အရွယ်တင်လွန်းလို့ သားဖြစ်သူရဲ့ ချစ်သူရည်းစားလို့ အထင်ခံနေရတဲ့ မိခင်

389

အိမ္ေထာင္သည္ မိခင္တစ္ေယာက္ဟာ အရြယ္တင္လြန္းလုိ႔ သားျဖစ္သူရဲ႕ ခ်စ္သူရည္းစားလုိ႔ေတာင္ အထင္မွားခံေနရပါသတဲ့။ အဆုိပါ အမ်ိဳးသမီးဟာ သာမန္အားျဖင့္ ၾကည့္လုိက္မယ္ဆုိရင္ အသက္ (၂၅) ဝန္းက်င္ေလာက္သာ ထင္စရာရွိပါတယ္။ တကယ္က သူမရဲ႕အသက္က (၄၅)ဝန္းက်င္လုိ႔ ခန္႔မွန္းရပါတယ္။

ဒီဓာတ္ပုံေတြကို Jonathan Nguyen က သူရဲ႕အင္စတာဂရမ္ေပၚမွာ တင္ခဲ့တာပါ။ ေဖာ္လုိဝါ (၄၀၀၀)ေလာက္ဟာ ဓာတ္ပုံေတြကုိၾကည့္ၿပီး ဒြိဟေတြ ျဖစ္ကုန္ပါေတာ့တယ္။ Jonathan တစ္ေယာက္ ရည္စားနဲ႔ပုံေတြကို တင္လုိက္တာလားေပါ့။

တကယ္ေတာ့ ပုိ႔စ္မွာကတည္းက ” ငယ္ရြယ္တဲ့ မိခင္တစ္ေယာက္ကုိ ပုိင္ဆုိင္ထားရတာ မဟာ ကံေကာင္းျခင္းပဲ “စသျဖင့္ ေရးသားထားတဲ့အတြက္၊ အဲဒီစာသားသာ မပါဘူးဆုိရင္ ဒီအမ်ိဳးသမီးဟာ Jonathan ရဲ႕ ခ်စ္သူရည္းစားလုိ႔ ေသခ်ာေပါက္ အထင္လြဲၾကမွာပါ။

Jonathan ကုိယ္တုိင္က သန္႔ရွင္းတည္ၾကည္တဲ့ ႐ုပ္ရည္ေၾကာင့္ အမ်ိဳးသမီးေတြ ဝုိင္းဝုိင္းလည္ေနေပမယ့္၊ သူ႕မွာ ဒီေလာက္ ငယ္ရြယ္ႏုပ်ိဳတဲ့ မိခင္မ်ိဳး ရွိလိမ့္မယ္လုိ႔ အမ်ားက ထင္မထားခဲ့ၾကပါဘူး။ Jonathan ရဲ႕ မိခင္ဟာ ေန႔စဥ္ ဝုိင္ႏွစ္ခြက္ေသာက္သလုိ၊ ေလ့က်င့္ခန္းလည္း ပုံမွန္လုပ္ပါသတဲ့။

Jonathan ရဲ႕ဓာတ္ပုံေတြဟာ Like ျပဳလုပ္သူ (၁၇၀၀၀)ရွိခဲ့ၿပီး၊ မွတ္ခ်က္ေရးသူေပါင္း (၇၀၀၀)ေလာက္အထိ ရွိခဲ့ပါတယ္။ တစ္ခ်ိဳ႕ကလည္း မိခင္ျဖစ္သူနဲ႔ မိတ္ေဆြဖြဲ႕ခ်င္ၾကသလုိ၊ တစ္ခ်ိဳ႕ကလည္း သူမသာ လြတ္လြတ္ကင္းကင္းရွိရင္ ႀကံခ်င္ၾကေသးတဲ့ သေဘာကို ေတြ႕ရပါတယ္။

တစ္ခ်ိဳ႕ကေတာ့ ဒီေလာက္ အရြယ္တင္ႏုပ်ိဳေနတာ ဘာေဆးေတြစားလုိ႔လဲဆုိၿပီး ေမးၾကသလုိ၊ တစ္ခ်ိဳ႕လူငယ္ေတြကေတာ့ သူတုိ႔ထက္ေတာင္ ပုိႏုေသးတယ္လုိ႔ ခ်ီးမြမ္းခဲ့ၾကပါတယ္။ Jonathan ကေတာ့ မိခင္ရဲ႕ အသက္အမွန္ကုိ ထုတ္ေဖာ္ေရးသားျခင္း မရွိပါဘူး။

နတ္စည္ေတာ္ (D Nae Khit Media)

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အိမ်ထောင်သည် မိခင်တစ်ယောက်ဟာ အရွယ်တင်လွန်းလို့ သားဖြစ်သူရဲ့ ချစ်သူရည်းစားလို့တောင် အထင်မှားခံနေရပါသတဲ့။ အဆိုပါ အမျိုးသမီးဟာ သာမန်အားဖြင့် ကြည့်လိုက်မယ်ဆိုရင် အသက် (၂၅) ဝန်းကျင်လောက်သာ ထင်စရာရှိပါတယ်။ တကယ်က သူမရဲ့အသက်က (၄၅)ဝန်းကျင်လို့ ခန့်မှန်းရပါတယ်။

ဒီဓာတ်ပုံတွေကို Jonathan Nguyen က သူရဲ့အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တာပါ။ ဖော်လိုဝါ (၄၀၀၀)လောက်ဟာ ဓာတ်ပုံတွေကိုကြည့်ပြီး ဒွိဟတွေ ဖြစ်ကုန်ပါတော့တယ်။ Jonathan တစ်ယောက် ရည်စားနဲ့ပုံတွေကို တင်လိုက်တာလားပေါ့။

တကယ်တော့ ပို့စ်မှာကတည်းက ” ငယ်ရွယ်တဲ့ မိခင်တစ်ယောက်ကို ပိုင်ဆိုင်ထားရတာ မဟာ ကံကောင်းခြင်းပဲ “စသဖြင့် ရေးသားထားတဲ့အတွက်၊ အဲဒီစာသားသာ မပါဘူးဆိုရင် ဒီအမျိုးသမီးဟာ Jonathan ရဲ့ ချစ်သူရည်းစားလို့ သေချာပေါက် အထင်လွဲကြမှာပါ။

Jonathan ကိုယ်တိုင်က သန့်ရှင်းတည်ကြည်တဲ့ ရုပ်ရည်ကြောင့် အမျိုးသမီးတွေ ဝိုင်းဝိုင်းလည်နေပေမယ့်၊ သူ့မှာ ဒီလောက် ငယ်ရွယ်နုပျိုတဲ့ မိခင်မျိုး ရှိလိမ့်မယ်လို့ အများက ထင်မထားခဲ့ကြပါဘူး။ Jonathan ရဲ့ မိခင်ဟာ နေ့စဉ် ဝိုင်နှစ်ခွက်သောက်သလို၊ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါသတဲ့။

Jonathan ရဲ့ဓာတ်ပုံတွေဟာ Like ပြုလုပ်သူ (၁၇၀၀၀)ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူပေါင်း (၇၀၀၀)လောက်အထိ ရှိခဲ့ပါတယ်။ တစ်ချို့ကလည်း မိခင်ဖြစ်သူနဲ့ မိတ်ဆွေဖွဲ့ချင်ကြသလို၊ တစ်ချို့ကလည်း သူမသာ လွတ်လွတ်ကင်းကင်းရှိရင် ကြံချင်ကြသေးတဲ့ သဘောကို တွေ့ရပါတယ်။

တစ်ချို့ကတော့ ဒီလောက် အရွယ်တင်နုပျိုနေတာ ဘာဆေးတွေစားလို့လဲဆိုပြီး မေးကြသလို၊ တစ်ချို့လူငယ်တွေကတော့ သူတို့ထက်တောင် ပိုနုသေးတယ်လို့ ချီးမွမ်းခဲ့ကြပါတယ်။ Jonathan ကတော့ မိခင်ရဲ့ အသက်အမှန်ကို ထုတ်ဖော်ရေးသားခြင်း မရှိပါဘူး။

နတ်စည်တော် (D Nae Khit Media)