Fox ရုပ်သံဌာန လိင်အရှုပ်တော်ပုံဖြစ်ရပ်မှန် ‌ရုပ်ရှင် Bombshell ( နမူနာ)

97

ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် Biographical Drama အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင် – Bombshell ဟာ လတ်တလောမှာ အော်စကာ ဆန်ကာတင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုစာရင်းမှာ ပါဝင်နေပါတယ်။

ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Jay Roach က ရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကတော့ နာမည်ကျော် Fox News ရုပ်သံသတင်းဌာနရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရသည့် အမျိုးသမီးတွေရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားခဲ့ တာပါ။

Fox News ကို ထူထောင်ခဲ့သူ Roger Ailes က လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြု လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ အမျိုးသမီးတွေအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကား ထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ Charlize Theron ၊ Nicole Kidman ၊ Margot Robbie တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ် ပါတယ်။

Charlize Theron က ပင်တိုင်သတင်းတင်ဆက်သူ Megyn Kelly အဖြစ် သရုပ် ဆောင်ထားပြီးတော့ Nicole Kidman ကတော့ Fox News ရဲ့ အစီအစဉ်တင်ဆက်သူ ဟောင်း Gretchen Carlson အနေနဲ့ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

Roger Ailes ဟာ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မေ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဒီအဖြစ်အပျက်တွေကို အခြေခံပြီး ဘယ်လိုစိတ်ဝင် စားစရာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါ တယ်။

ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ လိင်ပိုင်းဆိုင် ရာ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေး ငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၃၂ သန်းအကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားခဲ့ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး Charlize Theron ဟာ အော်စကာဆု ဆန်ကာတင်စာရင်းမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ နိုင်ငံတကာမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လ ၁၃ ရက်နေ့က ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

DVB TV News

ထူးျခားတဲ့ တင္ဆက္ပုံေတြနဲ႔ ႐ိုက္ကူးတင္ဆက္ထားတဲ့ ျဖစ္ရပ္မွန္ Biographical Drama အမ်ိဳးအစား ေဟာလိဝုဒ္႐ုပ္ရွင္ – Bombshell ဟာ လတ္တေလာမွာ ေအာ္စကာ ဆန္ကာတင္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုစာရင္းမွာ ပါဝင္ေနပါတယ္။

ဒီကားကိုေတာ့ အေမရိကန္႐ုပ္ရွင္ဒါ႐ိုက္တာ Jay Roach က ႐ိုက္ကူးပုံေဖာ္ေပး ထားတာျဖစ္ၿပီး Lionsgate ႐ုပ္ရွင္ထုတ္လုပ္ေရးက ျဖန႔္ခ်ိေပးထားတာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ကေတာ့ နာမည္ေက်ာ္ Fox News ႐ုပ္သံသတင္းဌာနရဲ႕ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရသည့္ အမ်ိဳးသမီးေတြရဲ႕ ျဖစ္ရပ္မွန္ဇာတ္လမ္းကို အေျခခံ႐ိုက္ကူးထားခဲ့ တာပါ။

Fox News ကို ထူေထာင္ခဲ့သူ Roger Ailes က လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြ ျပဳ လုပ္ခဲ့တယ္လို႔ စြပ္စြဲခဲ့တဲ့ အမ်ိဳးသမီးေတြအေၾကာင္း အေျခခံ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကား ထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသမီးေတြ ျဖစ္ၾကတဲ့ Charlize Theron ၊ Nicole Kidman ၊ Margot Robbie တို႔က ေခါင္းေဆာင္ပါဝင္ထားၾကတာ ျဖစ္ ပါတယ္။

Charlize Theron က ပင္တိုင္သတင္းတင္ဆက္သူ Megyn Kelly အျဖစ္ သ႐ုပ္ ေဆာင္ထားၿပီးေတာ့ Nicole Kidman ကေတာ့ Fox News ရဲ႕ အစီအစဥ္တင္ဆက္သူ ေဟာင္း Gretchen Carlson အေနနဲ႔ သ႐ုပ္ေဆာင္ထားၾကတာ ျဖစ္ပါတယ္။

Roger Ailes ဟာ အဲဒီစြပ္စြဲခ်က္ေတြကို ျငင္းဆိုခဲ့ၿပီး ၂၀၁၇ ခုႏွစ္၊ ေမ ၁၈ ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ တာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ဒီအျဖစ္အပ်က္ေတြကို အေျခခံၿပီး ဘယ္လိုစိတ္ဝင္ စားစရာဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ထားမလဲဆိုတာေတြကို ရႈစားၾကရမွာ ျဖစ္ပါ တယ္။

ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းေတြ၊ လိင္ပိုင္းဆိုင္ ရာ ျပကြင္းျပကြက္ေတြနဲ႔ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလး ငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။

ဘတ္ဂ်တ္အေမရိကန္ေဒၚလာ ၃၂ သန္းအကုန္အက်ခံ ႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ ဟာ IMDb မွာေတာ့ Rating 6.7 အထိ ရရွိထားခဲ့ပါတယ္။

လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္မင္းသမီး Charlize Theron ဟာ ေအာ္စကာဆု ဆန္ကာတင္စာရင္းမွာ ပါဝင္ေနခဲ့တာ ျဖစ္ပါတယ္။

ၾကာျမင့္ခ်ိန္ ၁၀၈ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကိုေတာ့ ႏိုင္ငံတကာမွာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ လ ၁၃ ရက္ေန႔က ႐ုံတင္ျပသခဲ့တာ ျဖစ္ပါတယ္။

DVB TV News