စိတ်မနှံ့တဲ့သမီးကို စောင့်ရှောက်ဖို့ တစ်နေကုန်ရေထဲနေပြီး စျေးရောင်းနေရတဲ့အဖွား

25

သက်ကြီးရွယ်အိုတွေ လုပ်စားနေရတာ၊ ငွေကြေးအတွက် တောင်းရမ်းနေရတာကို မြင်တိုင်း တော်တော်များများ စိတ်မကောင်း ဖြစ်မိကြမှာ အမှန်ပါဘဲ။ အခုလည်း အဖွားအိုကြီးတစ်ယောက်ဟာ အိုကြီးအိုမအရွယ်မှာတောင် အနားမယူအား ပင်လယ်ရေထဲမှာ တစ်နေကုန်နေပြီး စျေးရောင်းနေရပါတယ်။

အဖွားဟာ စိတ်မနှံ့တဲ့မွေးစားသမီးကို စောင့်ရှောက်နေရသူဖြစ်လို့ သူမသာ စျေးရောင်းနားလိုက်ရင် သားအမိနှစ်ယောက် စားစရာ ရှိမှာမဟုတ်ပါဘူး။ အဖွားဟာ အခုဆိုရင် (၈၅)နှစ် ရှိနေပါပြီ။ ဗီယက်နမ်နိုင်ငံက ပင်လယ်ကမ်းစပ်တစ်ခုမှာ ခရီးသွားတွေကို ပင်လယ်စာရောင်းပါတယ်။

အဖွားနာမည်ကတော့ ငုရင်သီရိုဖြစ်ပါတယ်။ မွေးစားသမီးဆိုပေမယ့် သူမရဲ့ သမီးအရင်းလိုပါဘဲ။ အဖွားရဲဲ့မွေးစားသမီးဟာ အသက်(၆၁)နှစ် ရှိနေပါပြီ၊ လွန်ခဲ့တဲ့နှစ်များစွာက အဖွားရဲ့ခင်ပွန်းက သေဆုံးသွားခဲ့ပြီမို့ အဲဒီအချိန်ကတည်းက မွေးစားသမီးကို စောင့်ရှောက်လာခဲ့ရတာပါ။

အဖွားငုရင်သီရိုဟာ ရာသီဥတုကြမ်းတမ်းလွန်းတဲ့ ဆောင်းလိုနွေလို ရာသီမှာတောင် မနားအားရှာပါဘူး။ နွေဆိုရင် ရေတိမ်ပိုင်း ပင်လယ်ကမ်းစပ်က ရေတွေအလွန်ပူပြီး၊ ဆောင်းဆိုရင် ရေခဲတမျှ အေးပါတယ်။ ဒါပေမယ့် အဖွားကတော့ မမှုနိုင်ပါဘူး။ သူအတွက်တော့ ဒါကို ရိုးနေပါပြီ။

ခရုတွေ၊ ဂုံးတွေ၊ ယောက်သွားတွေ၊ တစ်ခါတလေ တစ်ဆင့်ပြန်ယူရတဲ့စျေးသည်တွေက ငါးတွေ၊ ပုဇွန်တုပ်တွေ သနားသဖြင့် ချီးမြင့်တတ်လို့ တစ်နေ့ရှာတာ တစ်နေ့အတွက်တော့ လောက်ငနေပါတယ်။ အဖွားကို ကူညီဖို့လည်း လူမှုကွန်ရက်ကတစ်ဆင့် အကူအညီတွေ ရှာပေးနေပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

သက္ႀကီးရြယ္အုိေတြ လုပ္စားေနရတာ၊ ေငြေၾကးအတြက္ ေတာင္းရမ္းေနရတာကို ျမင္တုိင္း ေတာ္ေတာ္မ်ားမ်ား စိတ္မေကာင္း ျဖစ္မိၾကမွာ အမွန္ပါဘဲ။ အခုလည္း အဖြားအုိႀကီးတစ္ေယာက္ဟာ အုိႀကီးအုိမအရြယ္မွာေတာင္ အနားမယူအား ပင္လယ္ေရထဲမွာ တစ္ေနကုန္ေနၿပီး ေစ်းေရာင္းေနရပါတယ္။

အဖြားဟာ စိတ္မႏွံ႔တဲ့ေမြးစားသမီးကို ေစာင့္ေရွာက္ေနရသူျဖစ္လုိ႔ သူမသာ ေစ်းေရာင္းနားလုိက္ရင္ သားအမိႏွစ္ေယာက္ စားစရာ ရွိမွာမဟုတ္ပါဘူး။ အဖြားဟာ အခုဆုိရင္ (၈၅)ႏွစ္ ရွိေနပါၿပီ။ ဗီယက္နမ္ႏုိင္ငံက ပင္လယ္ကမ္းစပ္တစ္ခုမွာ ခရီးသြားေတြကို ပင္လယ္စာေရာင္းပါတယ္။

အဖြားနာမည္ကေတာ့ ငုရင္သီ႐ုိျဖစ္ပါတယ္။ ေမြးစားသမီးဆုိေပမယ့္ သူမရဲ႕ သမီးအရင္းလုိပါဘဲ။ အဖြားရဲဲ႕ေမြးစားသမီးဟာ အသက္(၆၁)ႏွစ္ ရွိေနပါၿပီ၊ လြန္ခဲ့တဲ့ႏွစ္မ်ားစြာက အဖြားရဲ႕ခင္ပြန္းက ေသဆုံးသြားခဲ့ၿပီမုိ႔ အဲဒီအခ်ိန္ကတည္းက ေမြးစားသမီးကို ေစာင့္ေရွာက္လာခဲ့ရတာပါ။

အဖြားငုရင္သီ႐ုိဟာ ရာသီဥတုၾကမ္းတမ္းလြန္းတဲ့ ေဆာင္းလုိေႏြလုိ ရာသီမွာေတာင္ မနားအားရွာပါဘူး။ ေႏြဆုိရင္ ေရတိမ္ပုိင္း ပင္လယ္ကမ္းစပ္က ေရေတြအလြန္ပူၿပီး၊ ေဆာင္းဆုိရင္ ေရခဲတမွ် ေအးပါတယ္။ ဒါေပမယ့္ အဖြားကေတာ့ မမႈႏုိင္ပါဘူး။ သူအတြက္ေတာ့ ဒါကုိ ႐ုိးေနပါၿပီ။

ခ႐ုေတြ၊ ဂုံးေတြ၊ ေယာက္သြားေတြ၊ တစ္ခါတေလ တစ္ဆင့္ျပန္ယူရတဲ့ေစ်းသည္ေတြက ငါးေတြ၊ ပုဇြန္တုပ္ေတြ သနားသျဖင့္ ခ်ီးျမင့္တတ္လုိ႔ တစ္ေန႔ရွာတာ တစ္ေန႔အတြက္ေတာ့ ေလာက္ငေနပါတယ္။ အဖြားကို ကူညီဖုိ႔လည္း လူမႈကြန္ရက္ကတစ္ဆင့္ အကူအညီေတြ ရွာေပးေနပါတယ္။

လင္းေဇာ္ကို (D Nae Khit)