ICJ အမိန့်ချမယ့်နေ့မှာ တရုတ်က မြန်မာနဲ့အတူ အမြဲရှိနေမယ်လို့ ထုတ်ပြန်

235

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာကို ကြားဖြတ်အရေးယူမယ့်အစီအစဉ် ချမှတ်မယ့် ဒီနေ့ မနက်ပိုင်းမှာပဲ “စတင်တာ အရမ်းစောတယ်” လို့ မပြောလိုက်ပါနဲ့ ဘယ်ကိုပဲသွားသွား ခင်များရဲ့ အနီးကပ်မိတ်ဆွေတွေက ခင်ဗျားအနားရှိနေမှာပါ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်မှာ နိုင်ငံတကာတရားရုံး ICJ က မြန်မာကို ကြားဖြတ် အရေးယူဆုံးဖြတ်ချက် ချမှတ်သင့်၊ မသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့ခေါင်းဆောင်တွေက သမ္မတ ရှီကျင့်ဖျင်ရဲ့ခရီးစဉ်မှာ နိုင်ငံတချို့ဟာ လူ့အခွင့်ရေး၊ ဘာသာရေးနဲ့ တိုင်းရင်းသားအရေးကို အကြောင်းပြပြီး ပြည်တွင်းရေးကို ရည်ရွယ်ချက်ရှိရှိ စွက်ဖက်နေကြတယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ဟာ မြန်မာအပေါ် နှစ်ပေါင်းများစွာ နားလည်မှုရှိရှိနဲ့ နှစ်နိုင်ငံဆက်ဆံရေးသာမက နိုင်ငံတကာအရေးမှာပါ ဆက်ဆံတဲ့အတွက် မြန်မာလူထုက အမြဲအမှတ်တရရှိနေမှာဖြစ်ကြောင်း အားတက်သရော ပြောဆိုခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကယ်စင်မြင့်ပေါ်မှာ မြန်မာနိုင်ငံရဲ့အချုပ်အချာ ရပ်တည်ပိုင်ခွင့်နဲ့ နိုင်ငံ့ပုံရိပ်၊ အကျိုးစီးပွား ရပ်တည်ချက်တွေကို တရုတ်နိုင်ငံဘက်က ဆက်လက်ပြီး ထောက်ခံနေမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ သမ္မတချီကျင့်ဖျင်ဟာ ၂၀၂၀ နှစ်အစပိုင်းမှာ မြန်မာနိုင်ငံကို စတင်လည်ပတ်ခဲ့တာမို့လို့ နှစ်နိုင်ငံဆက်ဆံရေး အစကောင်းတဲ့သဘောလည်း ရေးထားပါတယ်။

တရုတ်-မြန်မာ နှစ် ၇၀ ပြည့် ဆက်ဆံရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ နှစ်နိုင်ငံခေါင်းဆောင်းတွေဟာ ၂၀၂၀ ကို ယဉ်ကျေးမှုအမွေအနှစ်နှင့် ခရီးသွားနှစ်အဖြစ် သတ်မှတ်ပြီးတော့ ပညာရေး၊ ယဉ်ကျေးမှုနဲ့ တခြားအစီအစဉ် ၇၀ ကျော် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို သိသာစွာပြောင်းလဲစေရေး ရည်ရွယ်ပြီးတော့ တရုတ်-မြန်မာ အသိုင်းအဝိုင်းတည်ဆောက်ဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေ ဆုံးဖြတ်ကြခဲ့တယ်လို့ တရုတ်
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့ပါတယ်။

~~~~~~~~~~~~~

ႏိုင္ငံတကာတရား႐ုံး ICJ မွာ ျမန္မာကို ၾကားျဖတ္အေရးယူမယ့္အစီအစဥ္ ခ်မွတ္မယ့္ ဒီေန႔ မနက္ပိုင္းမွာပဲ “စတင္တာ အရမ္းေစာတယ္” လို႔ မေျပာလိုက္ပါနဲ႔ ဘယ္ကိုပဲသြားသြား ခင္မ်ားရဲ႕ အနီးကပ္မိတ္ေဆြေတြက ခင္ဗ်ားအနားရွိေနမွာပါ” လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ဒီေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန ၃ နာရီ၀န္းက်င္မွာ ႏုိင္ငံတကာတရားရုံး ICJ က ျမန္မာကုိ ၾကားျဖတ္ အေရးယူဆုံးျဖတ္ခ်က္ ခ်မွတ္သင့္၊ မသင့္ ဆုံးျဖတ္မွာျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ျမန္မာ့ေခါင္းေဆာင္ေတြက သမၼတ ရွီက်င့္ဖ်င္ရဲ႕ခရီးစဥ္မွာ ႏိုင္ငံတခ်ိဳ႕ဟာ လူ႔အခြင့္ေရး၊ ဘာသာေရးနဲ႔ တိုင္းရင္းသားအေရးကို အေၾကာင္းျပၿပီး ျပည္တြင္းေရးကို ရည္႐ြယ္ခ်က္ရွိရွိ စြက္ဖက္ေနၾကတယ္လို႔ ေျပာဆိုခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

သမၼတ ရွီက်င့္ဖ်င္နဲ႔ ေတြ႕ဆုံတဲ့အခါ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က တ႐ုတ္ဟာ ျမန္မာအေပၚ ႏွစ္ေပါင္းမ်ားစြာ နားလည္မႈရွိရွိနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးသာမက ႏိုင္ငံတကာအေရးမွာပါ ဆက္ဆံတဲ့အတြက္ ျမန္မာလူထုက အၿမဲအမွတ္တရရွိေနမွာျဖစ္ေၾကာင္း အားတက္သေရာ ေျပာဆိုခဲ့တယ္လို႔လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုပါတယ္။

ဒါ့အျပင္ ႏိုင္ငံတကယ္စင္ျမင့္ေပၚမွာ ျမန္မာႏိုင္ငံရဲ႕အခ်ဳပ္အခ်ာ ရပ္တည္ပိုင္ခြင့္နဲ႔ ႏိုင္ငံ့ပုံရိပ္၊ အက်ိဳးစီးပြား ရပ္တည္ခ်က္ေတြကို တ႐ုတ္ႏိုင္ငံဘက္က ဆက္လက္ၿပီး ေထာက္ခံေနမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္။ သမၼတခ်ီက်င့္ဖ်င္ဟာ ၂၀၂၀ ႏွစ္အစပိုင္းမွာ ျမန္မာႏိုင္ငံကို စတင္လည္ပတ္ခဲ့တာမို႔လို႔ ႏွစ္ႏိုင္ငံဆက္ဆံေရး အစေကာင္းတဲ့သေဘာလည္း ေရးထားပါတယ္။

တ႐ုတ္-ျမန္မာ ႏွစ္ ၇၀ ျပည့္ ဆက္ဆံေရးကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ႏွစ္ႏိုင္ငံေခါင္းေဆာင္းေတြဟာ ၂၀၂၀ ကို ယဥ္ေက်းမႈအေမြအႏွစ္ႏွင့္ ခရီးသြားႏွစ္အျဖစ္ သတ္မွတ္ၿပီးေတာ့ ပညာေရး၊ ယဥ္ေက်းမႈနဲ႔ တျခားအစီအစဥ္ ၇၀ ေက်ာ္ က်င္းပဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို သိသာစြာေျပာင္းလဲေစေရး ရည္႐ြယ္ၿပီးေတာ့ တ႐ုတ္-ျမန္မာ အသိုင္းအဝိုင္းတည္ေဆာက္ဖို႔လည္း ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ ဆုံးျဖတ္ၾကခဲ့တယ္လို႔ တ႐ုတ္
ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ေျပာဆိုခဲ့ပါတယ္။

RFA Burmese