိင္ငံဟာ လာမယ့္ ႏွစ္ (၃၀)၊ (၂၀၅၀) ခုႏွစ္မွာ ေရေအာက္ထဲ ေရာက္သြားလိမ့္မယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

ဗီယက္နမ္ႏုိင္ငံက ဟုိခ်ီမင္ၿမို႕ရဲ႕ ေနရာေဒသ အမ်ားစုလည္း ေရေအာက္ ေရာက္သြားမယ္လုိ႔ ေဖာ္ျပသြားပါတယ္။အင္ဒုိနီးရွားႏုိင္ငံဟာ တစ္ေလာက၊ ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ကုိ Jakarta က East Kalimanta ကုိ ေျပာင္းလဲသြားပါတယ္။

ဒါေပမဲ့ အင္ဒုိနီးရွားႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္အသစ္ East Kialimanta ဟာ Borneo Island မွာ ရွိေနတာေၾကာင့္ အလြန္ အႏၱာရာမ်ားတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ အခုေလ့လာမႈကုိ ေအာက္တုိဘာလ(၂၉) ရက္ေန႔က “Nature Communications” ဂ်ာနယ္မွာ အခုိင္အမာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

Ko Khant ( D Nae Khit Media )