လက်ချောင်းတွေရဲ့ အနေအထားက ပြောပြနေတဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်း

817

လူတစ္ေယာက္ရဲ႕ အမူအက်င့္ကို လက္ေခ်ာင္းေလးေတြရဲ႕ တည္ေနပုံကေန အကဲခတ္လုိ႔ ရပါတယ္။ သင့္လက္ေခ်ာင္းပုံစံေလးေတြနဲ႔ တုိက္ၿပီး စစ္ေဆးၾကည့္ေနာ္။ ဒီစစ္ေဆးမႈက ရာခုိင္ႏႈန္း(၉၀)ေလာက္ထိ မွန္ကန္တဲ့ သုေတသနစစ္တမ္းတစ္ခုကေန ဆင္းသက္လာတဲ့ စစ္ေဆးမႈျဖစ္ပါတယ္။

လက္သူၾကြယ္က လက္ညႇိဳးထက္ ပုိရွည္ေနရင္

တကယ္လုိ႔ သင့္ရဲ႕ လက္ေခ်ာင္းေလးေတြအနက္ လက္သူၾကြယ္က လက္ညႇိဳးထက္ ပိုရွည္ေနတယ္ဆုိရင္ သင္ဟာ ႐ုပ္ရည္ေခ်ာေမာသူ၊ သူငယ္ခ်င္းေတြၾကားမွာ ေပၚေပၚထင္ထင္နဲ႔ ခ်စ္စရာေကာင္းတယ္လုိ႔ အေျပာခံရေလ့ရွိသူပါ။ ဒီလုိလက္ေခ်ာင္းပုိင္ရွင္ေတြဟာ ရန္လုိစိတ္လည္း မ်ားတတ္ၿပီး-

တစ္ခုခုျဖစ္ရင္ ဆဲလုိက္မယ္၊ ဆုိလုိက္မယ္၊ ေျပာဆုိပစ္လုိက္မယ္ဆုိတဲ့ ေဒါသစိတ္က မ်ားတတ္ပါတယ္။ ေနာက္ၿပီး လက္သူၾကြယ္ ပုိရွည္သူေတြဟာ ဘဝမွာ မပင္မပန္း ေနရရတတ္သလုိ၊ သူငယ္ခ်င္းေတြနဲ႔ အလုပ္ခ်င္းယွဥ္ရင္ေတာင္မွ ဝင္ေငြလစာ ပုိေကာင္းတဲ့ အလုပ္မ်ိဳး ရတတ္ပါတယ္။

လက္ညႇိဳးက လက္သူၾကြယ္ထက္ ပုိရွည္ေနရင္

သင္က ဒီလုိလက္မ်ိဳး ပိုင္ဆုိင္ထားတယ္ဆုိရင္ေတာ့ သင္ဟာ ကိုယ့္ကိုယ္ကို အလြန္ယုံၾကည္မႈရွိတဲ့လူ၊ ေနာက္ၿပီး၊ ကိုယ့္ကိုယ္ကိုလည္း အလြန္ခ်စ္၊ အလြန္ဦးစားေပးသူ၊ အတၱေပမဝါဒကုိ မသိမသာ ဆုပ္ကိုင္ထားသူပါ။ သင္ဟာ ေခါင္းေဆာင္ေကာင္းရဲ႕ အရည္အခ်င္းေတြ မသင္ဘဲ တတ္ေနသူျဖစ္ၿပီး-

စိတ္အေႏွာက္အယွက္ေပးတာမ်ိဳးကို အလြန္အျမင္ကပ္သူ၊ တစ္ေယာက္တည္း ေတြးရတာကို ပုိႀကိဳက္ၿပီး၊ အခ်စ္နဲ႔ပတ္သက္ရင္ သိပ္စိတ္မဝင္စားသလုိ ျပေပမယ့္၊ သူမ်ားေတြထက္ ပိုခ်စ္တတ္သူပါ။ ဒါေပမယ့္ သူတုိ႔ဘက္က ဇာတ္လမ္းစတာမ်ိဳး၊ အမူအယာျပတာမ်ိဳး မလုပ္တတ္သူေတြပါ။

လက္သူၾကြယ္၊ လက္ညႇိဳး အတုိအရွည္တူရင္

လက္သူၾကြယ္နဲ႔ လက္ညႇိဳး အတုိအရွည္တူရင္ေတာ့ သင္ဟာ ျပႆနာေတြကို ျဖန္ေျဖေပးတဲ့ေနရာမွာ တရားသူႀကီးေတြလုိ ေတာ္တဲ့သူတစ္ေယာက္ပါ။ အလြန္သစၥာရွိတတ္သလုိ၊ အခ်စ္ေမတၱာဘက္မွာလည္း အလြန္အားႀကီးပါတယ္။ စိတ္သေဘာထား ျပည့္ဝသူ၊ သမာသမက္ရွိသူ ျဖစ္ပါတယ္။

ဒီလူေတြဟာ ဘယ္ေတာ့မဆုိ မွ်မွ်တတ စဥ္းစားသုံးသပ္ေလ့ရွိသူျဖစ္ၿပီး၊ အရာရာကို ညင္သာစြာ ကိုင္တြယ္ေျဖရွင္းေလ့ရွိပါတယ္။ ႏုိင္ငံေရးအျမင္၊ စီပြားေရးအျမင္မွာ သူမ်ားထက္ ႏွစ္ကြက္သုံးကြက္ေလာက္ ႀကိဳျမင္သူေတြျဖစ္ၿပီး၊ အေပါင္းအသင္းေတြကိုလည္း အလြန္ ခင္မင္တတ္သူေတြပါ။

လင္းေဇာ္ကို (D Nae Khit)

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လူတစ်ယောက်ရဲ့ အမူအကျင့်ကို လက်ချောင်းလေးတွေရဲ့ တည်နေပုံကနေ အကဲခတ်လို့ ရပါတယ်။ သင့်လက်ချောင်းပုံစံလေးတွေနဲ့ တိုက်ပြီး စစ်ဆေးကြည့်နော်။ ဒီစစ်ဆေးမှုက ရာခိုင်နှုန်း(၉၀)လောက်ထိ မှန်ကန်တဲ့ သုတေသနစစ်တမ်းတစ်ခုကနေ ဆင်းသက်လာတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။

လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေရင်

တကယ်လို့ သင့်ရဲ့ လက်ချောင်းလေးတွေအနက် လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေတယ်ဆိုရင် သင်ဟာ ရုပ်ရည်ချောမောသူ၊ သူငယ်ချင်းတွေကြားမှာ ပေါ်ပေါ်ထင်ထင်နဲ့ ချစ်စရာကောင်းတယ်လို့ အပြောခံရလေ့ရှိသူပါ။ ဒီလိုလက်ချောင်းပိုင်ရှင်တွေဟာ ရန်လိုစိတ်လည်း များတတ်ပြီး-

တစ်ခုခုဖြစ်ရင် ဆဲလိုက်မယ်၊ ဆိုလိုက်မယ်၊ ပြောဆိုပစ်လိုက်မယ်ဆိုတဲ့ ဒေါသစိတ်က များတတ်ပါတယ်။ နောက်ပြီး လက်သူကြွယ် ပိုရှည်သူတွေဟာ ဘဝမှာ မပင်မပန်း နေရရတတ်သလို၊ သူငယ်ချင်းတွေနဲ့ အလုပ်ချင်းယှဉ်ရင်တောင်မှ ဝင်ငွေလစာ ပိုကောင်းတဲ့ အလုပ်မျိုး ရတတ်ပါတယ်။

လက်ညှိုးက လက်သူကြွယ်ထက် ပိုရှည်နေရင်

သင်က ဒီလိုလက်မျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို အလွန်ယုံကြည်မှုရှိတဲ့လူ၊ နောက်ပြီး၊ ကိုယ့်ကိုယ်ကိုလည်း အလွန်ချစ်၊ အလွန်ဦးစားပေးသူ၊ အတ္တပေမဝါဒကို မသိမသာ ဆုပ်ကိုင်ထားသူပါ။ သင်ဟာ ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းတွေ မသင်ဘဲ တတ်နေသူဖြစ်ပြီး-

စိတ်အနှောက်အယှက်ပေးတာမျိုးကို အလွန်အမြင်ကပ်သူ၊ တစ်ယောက်တည်း တွေးရတာကို ပိုကြိုက်ပြီး၊ အချစ်နဲ့ပတ်သက်ရင် သိပ်စိတ်မဝင်စားသလို ပြပေမယ့်၊ သူများတွေထက် ပိုချစ်တတ်သူပါ။ ဒါပေမယ့် သူတို့ဘက်က ဇာတ်လမ်းစတာမျိုး၊ အမူအယာပြတာမျိုး မလုပ်တတ်သူတွေပါ။

လက်သူကြွယ်၊ လက်ညှိုး အတိုအရှည်တူရင်

လက်သူကြွယ်နဲ့ လက်ညှိုး အတိုအရှည်တူရင်တော့ သင်ဟာ ပြဿနာတွေကို ဖြန်ဖြေပေးတဲ့နေရာမှာ တရားသူကြီးတွေလို တော်တဲ့သူတစ်ယောက်ပါ။ အလွန်သစ္စာရှိတတ်သလို၊ အချစ်မေတ္တာဘက်မှာလည်း အလွန်အားကြီးပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ သမာသမက်ရှိသူ ဖြစ်ပါတယ်။

ဒီလူတွေဟာ ဘယ်တော့မဆို မျှမျှတတ စဉ်းစားသုံးသပ်လေ့ရှိသူဖြစ်ပြီး၊ အရာရာကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းလေ့ရှိပါတယ်။ နိုင်ငံရေးအမြင်၊ စီပွားရေးအမြင်မှာ သူများထက် နှစ်ကွက်သုံးကွက်လောက် ကြိုမြင်သူတွေဖြစ်ပြီး၊ အပေါင်းအသင်းတွေကိုလည်း အလွန် ခင်မင်တတ်သူတွေပါ။

လင်းဇော်ကို (D Nae Khit)