ဗိုင်းရပ်စ်ကူးစက်မှု စတင်ခဲ့တဲ့ဝူဟန်မြို့ကို ဝင်ထွက်ခွင့် ပိတ်ပင်လိုက်တဲ့ တရုတ်အစိုးရ

79

ကပ်ရောဂါတစ်မျိုးသဖွယ် ဖြစ်လာနိုင်တဲ့ Coronavirus ကူးစက်ရောဂါဟာ အခုဆိုရင်၊ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ နိုင်ငံတော်တော်များများကို စတင်ပျံ့နှံ့နေပြီမို့၊ တရုတ်အာဏာပိုင်တွေက ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို ဝင်ခွင့်ထွက်ခွင့် ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်

ဝူဟန်မြို့မှာ မြို့နေလူထု (၁၁)သန်းအထိ ရှိပြီး၊ မြို့နေလူထုအနေနဲ့ အခြားဒေသများသို့ သွားလာခြင်း ခွင့်ပြုတော့မှာ မဟုတ်သလို၊ အခြားဒေသမှ လူများလည်း ဝူဟန်ကို ဝင်ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အခုတွေ့ရှိတဲ့ Corona ဗိုင်းရပ်စ်ကို ဆေးပညာရှင်တွေက 2019 Novel Coronavirus (2019-nCoV) လို့ အမည်ပေးခဲ့ပါတယ်။

ဝူဟန်မြို့က စတင်ခဲ့တာဖြစ်ပြီး၊ လူပေါင်း (၅၇၀) ကူးစက်ခံခဲ့ရသလို၊ လက်ရှိအချိန်ထိ (၁၇)ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ တရုတ်အာဏာပိုင်တွေဟာ ရောဂါလျှင်မြန်စွာ ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးဌာန WHO နဲ့ တိုင်ပင်ပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။

ရောဂါကပ်ဆိုဘေးကလည်း စိုးရိမ်ရသလို၊ အလွန်ပမာဏများပြားတဲ့ ဝူဟန်မြို့နေ ပြည်သူတွေအတွက်လည်း အလွန်ခက်ခဲမယ့်အချိန် ဖြစ်ပါတယ်။ အကြောင်းကတော့ ကြီးမားတဲ့ ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်သွားမှာဖြစ်သလို၊ ဒီဒေသရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ဆိုင်းငံ့သွားမယ့်သဘောပါ။

ဝူဟန်မြို့ကုုိ ဝင်ထွက်ခွင့် ပိတ်ပင်မှုကို ဇန်နဝါရီ (၂၃)ရက်၊ မနက်(၁၀)နာရီမှာ အာဏာစတည်ခဲ့တာဖြစ်ပြီး၊ ရထားဘူတာများ၊ လေဆိပ်များနဲ့၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးစဉ်များ၊ နိုင်ငံခြားသားနဲ့ ခရီးသွားဧည့်လမ်းညွှန် လုပ်ငန်းများ အကုန်လုံး ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ထားပါတယ်။

တကယ်လို့ မြို့နေလူထုအနေနဲ့လည်း တစ်စုံတစ်ခုသော အရေးအခင်းကြောင့် ခရီးသွားဖို့လိုအပ်ရင် သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားဖို့နဲ့ အထူးခွင့်ပြုချက် တောင်းခံဖို့ ထုတ်ပြန်ထားပါတယ်။ လောလောဆယ်တော့ ကုန်စည်ဝင်တဲ့လမ်းကြောင်းတွေကို ဖွင့်ထားဆဲဖြစ်ပေမယ့် စစ်ဆေးခံပြီးမှ ဝင်ရတော့မှာပါ။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ကပ္ေရာဂါတစ္မ်ိဳးသဖြယ္ ျဖစ္လာႏုိင္တဲ့ Coronavirus ကူးစက္ေရာဂါဟာ အခုဆုိရင္၊ ထုိင္း၊ မေလးရွား၊ ဂ်ပန္နဲ႔ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားကို စတင္ပ်ံ႕ႏွံ႔ေနၿပီမုိ႔၊ တ႐ုတ္အာဏာပုိင္ေတြက ဗုိင္းရပ္စ္ပုိး စတင္ပ်ံ႕ႏွံ႔ရာ ဝူဟန္ၿမိဳ႕ကို ဝင္ခြင့္ထြက္ခြင့္ ပိတ္ပင္လုိက္ၿပီလုိ႔ သိရပါတယ္

ဝူဟန္ၿမိဳ႕မွာ ၿမိဳ႕ေနလူထု (၁၁)သန္းအထိ ရွိၿပီး၊ ၿမိဳ႕ေနလူထုအေနနဲ႔ အျခားေဒသမ်ားသုိ႔ သြားလာျခင္း ခြင့္ျပဳေတာ့မွာ မဟုတ္သလုိ၊ အျခားေဒသမွ လူမ်ားလည္း ဝူဟန္ကို ဝင္ခြင့္ျပဳေတာ့မွာ မဟုတ္ပါဘူး။ အခုေတြ႕ရွိတဲ့ Corona ဗုိင္းရပ္စ္ကို ေဆးပညာရွင္ေတြက 2019 Novel Coronavirus (2019-nCoV) လုိ႔ အမည္ေပးခဲ့ပါတယ္။

ဝူဟန္ၿမိဳ႕က စတင္ခဲ့တာျဖစ္ၿပီး၊ လူေပါင္း (၅၇၀) ကူးစက္ခံခဲ့ရသလုိ၊ လက္ရွိအခ်ိန္ထိ (၁၇)ဦး ေသဆုံးခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။ တ႐ုတ္အာဏာပုိင္ေတြဟာ ေရာဂါလွ်င္ျမန္စြာ ကူးစက္မႈကို ထိန္းခ်ဳပ္ဖုိ႔အတြက္ ကမာၻ႕က်န္းမာေရးဌာန WHO နဲ႔ တုိင္ပင္ၿပီး အခုလုိ ဆုံးျဖတ္ခဲ့တာပါ။

ေရာဂါကပ္ဆုိေဘးကလည္း စုိးရိမ္ရသလုိ၊ အလြန္ပမာဏမ်ားျပားတဲ့ ဝူဟန္ၿမိဳ႕ေန ျပည္သူေတြအတြက္လည္း အလြန္ခက္ခဲမယ့္အခ်ိန္ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ႀကီးမားတဲ့ ကုန္စည္စီးဆင္းမႈေတြလည္း ျပတ္ေတာက္သြားမွာျဖစ္သလုိ၊ ဒီေဒသရဲ႕ စီးပြားေရးလုပ္ငန္းေတြလည္း ဆုိင္းငံ့သြားမယ့္သေဘာပါ။

ဝူဟန္ၿမိဳ႕ကုုိ ဝင္ထြက္ခြင့္ ပိတ္ပင္မႈကုိ ဇန္နဝါရီ (၂၃)ရက္၊ မနက္(၁၀)နာရီမွာ အာဏာစတည္ခဲ့တာျဖစ္ၿပီး၊ ရထားဘူတာမ်ား၊ ေလဆိပ္မ်ားနဲ႔၊ အမ်ားျပည္သူ သယ္ယူပုိ႔ေဆာင္ေရး ခရီးစဥ္မ်ား၊ ႏုိင္ငံျခားသားနဲ႔ ခရီးသြားဧည့္လမ္းညႊန္ လုပ္ငန္းမ်ား အကုန္လုံး ရပ္ဆုိင္းထားဖုိ႔ အမိန္႔ထုတ္ထားပါတယ္။

တကယ္လုိ႔ ၿမိဳ႕ေနလူထုအေနနဲ႔လည္း တစ္စုံတစ္ခုေသာ အေရးအခင္းေၾကာင့္ ခရီးသြားဖုိ႔လုိအပ္ရင္ သက္ဆုိင္ရာကို ခ်က္ခ်င္းအေၾကာင္းၾကားဖုိ႔နဲ႔ အထူးခြင့္ျပဳခ်က္ ေတာင္းခံဖုိ႔ ထုတ္ျပန္ထားပါတယ္။ ေလာေလာဆယ္ေတာ့ ကုန္စည္ဝင္တဲ့လမ္းေၾကာင္းေတြကို ဖြင့္ထားဆဲျဖစ္ေပမယ့္ စစ္ေဆးခံၿပီးမွ ဝင္ရေတာ့မွာပါ။

လင္းေဇာ္ကို (D Nae Khit)