မြန်မာနိုင်ငံကို ICJ အမိန့်ချ

198

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကနေ အကာအကွယ်ပေးဖို့ မြန်မာနိုင်ငံကို ICJ အမိန့်ချ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုကို ဒီနေ့ ICJ တရားရုံးက အမိန့်ချမှတ်ရာမှာ… မြန်မာနိုင်ငံဘက်က တင်ပြထားတဲ့ အချက်တွေကို ပယ်ချလိုက်ပြီး ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက် ခြောက်ချက်ထဲက လေးချက်ကို ချမှတ်လိုက်ပါတယ်။

အဲဒီလေးချက်ကတော့…

၁။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူဆလင်လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျရောက်အောင်လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊

၂။ စစ်တပ် (သို့မဟုတ်) ပုံမှန်မဟုတ်တဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့အတွက် သွေးထိုးလှုံ့ဆော်မှု… စတာတွေ ကျုးလွန်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့။

၃။ လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့နေရာဒေသတွေက သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးဖျောက်ဖျက်မှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့။

၄။ ဒီအမိန့်ချမှတ်တဲ့နေ့ကစပြီး လေးလအကြာမှာ မြန်မာဘက်ကဆောင်ရွက်ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့… တို့ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ ကုလသမဂ္ဂ သဘောတူစာချုပ်တွေနဲ့အညီ တရားဥပဒေအရ မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်တယ်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

ရိုဟင်ဂျာမူဆလင်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ကြားဖြတ်အရေးယူမှု အမိန့် ချမှတ်ပေးဖို့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့ အမှုကို ဒီနေ့ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံး က အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICJ တရားရုံးမှာ ဒေသစံတော်ချိန် မနက် ၁ဝ နာရီမှာ တရားရုံးရဲ့ သဘာပတိ တရားသူကြီးဖြစ်တဲ့ အဗ္ဗဒူကာဝီ အာမက်ယူစွတ်က မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေမှာရှိနေတယ်လို့ တရားရုံးတော်က ယူဆကြောင်း အမိန့်စာ ဖတ်ကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တစ်နာရီကြာတဲ့ ဒီဆုံးဖြတ်ချက် ဖတ်ကြားရာမှာ မြန်မာဘက်က တင်ပြထားတဲ့အမှုကို ပယ်ချပေးဖို့၊ ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့်မချမှတ်ဖို့ ဆိုတဲ့လျှောက်ထားချက်ကို ပယ်ချရတဲ့အကြောင်းတွေကို ပြောကြားပြီး ဂမ်ဘီယာဘက်က တောင်းဆိုချက်အားလုံးကိုလည်း မချမှတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

————-

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာႏိုင္ငံကို အေရးယူေပးဖို႔ ဂမ္ဘီယာႏိုင္ငံက ေတာင္းဆိုထားတဲ့အမႈကို ဒီေန႔ ICJ တရား႐ုံးက အမိန႔္ခ်မွတ္ရာမွာ… ျမန္မာႏိုင္ငံဘက္က တင္ျပထားတဲ့ အခ်က္ေတြကို ပယ္ခ်လိုက္ၿပီး ဂမ္ဘီယာဘက္က ေတာင္းဆိုထားတဲ့ ၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္ ေျခာက္ခ်က္ထဲက ေလးခ်က္ကို ခ်မွတ္လိုက္ပါတယ္။

အဲဒီေလးခ်က္ကေတာ့…

၁။ ျမန္မာႏိုင္ငံအေနနဲ႔ ႐ိုဟင္ဂ်ာမူဆလင္လူမ်ိဳးစုေတြအေပၚ သတ္ျဖတ္တာ၊ စိတ္ေရာကိုယ္ပါ အႏၲရာယ္ က်ေရာက္ေအာင္လုပ္ေဆာင္တာ အပါအဝင္၊ လူမ်ိဳးတုံးသတ္ျဖတ္မႈေျမာက္ေစတဲ့ လုပ္ေဆာင္ခ်က္အားလုံးကို အစြမ္းကုန္ ကာကြယ္တားဆီးေပးဖို႔၊

၂။ စစ္တပ္ (သို႔မဟုတ္) ပုံမွန္မဟုတ္တဲ့ စစ္ဘက္ဆိုင္ရာအဖြဲ႕အစည္းေတြက ႐ိုဟင္ဂ်ာမူဆလင္ေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ရန္ ပူးေပါင္းႀကံစည္မႈ၊ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ဖို႔အတြက္ ေသြးထိုးလႈံ႕ေဆာ္မႈ… စတာေတြ က်ဳးလြန္မႈမရွိေအာင္ ၾကပ္မတ္ေဆာင္႐ြက္ဖို႔။

၃။ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဳးလြန္ခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ေနရာေဒသေတြက သက္ေသအေထာက္အထား အားလုံးကို ဖ်က္ဆီးေဖ်ာက္ဖ်က္မႈမရွိေအာင္ မူလအတိုင္း ကာကြယ္ထိန္းသိမ္းထားဖို႔။

၄။ ဒီအမိန႔္ခ်မွတ္တဲ့ေန႔ကစၿပီး ေလးလအၾကာမွာ ျမန္မာဘက္ကေဆာင္႐ြက္ခ်က္ေတြကို တရား႐ုံးေတာ္ကို တင္ျပအစီရင္ခံၿပီး၊ အဲဒီေနာက္ ေျခာက္လတစ္ႀကိမ္ ပုံမွန္တင္ျပဖို႔… တို႔ ျဖစ္ပါတယ္။

ဒီအခ်က္ေတြဟာ ကုလသမဂၢ သေဘာတူစာခ်ဳပ္ေတြနဲ႔အညီ တရားဥပေဒအရ မျဖစ္မေန လိုက္နာ ေဆာင္႐ြက္ရမယ့္ကိစၥေတြ ျဖစ္တယ္လို႔ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္မွာ ပါဝင္ပါတယ္။

႐ိုဟင္ဂ်ာမူဆလင္ေတြအေပၚ ရည္႐ြယ္ခ်က္ရွိရွိ လူမ်ိဳးတုံးသတ္ျဖတ္မႈအတြက္ ၾကားျဖတ္အေရးယူမႈ အမိန႔္ ခ်မွတ္ေပးဖို႔ အစၥလာမၼစ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ OIC ကိုယ္စား ဂမ္ဘီယာႏိုင္ငံက ေတာင္းဆိုထားတဲ့ အမႈကို ဒီေန႔ ကုလသမဂၢအျမင့္ဆုံးတရား႐ုံးျဖစ္တဲ့ ICJ အျပည္ျပည္ဆိုင္ရာတရား႐ုံး က အမိန႔္ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

နယ္သာလန္ႏိုင္ငံ သဟိတ္ၿမိဳ႕က ICJ တရား႐ုံးမွာ ေဒသစံေတာ္ခ်ိန္ မနက္ ၁ဝ နာရီမွာ တရား႐ုံးရဲ႕ သဘာပတိ တရားသူႀကီးျဖစ္တဲ့ အဗၺဒူကာဝီ အာမက္ယူစြတ္က ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာမူဆလင္ေတြရဲ႕ အေျခအေနဟာ အလြန္အႏၲရာယ္မ်ားတဲ့ အေျခအေနမွာရွိေနတယ္လို႔ တရား႐ုံးေတာ္က ယူဆေၾကာင္း အမိန႔္စာ ဖတ္ၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

တစ္နာရီၾကာတဲ့ ဒီဆုံးျဖတ္ခ်က္ ဖတ္ၾကားရာမွာ ျမန္မာဘက္က တင္ျပထားတဲ့အမႈကို ပယ္ခ်ေပးဖို႔၊ ၾကားျဖတ္ စီမံေဆာင္႐ြက္ခ်က္အမိန႔္မခ်မွတ္ဖို႔ ဆိုတဲ့ေလွ်ာက္ထားခ်က္ကို ပယ္ခ်ရတဲ့အေၾကာင္းေတြကို ေျပာၾကားၿပီး ဂမ္ဘီယာဘက္က ေတာင္းဆိုခ်က္အားလုံးကိုလည္း မခ်မွတ္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

RFA Burmese