တကယ် ချမ်းသာချင်ကြသူတွေ ဖတ်ဖို့ . . ဘယ်လိုလူတွေ မြန်မြန်ဆန်ဆန် ချမ်းသာလေ့ရှိသလဲ …

397

သင္ေကာ ခ်မ္းသာမယ့္လူထဲမွာ ပါသလား ?

ျမန္ျမန္ဆန္ဆန္ ခ်မ္းသာႏုိင္မယ့္ နည္းလမ္းေတြရွိပါတယ္။ ဓားျပတုိက္မွ၊ ေမွာင္ခုိလုပ္မွ၊ ခုိးမွ ခ်မ္းသာမွာ မဟုတ္ပါဘူး။ ဒီလုိ ရာဇဝတ္မႈနဲ႔မကင္းတဲ့ ခ်မ္းသာမႈမ်ိဳးကို သင္လည္း လိပ္ျပာသန္႔မွာ မဟုတ္ပါဘူး။ ဒီေတာ့ D Nae Khit က ျမန္ျမန္ဆန္ဆန္ ခ်မ္းသာႏုိင္မယ့္ နည္းလမ္းေတြကို မွ်ေဝခ်င္ပါတယ္။ ဒီအေလ့အက်င့္ေကာင္းေတြက သင့္ကုိ လူခ်မ္းသာ ျဖစ္ေစမွာပါ။

(၁) လစဥ္ ဝင္ေငြရဲဲ႕ (၁၅)%ကေန (၂၀)%အတြင္း ရေအာင္မျဖစ္ေနစုပါ

သင္ဝင္ေငြ နည္းတာမ်ားတာက သင္လက္ရွိ လုပ္ေနတဲ့အလုပ္နဲ႔ သက္ဆုိင္ပါတယ္။ ဝင္ေငြေကာင္းဖုိ႔အတြက္ သင့္မွာ ပုဂၢိဳလ္ေရးအရည္အေသြးေတြ စံခ်ိန္မီေနရင္၊ လက္ရွိထက္ပိုေကာင္းတဲ့ လုပ္ငန္းေတြ သင္ရွာေဖြႏုိင္ပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ လစဥ္ သင့္ဝင္ေငြရဲ႕ (၁၅)%ကေန၊ (၂၀)%အထိ စုျဖစ္ေအာင္ စုပါ။

(၂) အခ်ိန္ရဲ႕တန္ဖုိး၊ ေငြရဲ႕တန္ဖုိးကို သိေအာင္သင္ယူပါ

လူဆင္းရဲေတြက ေန႔တြက္၊ လတြက္နဲ႔ အလုပ္လုပ္ၾကပါသတဲ့။ လူခ်မ္းသာေတြက အခ်ိန္နဲ႔ အလုပ္လုပ္ၾကပါတယ္။ မတူညီတဲ့ အလုပ္လမ္းေၾကာင္းတစ္ခုမွာ အခိ်န္ကို တန္ဖုိးထားမႈနဲ႔ ေငြရဲတန္ဖုိးကို သိမႈကလည္း ကြာျခားပါလိမ့္မယ္။ အခ်ိန္ရဲ႕တန္ဖုိးကို သိေလ၊ ေငြရဲ႕တန္ဖုိးကို သင္စရာမလုိပဲ သိလာမွာပါ။

တကယ္ခ်မ္းသာေနသူေတြဟာ အခ်ိန္နဲ႔ ေငြရဲ႕တန္ဖုိးကို သိပါတယ္။ သူတုိ႔ရဲ႕အခ်ိန္ကုိ အလဟသ ျဖဳန္းတီးလုိက္တာမ်ိဳး မရွိသလုိ၊ ဒီလုိပဲ သူတုိ႔ရဲ႕အခ်ိန္နဲ႔ညီမွ်တဲ့ ေငြေၾကးကိုလည္း ေတာ္႐ုံအေၾကာင္းအရာတစ္ခုနဲ႔ အလဟသ ျဖဳန္းတီးတာမ်ိဳး မရွိပါဘူး။

(၃) မပုိင္ဘဲ ျခင္မ႐ိုက္ပါနဲ႔

ျမန္မာစကားပုံေလးကေတာ့ မပုိင္ဘဲ ျခင္ေတာင္ မ႐ုိက္ဘူး-ဆုိပါတယ္။ တကယ္က စီးပြားေရးလုပ္တဲ့အခါမွာ ပုဂၢိဳလ္ေရး ယုံၾကည္မႈေၾကာင့္၊ ဒါမွမဟုတ္ တစ္ဖက္လူက ယုံေလာက္ေအာင္ေျပာလုိ႔ ေရာေယာင္ၿပီး စီးပြားေရးလုပ္တာမ်ိဳး မလုပ္ပါနဲ႔။ ကုိယ္လည္း တကယ္သိတယ္၊ ကၽြမ္းတယ္၊ က်င္လည္တယ္ဆုိတဲ့ အပိုင္ေသျခာတဲ့ ဂြင္မ်ိဳးကိုသာ ရင္းနီးျမႇဳပ္ႏွံဖုိ႔ ဆုံးျဖတ္ပါ။

(၄) အေပ်ာ္အပါး ေလာင္းကစား အဆက္ျဖတ္ထားပါ

ကမာၻ႕ဒိတ္ဒိတ္က်ဲ သူေဌးႀကီးေတြဟာ အေပ်ာ္အပါး၊ ေလာင္းကစား ဝါသနာမပါၾကပါဘူး။ သူတုိ႔ဟာ သူတုိ႔ ႀကိဳးစားအားထုတ္မႈေၾကာင့္မဟုတ္တဲ့ ပုိက္ဆံျခဴးတစ္ျပားကို မက္ေမာသူေတြမဟုတ္သလုိ၊ သူတုိ႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြက ထီထုိးစရာ၊ ဖဲ႐ုိက္စရာ၊ ေလာင္းကစားလုပ္စရာမလုိေအာင္ထိ ေသခ်ာပါတယ္။

အေပ်ာ္အပါးလည္း မလုိက္စားၾကပါဘူး။ သူတုိ႔ အားလပ္တဲ့အခ်ိန္ကို စာဖတ္ျခင္း၊ ေအးေအးလူလူ အေနွာက္ယွက္ကင္းကင္း အနားယူျခင္းနဲ႔ အသုံးျပဳေလ့ ရွိၾကပါတယ္။

(၅) စိတ္ကူးယဥ္တာထက္၊ လက္ေတြ႕အေကာင္အထည္ေဖာ္ရတဲ့အက်င့္

စိတ္ကူးကေတာ့ လူတုိင္း ယဥ္ၾကတာပါဘဲ။ ဒါေပမယ့္ စိတ္ကူးကုိ လက္ေတြ႕အေကာင္အထည္ေဖာ္ဖုိ႔ ပ်က္ကြက္ရင္ အက္ဒီဆင္ဆုိတာကုိလည္း ခင္ဗ်ားတုိ႔ ၾကားဖူးမွာ မဟုတ္ပါဘူး။ အုိင္ဆက္နယူတန္ကိုလည္း သိေတာင္မွ သိခ်င္မွ သိမွာပါ။ သူတုိ႔ဟာ စိတ္ကူးစိတ္သန္းေတြကို တကယ္လက္ေတြ႕ျဖစ္လာေအာင္ အေကာင္အထည္ ေဖာ္ခဲ့သူေတြပါ။

ဒါေၾကာင့္ မဟတၱမဂႏၵီက စကားလုံးေပါင္းတစ္ေထာင္ထက္၊ လက္ေတြ႕လုပ္ေဆာင္မႈတစ္ခုက ပုိၿပီးအက်ိဳးရွိတယ္လုိ႔ ဆုိခဲ့တာပါဘဲ။ လက္ေတြ႕အေကာင္အထည္မပါတဲ့ စိတ္ကူးယဥ္မႈသက္သက္ဟာ ဘယ္သူ႕ကိုမွ အက်ိဳးမျပဳႏုိင္ပါဘူး။ ဒီေတာ့ ေတြးသင့္သေလာက္ေတြး၊ ထိေရာက္ေအာင္ အေကာင္ထည္ေဖာ္ဖုိ႔လည္း မေမ့ပါနဲ႔။

လင္းေဇာ္ကုိ ( D Nae Khit Media )

သင်ကော ချမ်းသာမယ့်လူထဲမှာ ပါသလား ?

မြန်မြန်ဆန်ဆန် ချမ်းသာနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ ဓားပြတိုက်မှ၊ မှောင်ခိုလုပ်မှ၊ ခိုးမှ ချမ်းသာမှာ မဟုတ်ပါဘူး။ ဒီလို ရာဇဝတ်မှုနဲ့မကင်းတဲ့ ချမ်းသာမှုမျိုးကို သင်လည်း လိပ်ပြာသန့်မှာ မဟုတ်ပါဘူး။ ဒီတော့ D Nae Khit က မြန်မြန်ဆန်ဆန် ချမ်းသာနိုင်မယ့် နည်းလမ်းတွေကို မျှဝေချင်ပါတယ်။ ဒီအလေ့အကျင့်ကောင်းတွေက သင့်ကို လူချမ်းသာ ဖြစ်စေမှာပါ။

(၁) လစဉ် ဝင်ငွေရဲ့ (၁၅)%ကနေ (၂၀)%အတွင်း ရအောင်မဖြစ်နေစုပါ

သင်ဝင်ငွေ နည်းတာများတာက သင်လက်ရှိ လုပ်နေတဲ့အလုပ်နဲ့ သက်ဆိုင်ပါတယ်။ ဝင်ငွေကောင်းဖို့အတွက် သင့်မှာ ပုဂ္ဂိုလ်ရေးအရည်အသွေးတွေ စံချိန်မီနေရင်၊ လက်ရှိထက်ပိုကောင်းတဲ့ လုပ်ငန်းတွေ သင်ရှာဖွေနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လစဉ် သင့်ဝင်ငွေရဲ့ (၁၅)%ကနေ၊ (၂၀)%အထိ စုဖြစ်အောင် စုပါ။

(၂) အချိန်ရဲ့တန်ဖိုး၊ ငွေရဲ့တန်ဖိုးကို သိအောင်သင်ယူပါ

လူဆင်းရဲတွေက နေ့တွက်၊ လတွက်နဲ့ အလုပ်လုပ်ကြပါသတဲ့။ လူချမ်းသာတွေက အချိန်နဲ့ အလုပ်လုပ်ကြပါတယ်။ မတူညီတဲ့ အလုပ်လမ်းကြောင်းတစ်ခုမှာ အချိန်ကို တန်ဖိုးထားမှုနဲ့ ငွေရဲတန်ဖိုးကို သိမှုကလည်း ကွာခြားပါလိမ့်မယ်။ အချိန်ရဲ့တန်ဖိုးကို သိလေ၊ ငွေရဲ့တန်ဖိုးကို သင်စရာမလိုပဲ သိလာမှာပါ။

တကယ်ချမ်းသာနေသူတွေဟာ အချိန်နဲ့ ငွေရဲ့တန်ဖိုးကို သိပါတယ်။ သူတို့ရဲ့အချိန်ကို အလဟသ ဖြုန်းတီးလိုက်တာမျိုး မရှိသလို၊ ဒီလိုပဲ သူတို့ရဲ့အချိန်နဲ့ညီမျှတဲ့ ငွေကြေးကိုလည်း တော်ရုံအကြောင်းအရာတစ်ခုနဲ့ အလဟသ ဖြုန်းတီးတာမျိုး မရှိပါဘူး။

(၃) မပိုင်ဘဲ ခြင်မရိုက်ပါနဲ့

မြန်မာစကားပုံလေးကတော့ မပိုင်ဘဲ ခြင်တောင် မရိုက်ဘူး-ဆိုပါတယ်။ တကယ်က စီးပွားရေးလုပ်တဲ့အခါမှာ ပုဂ္ဂိုလ်ရေး ယုံကြည်မှုကြောင့်၊ ဒါမှမဟုတ် တစ်ဖက်လူက ယုံလောက်အောင်ပြောလို့ ရောယောင်ပြီး စီးပွားရေးလုပ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်လည်း တကယ်သိတယ်၊ ကျွမ်းတယ်၊ ကျင်လည်တယ်ဆိုတဲ့ အပိုင်သေခြာတဲ့ ဂွင်မျိုးကိုသာ ရင်းနီးမြှုပ်နှံဖို့ ဆုံးဖြတ်ပါ။

(၄) အပျော်အပါး လောင်းကစား အဆက်ဖြတ်ထားပါ

ကမ္ဘာ့ဒိတ်ဒိတ်ကျဲ သူဌေးကြီးတွေဟာ အပျော်အပါး၊ လောင်းကစား ဝါသနာမပါကြပါဘူး။ သူတို့ဟာ သူတို့ ကြိုးစားအားထုတ်မှုကြောင့်မဟုတ်တဲ့ ပိုက်ဆံခြူးတစ်ပြားကို မက်မောသူတွေမဟုတ်သလို၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက ထီထိုးစရာ၊ ဖဲရိုက်စရာ၊ လောင်းကစားလုပ်စရာမလိုအောင်ထိ သေချာပါတယ်။

အပျော်အပါးလည်း မလိုက်စားကြပါဘူး။ သူတို့ အားလပ်တဲ့အချိန်ကို စာဖတ်ခြင်း၊ အေးအေးလူလူ အနှောက်ယှက်ကင်းကင်း အနားယူခြင်းနဲ့ အသုံးပြုလေ့ ရှိကြပါတယ်။

(၅) စိတ်ကူးယဉ်တာထက်၊ လက်တွေ့အကောင်အထည်ဖော်ရတဲ့အကျင့်

စိတ်ကူးကတော့ လူတိုင်း ယဉ်ကြတာပါဘဲ။ ဒါပေမယ့် စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင် အက်ဒီဆင်ဆိုတာကိုလည်း ခင်ဗျားတို့ ကြားဖူးမှာ မဟုတ်ပါဘူး။ အိုင်ဆက်နယူတန်ကိုလည်း သိတောင်မှ သိချင်မှ သိမှာပါ။ သူတို့ဟာ စိတ်ကူးစိတ်သန်းတွေကို တကယ်လက်တွေ့ဖြစ်လာအောင် အကောင်အထည် ဖော်ခဲ့သူတွေပါ။

ဒါကြောင့် မဟတ္တမဂန္ဒီက စကားလုံးပေါင်းတစ်ထောင်ထက်၊ လက်တွေ့လုပ်ဆောင်မှုတစ်ခုက ပိုပြီးအကျိုးရှိတယ်လို့ ဆိုခဲ့တာပါဘဲ။ လက်တွေ့အကောင်အထည်မပါတဲ့ စိတ်ကူးယဉ်မှုသက်သက်ဟာ ဘယ်သူ့ကိုမှ အကျိုးမပြုနိုင်ပါဘူး။ ဒီတော့ တွေးသင့်သလောက်တွေး၊ ထိရောက်အောင် အကောင်ထည်ဖော်ဖို့လည်း မမေ့ပါနဲ့။

လင်းဇော်ကို ( D Nae Khit Media )