ဇနီးသည် တန်းတန်းစွဲဖြစ်စေဖို့ အိမ်ထောင်သည်အမျိုးသားတွေ စားပေးသင့်တဲ့ အစားအစာများ
956
(၁) ငှက်ပျောသီး
(၂) ကန်စွန်းဥ
(၃) ကြက်သွန်ဖြူ
(၄) ကြက်ဥ
(၅) ဇီးဖြူသီး
နေသူရိန် (D Nae Khit)
ယူနီကုဒ်ဖြင့်ဖတ်ရန်-
အိမ်ထောင်သည်တွေဟာ အိမ်ထောင်သက်တမ်း ကြာရှည်လာသည်နှင့်အမျှ ဟိုကိစ္စဒီကိစ္စဘက်မှာ အားနည်းလာတတ်သလို၊ စိတ်မပါသလို အမူအယာတွေ ဖြစ်လာတတ်ပါတယ်။ တကယ်တော့ ဒါက သင့်တို့ အိမ်ထောင်ဘက်တွေကို မချစ်လို့ မဟုတ်ပါဘူး။ အဓိကအားဖြင့်တော့ လိင်စိတ်နည်းပါးခြင်းကနေ ခြေရာခံပါတယ်။
လိင်စိတ် နှိုးကြားစေဖို့ ဆေးဝါးအမျိုးမျိုးရှိသော်လည်း ဘေးထွက်ဆိုးကျိုးတွေက ခဏတာပျော်ရွှင်မှုနဲ့ မမျှသာအောင် ပိုများတတ်ပါတယ်။ ဒါကြောင့် စျေးလည်းသက်သာ အန္တရာယ်လည်းကင်းတဲ့ အိမ်မှာပဲ ရနိုင်တဲ့ သဘာဝအစားအစာတွေကို D Nae Thit က မျှဝေပေးချင်ပါတယ်။
(၁) ငှက်ပျောသီး
မြန်မာတွေကတော့ ငှက်ပျောသီးရဲဲ့အစွမ်းကို အထူးယုံကြပါတယ်။ ဖီးကြမ်းက ပိုစွမ်းတယ်ဆိုပေမယ့် ငှက်ပျောသီးတိုင်းမှာ သဘာဝသတ္တုဓာတ်တွေဖြစ်တဲ့ Potassium, Magnesium, Vitamin B တို့ ပါဝင်ပြီး၊ အမျိုးသားရဲ့လိင်စိတ်ကို အထူးတိုးပွားစေပါတယ်။
(၂) ကန်စွန်းဥ
ကန်စွန်းဥမှာ ဗီတာမင် A ဓာတ် အထူးပါဝင်ပြီး၊ အမျိုုးသားကိုသာမက အမျိုးသမီးတွေရဲ့ လိင်စိတ်ဟော်မုန်းတွေကို အထူးအားပေးပါတယ်။ အမျိုးသားတွေ ထောင်မက်မှုမှာ အားနည်းနေတယ်ဆိုရင် ကန်းစွန်းဥကို ခပ်ပွပွလေးဖြစ်အောင်ကြိုပြီး ပျားရည်နဲ့ တို့ပြီးစားသင့်ပါသတဲ့။
(၃) ကြက်သွန်ဖြူ
အနံ့ပြင်းသလောက် အစွမ်းသတ္တိမှာ အထူးကောင်းမွန်လှတဲ့ ကြက်သွန်ဖြူဟာ အိမ်ထောင်ဘက် နှစ်ဦးစလုံး နေ့စဉ်စားသုံးသင့်ပါတယ်။ ကြက်သွန်ဖြူမှာ Allicin ဆိုတဲ့ ရှားပါးဓာတ်ပါဝင်ပြီး၊ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါ သန်မာထွားကျိုင်းမှုကိုလည်း တိုးပွားစေပါတယ်။ နေ့စဉ် လိင်စိတ်ကိုလည်း အားပေးပါသတဲ့။
(၄) ကြက်ဥ
ကြက်ဥရဲ့ အစွမ်းသတ္တိကတော့ ဘယ်လောက်ဘယ်ဝါဆိုတာ ပြောနေဖို့ လိုမယ်မထင်ပါဘူး။ တော်ရုံ ပင်ပန်းနွမ်းနယ်နေသူတွေ ကြက်ဥနဲ့ စပါကလင် ရောစပ်သောက်လိုက်တာနဲ့ ငေါက်ကနဲ ထထိုင်နိုင်တယ်လို့တောင် ဆိုပါတယ်။ အညှီနံ့ မကြောက်ရင် အစိမ်းသောက်တာက ပိုကောင်းတယ်လို့ ပြောကြပါတယ်။
(၅) ဇီးဖြူသီး
အညာတစ်ခွင်မှာ ပေါပေါလောလော ရနိုင်တဲ့ ဇီးဖြူသီးကိုတော့ Emblic, Emblic myrobalan, Myrobalan, Indian gooseberry ဆိုပြီး အမျိုးမျိုး ခေါ်ကြပါတယ်။ ဇီးဖြူသီးမှာ Vitamin C, Zinc နဲ့ Carotene တွေပါဝင်ပြီး၊ လိင်အင်္ဂါအပူချိန်ကို ထိန်းပေးပြီး၊ သုတ်လွှတ်မြန်သူတွေအတွက် အဆင်ပြေပါတယ်။
နေသူရိန် (D Nae Khit)