ရေသွယ်မြောင်းပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံစည်လေ့ရှိတဲ့ ထူးဆန်းတဲ့ ကြွက်မျိုးစိတ်

327

ေရသြယ္ေျမာင္းေပၚကေန ေအာက္ကုိျပဳတ္က်ၿပီး ေသေနတဲ့ လယ္ေတာထဲက ရာေထာင္ခ်ီေနတဲ့ ၾကြက္ေတြေၾကာင့္ နယ္သာလန္ႏုိင္ငံက ပညာရွင္ေတြဟာ အေတာ္ေလးကုိ နားလည္ရခက္ေနၾကပါတယ္။ သတင္း ေတြအရေတာ့ ဒါကို ေတြ႔ရွိခဲ့တာ ေလာေလာဆယ္ ရက္သတၱပတ္တြင္းက ျဖစ္ပါတယ္။

ဒါေပမယ့္ ဘာေၾကာင့္လဲဆိုတာေတာ့ ဘယ္သူမွ မသိၾကပါဘူး။ စိတ္ပ်က္စရာ ၾကြက္ေသေပါင္း ဒါဇင္မ်ားစြာ ပလက္ေဖာင္းေပၚမွာ ျပန္႔က်ဲေနတဲ့ ပံုေတြေပၚထြက္လာတဲ့ Hommerts ၿမိဳ႕မွာ အထူးအဆန္းေတြ ျဖစ္ပ်က္ေနလွ်က္ရွိ္ပါတယ္။ တနလၤာေန႔တုန္းက-

ေရသြယ္ေျမာင္းတဝိုက္မွာ တိရစၦာန္အေသေကာင္ေပါင္း အေကာင္ေရ (၃၁၅)ေကာင္ ေတြ႔ရွိခဲ့ရတယ္လို႔ Sneeker Nieuwsblad သတင္းစာက ေဖာ္ျပခဲ့ပါတယ္။  အရင္ရက္ကေတာ့ အေကာင္ေရ (၁၄၀)ေတြ႔ရွိခဲ့ရပါတယ္။ ဒါေပမယ့္ ဒီကိစၥကို ေျဖရွင္းဖို႔ ဘယ္သူ႔မွာ တာဝန္ရွိမွန္းမသိသလို-

ဒီၾကြက္ေသေတြကို ဘယ္သူရွင္းလင္း ရမလဲဆိုတာလည္း မသိၾကပါဘူး။ စိတ္ေျခာက္ခ်ားစရာ ၾကြက္ေသပုံေတြကို နယ္သာလန္ႏုိင္ငံရဲ႕ လူမႈကြန္ရက္ေတြေပၚမွာ ေဖာ္ျပေနၾကပါတယ္။ ရာေပါင္းမ်ားစြာေသာ ၾကြက္ေသေတြကို ဒီရက္ပိုင္းတြင္းမွာ ေတြ႔ေနၾကရတာပါ။

အနီးနားရွိ လယ္ကြင္းေတြ ေရလႊမ္းၿပီးတဲ့ေနာက္ ၾကြက္ေသေတြ ေတြ႕ေနရေပမယ့္ ဒီေလာက္ အေရတြက္မ်ားမ်ား ဘာေၾကာင့္ေသေနရသလဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ေရျပင္ထက္ ေျမျပင္က ပုိၿပီးစိတ္ခ်ရတယ္ဆိုၿပီး သူ႔တို႔တေတြ ခုန္ခ်ခဲ့ေလသလား စဥ္းစားစရာပါ။

ၾကြက္ေလ့လာေရး ကၽြမ္းက်င္သူေတြကေတာ့ ၾကြက္ေတြဟာ လိုက္လံဖမ္းဆီးခံေနရတယ္လို႔ ယူဆေနၾကပါတယ္။ ပညာရွင္တစ္ဦးျဖစ္တဲ့ Nico Beemster ကေတာ့ “ေနစရာက်ဥ္းေျမာင္းလာေတာ့ တိရစၦာန္ေလးေတြဟာ ကိုယ္ပိုင္ေနရာသစ္ကို ရွာဖို႔ တြန္းအားျဖစ္လာတယ္ … သူတို႔ကို ၿပိဳင္ဘက္ေတြက လိုက္ဖမ္းတာနဲ႔ ေျပးရင္းလႊားရင္း အစြန္းကေန ျပဳတ္က်ရတာ ျဖစ္မယ္” လုိ႔ ေျပာပါတယ္။

မင္းႏြယ္ခန္႔ (D Nae Khit Media)

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ရေသွယ်မြောင်းပေါ်ကနေ အောက်ကိုပြုတ်ကျပြီး သေနေတဲ့ လယ်တောထဲက ရာထောင်ချီနေတဲ့ ကြွက်တွေကြောင့် နယ်သာလန်နိုင်ငံက ပညာရှင်တွေဟာ အတော်လေးကို နားလည်ရခက်နေကြပါတယ်။ သတင်း တွေအရတော့ ဒါကို တွေ့ရှိခဲ့တာ လောလောဆယ် ရက်သတ္တပတ်တွင်းက ဖြစ်ပါတယ်။

ဒါပေမယ့် ဘာကြောင့်လဲဆိုတာတော့ ဘယ်သူမှ မသိကြပါဘူး။ စိတ်ပျက်စရာ ကြွက်သေပေါင်း ဒါဇင်များစွာ ပလက်ဖောင်းပေါ်မှာ ပြန့်ကျဲနေတဲ့ ပုံတွေပေါ်ထွက်လာတဲ့ Hommerts မြို့မှာ အထူးအဆန်းတွေ ဖြစ်ပျက်နေလျှက်ရှိ်ပါတယ်။ တနင်္လာနေ့တုန်းက-

ရေသွယ်မြောင်းတဝိုက်မှာ တိရစ္ဆာန်အသေကောင်ပေါင်း အကောင်ရေ (၃၁၅)ကောင် တွေ့ရှိခဲ့ရတယ်လို့ Sneeker Nieuwsblad သတင်းစာက ဖော်ပြခဲ့ပါတယ်။  အရင်ရက်ကတော့ အကောင်ရေ (၁၄၀)တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းဖို့ ဘယ်သူ့မှာ တာဝန်ရှိမှန်းမသိသလို-

ဒီကြွက်သေတွေကို ဘယ်သူရှင်းလင်း ရမလဲဆိုတာလည်း မသိကြပါဘူး။ စိတ်ခြောက်ချားစရာ ကြွက်သေပုံတွေကို နယ်သာလန်နိုင်ငံရဲ့ လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြနေကြပါတယ်။ ရာပေါင်းများစွာသော ကြွက်သေတွေကို ဒီရက်ပိုင်းတွင်းမှာ တွေ့နေကြရတာပါ။

အနီးနားရှိ လယ်ကွင်းတွေ ရေလွှမ်းပြီးတဲ့နောက် ကြွက်သေတွေ တွေ့နေရပေမယ့် ဒီလောက် အရေတွက်များများ ဘာကြောင့်သေနေရသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရေပြင်ထက် မြေပြင်က ပိုပြီးစိတ်ချရတယ်ဆိုပြီး သူ့တို့တတွေ ခုန်ချခဲ့လေသလား စဉ်းစားစရာပါ။

ကြွက်လေ့လာရေး ကျွမ်းကျင်သူတွေကတော့ ကြွက်တွေဟာ လိုက်လံဖမ်းဆီးခံနေရတယ်လို့ ယူဆနေကြပါတယ်။ ပညာရှင်တစ်ဦးဖြစ်တဲ့ Nico Beemster ကတော့ “နေစရာကျဉ်းမြောင်းလာတော့ တိရစ္ဆာန်လေးတွေဟာ ကိုယ်ပိုင်နေရာသစ်ကို ရှာဖို့ တွန်းအားဖြစ်လာတယ် … သူတို့ကို ပြိုင်ဘက်တွေက လိုက်ဖမ်းတာနဲ့ ပြေးရင်းလွှားရင်း အစွန်းကနေ ပြုတ်ကျရတာ ဖြစ်မယ်” လို့ ပြောပါတယ်။

မင်းနွယ်ခန့် (D Nae Khit Media)