ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုအစ “လင်းနို့စွပ်ပြုတ်”ကဖြစ်ကြောင်း ပညာရှင်များ အသိပေး

993

အခုဆိုရင် တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ဝူဟန်ဗိုင်းရပ်လို့ အလွယ်ခေါ်တဲ့ 2019 Novel Coronavirus (2019-nCoV) ဟာ လင်းနို့စွပ်ပြုတ်ကစတာဖြစ်ကြောင်း ပညာရှင်တွေက အသိပေးလိုက်ပါတယ်။ ဒါကြောင့် လင်းနို့စွပ်ပြုတ် စားသောက်ခြင်းကို ရှောင်ကြဉ်ဖို့ တိုက်တွန်းနေကြပါတယ်။

တရုတ်လူမျိုးတွေဟာ သာမန်နိုင်ငံခြားသားတွေ စားဖို့ငြင်းဆန်လေ့ရှိတဲ့ အကောင်ပလောင် တော်တော်များများကို စားသုံးခြင်းအလေ့အထ ရှိခဲ့ပြီး၊ လင်းနို့စွပ်ပြုတ်ကိုလည်း ဆေးဘက်ဝင်တယ်၊ ကျန်းမာစေတယ်လို့ အယူရှိကြပါတယ်။ Coronavirus စတင်ပျံနှံ့မှုကို ယခင်က ပင်လယ်စာရောင်းတဲ့ စျေးကနေ စတင်ခဲ့တာလို့ ယူဆကြပါတယ်။

အဲဒီစျေးထဲကနေ လူ သုံးဦးစ လေးဦးစ စတင်ကူးစက်ခဲ့ရာက စတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဲဒီဝူဟန်ပင်လယ်စာစျေးမှာလည်း လင်းနို့စွပ်ပြုတ်က တွင်ကျယ်စွာ ရောင်းချနေတဲ့ စားကုန်ဖြစ်ပါတယ်။ နောက်ပြီး ဒီဗိုင်းရပ်စ်ဟာ မြွေသားကနေ ကူးစက်တာလည်း ဖြစ်နိုင်တယ်လို့ ပညာရှင်က ဆိုပါတယ်။

အကြောင်းကတော့ ဗိုင်းရပ်စ်ရဲ့ပရိုးတိန်း Code တွေကို စစ်ဆေးလိုက်တော့ မြွေသားထဲက ပရိုတိန်း Code နဲ့ တူညီနေလို့ ဖြစ်ပါတယ်။ CNA ရဲ့အဆိုအရတော့ မြွေတွေဟာ လင်းနို့တွေကို သားကောင်အဖြစ် ဖမ်းဆီးစားသောက်ကြလေ့ရှိကြောင်း၊ ဒီအချက်က မြွေတွေဆီမှာ ဒီဗိုင်းရပ်စ်ရှိနေတဲ့ အချက်ပါ။

တရုတ်နိုင်ငံ ရောဂါရှာဖွေတိုက်ဖျက်ရေးနဲ့ ရောဂါကာကွယ်ရေးဌာနမှ အထွေထွေဒါရိုက်တာ ဒေါက်တာ Gao Fu က အခု ဗိုင်းရပ်စ်အသစ်ဟာ SARS ရောဂါနဲ့ (၇၀)%လောက် တူညီကြောင်း ဆိုပါတယ်။ SARS ကလည်း လင်းနို့တွေက အစပြုခဲ့တဲ့ရောဂါ ဖြစ်ပါတယ်။

ဒါကြောင့် ဆေးသိပ္ပံပညာရှင်တွေက လက်ရှိအချိန်မှာ လင်းနို့သားစွပ်ပြုတ်တွေကို စားခြင်းကို ရှောင်ရှားဖို့ အကြံပေးခဲ့ကြတာပါ။ (၂၀၀၃)ခုနှစ်မှာ SARS ဗိုင်းရပ်စ်ရောဂါဟာ လင်းနို့တွေကြောင့်လို့ ကြေညာခဲ့ပြီး၊ ထိုစဉ်ကတည်းက တရုတ်က လင်းနို့သား ရှောင်ဖို့ ပိတ်ပင်ခဲ့ပေမယ့် အခုအချိန်ထိ လင်းနို့သားစျေးကွက် အားကောင်းနေဆဲပါ။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

အခုဆုိရင္ တကမာၻလုံးကို ၿခိမ္းေျခာက္ေနတဲ့ ဝူဟန္ဗုိင္းရပ္လုိ႔ အလြယ္ေခၚတဲ့ 2019 Novel Coronavirus (2019-nCoV) ဟာ လင္းႏုိ႔စြပ္ျပဳတ္ကစတာျဖစ္ေၾကာင္း ပညာရွင္ေတြက အသိေပးလုိက္ပါတယ္။ ဒါေၾကာင့္ လင္းႏုိ႔စြပ္ျပဳတ္ စားေသာက္ျခင္းကို ေရွာင္ၾကဥ္ဖုိ႔ တုိက္တြန္းေနၾကပါတယ္။

တ႐ုတ္လူမ်ိဳးေတြဟာ သာမန္ႏုိင္ငံျခားသားေတြ စားဖုိ႔ျငင္းဆန္ေလ့ရွိတဲ့ အေကာင္ပေလာင္ ေတာ္ေတာ္မ်ားမ်ားကုိ စားသုံးျခင္းအေလ့အထ ရွိခဲ့ၿပီး၊ လင္းႏုိ႔စြပ္ျပဳတ္ကုိလည္း ေဆးဘက္ဝင္တယ္၊ က်န္းမာေစတယ္လုိ႔ အယူရွိၾကပါတယ္။ Coronavirus စတင္ပ်ံႏွံ႔မႈကို ယခင္က ပင္လယ္စာေရာင္းတဲ့ ေစ်းကေန စတင္ခဲ့တာလုိ႔ ယူဆၾကပါတယ္။

အဲဒီေစ်းထဲကေန လူ သုံးဦးစ ေလးဦးစ စတင္ကူးစက္ခဲ့ရာက စတယ္လုိ႔ ဆုိၾကပါတယ္။ ဒါေပမယ့္ အဲဒီဝူဟန္ပင္လယ္စာေစ်းမွာလည္း လင္းႏုိ႔စြပ္ျပဳတ္က တြင္က်ယ္စြာ ေရာင္းခ်ေနတဲ့ စားကုန္ျဖစ္ပါတယ္။ ေနာက္ၿပီး ဒီဗုိင္းရပ္စ္ဟာ ေျမြသားကေန ကူးစက္တာလည္း ျဖစ္ႏုိင္တယ္လုိ႔ ပညာရွင္က ဆုိပါတယ္။

အေၾကာင္းကေတာ့ ဗုိင္းရပ္စ္ရဲ႕ပ႐ုိးတိန္း Code ေတြကို စစ္ေဆးလုိက္ေတာ့ ေျမြသားထဲက ပ႐ုိတိန္း Code နဲ႔ တူညီေနလုိ႔ ျဖစ္ပါတယ္။ CNA ရဲ႕အဆုိအရေတာ့ ေျမြေတြဟာ လင္းႏုိ႔ေတြကုိ သားေကာင္အျဖစ္ ဖမ္းဆီးစားေသာက္ၾကေလ့ရွိေၾကာင္း၊ ဒီအခ်က္က ေျမြေတြဆီမွာ ဒီဗုိင္းရပ္စ္ရွိေနတဲ့ အခ်က္ပါ။

တ႐ုတ္ႏုိင္ငံ ေရာဂါရွာေဖြတုိက္ဖ်က္ေရးနဲ႔ ေရာဂါကာကြယ္ေရးဌာနမွ အေထြေထြဒါ႐ုိက္တာ ေဒါက္တာ Gao Fu က အခု ဗုိင္းရပ္စ္အသစ္ဟာ SARS ေရာဂါနဲ႔ (၇၀)%ေလာက္ တူညီေၾကာင္း ဆုိပါတယ္။ SARS ကလည္း လင္းႏုိ႔ေတြက အစျပဳခဲ့တဲ့ေရာဂါ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေဆးသိပၸံပညာရွင္ေတြက လက္ရွိအခ်ိန္မွာ လင္းႏုိ႔သားစြပ္ျပဳတ္ေတြကို စားျခင္းကို ေရွာင္ရွားဖုိ႔ အႀကံေပးခဲ့ၾကတာပါ။ (၂၀၀၃)ခုႏွစ္မွာ SARS ဗုိင္းရပ္စ္ေရာဂါဟာ လင္းႏုိ႔ေတြေၾကာင့္လုိ႔ ေၾကညာခဲ့ၿပီး၊ ထုိစဥ္ကတည္းက တ႐ုတ္က လင္းႏုိ႔သား ေရွာင္ဖုိ႔ ပိတ္ပင္ခဲ့ေပမယ့္ အခုအခ်ိန္ထိ လင္းႏုိ႔သားေစ်းကြက္ အားေကာင္းေနဆဲပါ။

လင္းေဇာ္ကို (D Nae Khit)