လီဗာပူးအသင်းက မန်ယူနိုက်တက်ကို ၂ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

78

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက မန်ယူနိုက်တက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ အိမ်ရှင်အသင်းက အနည်းငယ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။

လီဗာပူအသင်းအတွက် အနိုင်ဂိုးတွေကိုတော ပွဲချိန် ၁၄ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ ဗန်ဒိုက်နဲ့ မာနေးတို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဒီနှစ်သင်း ပထမအကျော့ မန်ယူနိုက်တက် အိမ်ကွင်းမှာတုန်းက တဖက် ၁ ဂိုးစီ သရေကျခဲ့တာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေည အစောပိုင်းပွဲစဉ်မှာတော့ ဘန်လေအသင်းက လက်စတာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘန်လေအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲချိန် ၃၃ မိနစ်မှာ ဧည့်သည် လက်စတာအသင်းအတွက် ဟာဗေးက ဦးဆောင်ဂိုး အရင်သွင်းယူခဲ့တာပါ။

အိမ်ရှင် ဘန်လေအတွက် ဂိုးတွေကိုတော့ ၅၆ နဲ့ ၆၇ မိနစ်တွေမှာ ခရစ်ဝုဒ်နဲ့ ဘန်မီးတို့က သွင်းယူခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ လီဗာပူးအသင်းက ၆၄ မှတ်နဲ့ အဆင့် ၁၊ လက်စတာ ၄၅ မှတ်နဲ့ အဆင့် ၃၊ မန်ယူနိုက်တက်က ၃၄ မှတ်နဲ့ အဆင့် ၅၊ ဘန်လေက ၂၇ မှတ်နဲ့ အဆင့် ၁၄ မှာ အသီးသီး ရပ်တည်နေပါတယ်။

DVB TV News

မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးအသင္းက မန္ယူႏိုက္တက္ကို ၂ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိသြားပါတယ္။

လီဗာပူးအသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈမွာ အိမ္ရွင္အသင္းက အနည္းငယ္ အသာစီးယူကစားႏိုင္ခဲ့ပါတယ္။

လီဗာပူအသင္းအတြက္ အႏိုင္ဂိုးေတြကိုေတာ ပြဲခ်ိန္ ၁၄ မိနစ္နဲ႔ မိနစ္ ၉၀ တို႔မွာ ဗန္ဒိုက္နဲ႔ မာေနးတို႔က သြင္းယူခဲ့ၾကတာျဖစ္ပါတယ္။

ဒီႏွစ္သင္း ပထမအေက်ာ့ မန္ယူႏိုက္တက္ အိမ္ကြင္းမွာတုန္းက တဖက္ ၁ ဂိုးစီ သေရက်ခဲ့တာလည္း ျဖစ္ပါတယ္။

တနဂၤေႏြည အေစာပိုင္းပြဲစဥ္မွာေတာ့ ဘန္ေလအသင္းက လက္စတာကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရသြားပါတယ္။ ဘန္ေလအသင္းရဲ႕ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၃၃ မိနစ္မွာ ဧည့္သည္ လက္စတာအသင္းအတြက္ ဟာေဗးက ဦးေဆာင္ဂိုး အရင္သြင္းယူခဲ့တာပါ။

အိမ္ရွင္ ဘန္ေလအတြက္ ဂိုးေတြကိုေတာ့ ၅၆ နဲ႔ ၆၇ မိနစ္ေတြမွာ ခရစ္ဝုဒ္နဲ႔ ဘန္မီးတို႔က သြင္းယူခဲ့ပါတယ္။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာေတာ့ လီဗာပူးအသင္းက ၆၄ မွတ္နဲ႔ အဆင့္ ၁၊ လက္စတာ ၄၅ မွတ္နဲ႔ အဆင့္ ၃၊ မန္ယူႏိုက္တက္က ၃၄ မွတ္နဲ႔ အဆင့္ ၅၊ ဘန္ေလက ၂၇ မွတ္နဲ႔ အဆင့္ ၁၄ မွာ အသီးသီး ရပ္တည္ေနပါတယ္။

DVB TV News