ဆင်းကတ်မဲ့ဖုန်းများ မြန်မာပြည်တွင် ခေတ်စားလာနိုင်

26

တယ်လီနောသုတေသနပညာရှင်တွေရဲ့ စစ်တမ်းအရ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံမှာ ဆင်းကတ်မပါတဲ့ ဖုန်းတွေ ခေတ်စားလာနိုင်တယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း လူသားတွေ ပြောင်းလဲသုံးစွဲလာမယ့် နည်းပညာတွေကို တယ်လီနောရဲ့ သုတေသနပညာရှင်တွေက စစ်တမ်းတွေပြုလုပ်ပြီး ရန်ကုန်မြို့ ဆူးလေစကွဲက တယ်လီနောရုံးချုပ်မှာ ဒီကနေ့ ထုတ်ပြန် လိုက်တာပါ။

စစ်တမ်းရလဒ်ပေါင်း ၂၀ လောက် ရှိပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ နည်းပညာငါးမျိုးကို ရွေးထုတ်ပြီးတော့ထုတ်ပြန်တာလို့ တယ်လီနော် ကုမ္ပဏီက Bjørn Taale Sandberg က ပြောပါတယ်။

ဆင်းကတ်မဲ့ ဖုန်းနည်းပညာအပြင်၊ သဘာဝပါတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ တယ်လီကွန်း နည်းပညာတွေ၊ မိုဘိုင်းဖုန်းအော်ပရေတာတွေအပေါ်ယုံကြည်မှုတွေ၊ အင်တာနက်ရုပ်သံတွေနဲ့ ခေတ်သစ်ဂိမ်းနယ်ပယ်တွေ ပေါ်ထွန်းလာနိုင်တယ်လို့လည်း ပြောပါတယ်။

တယ်လီနောအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သီးသန့်စစ်တမ်းတွေ မလုပ်နိုင်ပေမယ့် နောင်တချိန်မှာတော့ ပြုလုပ်လာနိုင်တယ်လို့ဆိုပါတယ်။

DVB TV News

တယ္လီေနာသုေတသနပညာရွင္ေတြရဲ႕ စစ္တမ္းအရ ၂၀၂၀ ျပည့္ႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ဆင္းကတ္မပါတဲ့ ဖုန္းေတြ ေခတ္စားလာႏိုင္တယ္လို႔ သိရပါတယ္။

ကမာၻေပၚမွာ ၂၀၂၀ ျပည့္ႏွစ္အတြင္း လူသားေတြ ေျပာင္းလဲသုံးစြဲလာမယ့္ နည္းပညာေတြကို တယ္လီေနာရဲ႕ သုေတသနပညာရွင္ေတြက စစ္တမ္းေတြျပဳလုပ္ၿပီး ရန္ကုန္ၿမိဳ႕ ဆူးေလစကြဲက တယ္လီေနာ႐ုံးခ်ဳပ္မွာ ဒီကေန႔ ထုတ္ျပန္ လိုက္တာပါ။

စစ္တမ္းရလဒ္ေပါင္း ၂၀ ေလာက္ ရွိေပမယ့္ ျမန္မာႏိုင္ငံနဲ႔ပတ္သတ္တဲ့ နည္းပညာငါးမ်ိဳးကို ေ႐ြးထုတ္ၿပီးေတာ့ထုတ္ျပန္တာလို႔ တယ္လီေနာ္ ကုမၸဏီက Bjørn Taale Sandberg က ေျပာပါတယ္။

ဆင္းကတ္မဲ့ ဖုန္းနည္းပညာအျပင္၊ သဘာဝပါတ္ဝန္းက်င္နဲ႔ကိုက္ညီတဲ့ တယ္လီကြန္း နည္းပညာေတြ၊ မိုဘိုင္းဖုန္းေအာ္ပေရတာေတြအေပၚယုံၾကည္မႈေတြ၊ အင္တာနက္႐ုပ္သံေတြနဲ႔ ေခတ္သစ္ဂိမ္းနယ္ပယ္ေတြ ေပၚထြန္းလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။

တယ္လီေနာအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး သီးသန႔္စစ္တမ္းေတြ မလုပ္ႏိုင္ေပမယ့္ ေနာင္တခ်ိန္မွာေတာ့ ျပဳလုပ္လာႏိုင္တယ္လို႔ဆိုပါတယ္။

DVB TV News