အီတလီ ပန်းချီပြပွဲ ဒေါ်အောင်ဆန်းစုကြည်ပုံပါဝင်

32

အမျိုးသမီးတွေ အကြမ်းဖက်ခံနေရမှုကို အာရုံစိုက်မှုရရှိရေးအတွက် မျက်နှာတွေမှာ ဒဏ်ရာတွေရနေတဲ့ ကမ္ဘာကျော်အမျိုးသမီးတွေရဲ့ ပုံတူပန်းချီကား ပိုစတာတွေကို အီတလီနိုင်ငံ မီလန်မြို့က လမ်းမတစ်ခုပေါ်မှာ ချိတ်ဆွဲပြသထားရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒဏ်ရာရနေတဲ့ မျက်နှာပုံလည်း ပါဝင်ပါတယ်။

အီတလီ ပန်းချီဆရာ AleXandro Palombo အလက်ဇန်ဒရို ပလွန်းဘို ရေးဆွဲတဲ့ အဲဒီလမ်းမပေါ်က ပန်းချီကားပိုစတာတွေပြပွဲလှုပ်ရှားမှုကို “ Just Because I am a Woman” “ကျမ အမျိုးသမီးတဦး ဖြစ်နေတဲ့ အတွက်ကြောင့်ပါပဲ” လို့ အမည်ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အတူ အမေရိကန် သမ္မတကတော်ဟောင်း မစ်ရှဲလ် အိုဘားမား၊ ဟီလာရီ ကလင်တန် နဲ့ ဂျာမဏီဝန်ကြီးချုပ်ဟောင်း အန်ဂယ်လာ မာကယ်လ် တို့ရဲ့ မျက်နှာဒဏ်ရာရ ပုံတူပန်းချီကားတွေလည်း ပါဝင်ပါတယ်။ ပန်းချီဆရာ ပါလွန်းဘို က လူမျိုးဘာသာမရွေး အမျိုးသမီးတွေ ဒီကနေ့ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေဟာ ကမ္ဘာ့ပြဿနာတစ်ခုဖြစ်နေပါပြီ၊ ဒီလှုပ်ရှားမှုဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီး သန်းပေါင်းများစွာကို ကိုယ်စားပြုပါတယ်လို့ ပြောပါတယ်။

~~~~~~~~~~~~~~~

အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံေနရမႈကို အာ႐ုံစိုက္မႈရရွိေရးအတြက္ မ်က္ႏွာေတြမွာ ဒဏ္ရာေတြရေနတဲ့ ကမာၻေက်ာ္အမ်ိဳးသမီးေတြရဲ႕ ပုံတူပန္းခ်ီကား ပိုစတာေတြကို အီတလီႏိုင္ငံ မီလန္ၿမိဳ႕က လမ္းမတစ္ခုေပၚမွာ ခ်ိတ္ဆြဲျပသထားရာမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဒဏ္ရာရေနတဲ့ မ်က္ႏွာပုံလည္း ပါဝင္ပါတယ္။

အီတလီ ပန္းခ်ီဆရာ AleXandro Palombo အလက္ဇန္ဒ႐ို ပလြန္းဘို ေရးဆြဲတဲ့ အဲဒီလမ္းမေပၚက ပန္းခ်ီကားပိုစတာေတြျပပြဲလႈပ္ရွားမႈကို “ Just Because I am a Woman” “က်မ အမ်ိဳးသမီးတဦး ျဖစ္ေနတဲ့ အတြက္ေၾကာင့္ပါပဲ” လို႔ အမည္ေပးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ပုံနဲ႔အတူ အေမရိကန္ သမၼတကေတာ္ေဟာင္း မစ္ရွဲလ္ အိုဘားမား၊ ဟီလာရီ ကလင္တန္ နဲ႔ ဂ်ာမဏီဝန္ႀကီးခ်ဳပ္ေဟာင္း အန္ဂယ္လာ မာကယ္လ္ တို႔ရဲ႕ မ်က္ႏွာဒဏ္ရာရ ပုံတူပန္းခ်ီကားေတြလည္း ပါဝင္ပါတယ္။ ပန္းခ်ီဆရာ ပါလြန္းဘို က လူမ်ိဳးဘာသာမေ႐ြး အမ်ိဳးသမီးေတြ ဒီကေန႔ ႀကဳံေတြ႕ေနရတဲ့ အၾကမ္းဖက္မႈေတြဟာ ကမာၻ႔ျပႆနာတစ္ခုျဖစ္ေနပါၿပီ၊ ဒီလႈပ္ရွားမႈဟာ ကမာၻတစ္ဝန္းမွာရွိတဲ့ အမ်ိဳးသမီး သန္းေပါင္းမ်ားစြာကို ကိုယ္စားျပဳပါတယ္လို႔ ေျပာပါတယ္။

RFA Burmese