လကမ္ဘာသို့ အတူသွားရန် ဂျပန်သူဌေး ရည်းစားရှာ

20

ဂျပန်လူမျိုးကုဋေကြွယ်သူဌေး ယုဇခုမာ့အဲဇဝါ့ဟာ လကမ္ဘာကို သူနဲ့အတူ အလည်အပတ် ခရီးသွားဖို့ ရည်းစား ရှာနေတဲ့သတင်းဟာ မှတ်တမ်းရုပ်ရှင် အစီအစဉ်သစ်အတွက် အကြောင်းအရာတခု ဖြစ်လာပါတယ်။

ဂျပန်စွန့်ဦးတီထွင်လုပ်ငန်းရှင်ရဲ့ လူစိတ်ဝင်စားတာခံချင်လို့ စတန့်ထွင်မှုလို့လည်း မီဒီယာတွေက သုံးသပ်ပါတယ်။မာ့အဲဇဝါ့ဟာ လကို သွားဖို့ ပထမဆုံးအမျိုးသမီး ဘာလို့ မဖြစ်ရမှာလည်းလို့ သူ့ရဲ တွစ်တာ လူမှုကွန်ရက်အကောင့်မှာ ဇန်နဝါရီ ၁၂ရက်က ရေးခဲ့တာပါ။

အဲဒီနောက် အာဘဲမရုပ်သံအစီအစဉ်က မာ့အဲဇ့ဝါ့ရဲ့ ရည်းစားရှာမှုကို လပြည့်ချစ်သူများလို့ နာမည်ပေးထားတဲ့ ရုပ်သံမှတ်တမ်းအဖြစ် ထုတ်လွှင့်မယ့်အကြောင်း သူတို့ရဲ့ အင်တာနက် စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

အွန်လိုင်းကနေ ဖက်ရှင်ပစ္စည်းတွေ ရောင်းချရာက ချမ်းသာလာတဲ့ အသက် ၄၄နှစ်အရွယ် မာ့အဲဇာ့ဝါ့ကတော့ သူ့ရဲ့လကမ္ဘာဆီ ခရီးစဉ်အတွက် အသက် ၂၀ ကျော် အမျိုးသမီး လူလွတ် ခရီးဖော် တယောက်ကို ရှာနေတယ်လို့ ပြောပါတယ်။

ဒါဟာ လူချမ်းသာတယောက် ဘယ်လို ပျော်စရာရှာလည်းဆိုတာပဲလို့ အသက် ၂၀အရွယ် ကျောင်းသူ ရှုဟာယာဆဲက ပြောပါတယ်။သူ့ သူငယ်ချင်း နတ်စုမိ ဝါ့ခါ့ဆာ့ယာ့ ကတော့ ဒါမျိုးအတွက် စာရင်းပေးမှာ မဟုတ်ဘူး လို့ ပြောပါတယ်။

စီးပွားရေးသမား တိုရှိယုခိအိုးဒါ့ကတော့ မာ့အဲဇာ့ဝါ့ဟာ လူတွေက သူ့ အကြောင်းကို ပြောနေစေချင်တာလို့ ခုလို လုပ်တာလို့ ဝေဖန်ပြောပါတယ်။အီလွန်မတ်ခ်စ်ရဲ့ SpaceX ခရီးစဉ်မှာ ပထမဆုံးပုဂ္ဂလိက ခရီးသည်အဖြစ် လကမ္ဘာဆီကို ၂၀၂၃ ခုနှစ်မှာသွားဖို့ မာ့အဲဇာ့ဝါ့က စီစဉ်နေတာပြီး သူ့ရဲ့ခရီးဖော်ကို မတ်လကုန်ပိုင်းမှာ ရွေးချယ်မှာ ဖြစ်ပါတယ်။

DVB TV News

ဂ်ပန္လူမ်ိဳးကုေဋႂကြယ္သူေဌး ယုဇခုမာ့အဲဇဝါ့ဟာ လကမာၻကို သူနဲ႔အတူ အလည္အပတ္ ခရီးသြားဖို႔ ရည္းစား ရွာေနတဲ့သတင္းဟာ မွတ္တမ္း႐ုပ္ရွင္ အစီအစဥ္သစ္အတြက္ အေၾကာင္းအရာတခု ျဖစ္လာပါတယ္။

ဂ်ပန္စြန႔္ဦးတီထြင္လုပ္ငန္းရွင္ရဲ႕ လူစိတ္ဝင္စားတာခံခ်င္လို႔ စတန႔္ထြင္မႈလို႔လည္း မီဒီယာေတြက သုံးသပ္ပါတယ္။မာ့အဲဇဝါ့ဟာ လကို သြားဖို႔ ပထမဆုံးအမ်ိဳးသမီး ဘာလို႔ မျဖစ္ရမွာလည္းလို႔ သူ႔ရဲ တြစ္တာ လူမႈကြန္ရက္အေကာင့္မွာ ဇန္နဝါရီ ၁၂ရက္က ေရးခဲ့တာပါ။

အဲဒီေနာက္ အာဘဲမ႐ုပ္သံအစီအစဥ္က မာ့အဲဇ့ဝါ့ရဲ႕ ရည္းစားရွာမႈကို လျပည့္ခ်စ္သူမ်ားလို႔ နာမည္ေပးထားတဲ့ ႐ုပ္သံမွတ္တမ္းအျဖစ္ ထုတ္လႊင့္မယ့္အေၾကာင္း သူတို႔ရဲ႕ အင္တာနက္ စာမ်က္ႏွာကေန ေၾကညာခဲ့ပါတယ္။

အြန္လိုင္းကေန ဖက္ရွင္ပစၥည္းေတြ ေရာင္းခ်ရာက ခ်မ္းသာလာတဲ့ အသက္ ၄၄ႏွစ္အ႐ြယ္ မာ့အဲဇာ့ဝါ့ကေတာ့ သူ႔ရဲ႕လကမာၻဆီ ခရီးစဥ္အတြက္ အသက္ ၂၀ ေက်ာ္ အမ်ိဳးသမီး လူလြတ္ ခရီးေဖာ္ တေယာက္ကို ရွာေနတယ္လို႔ ေျပာပါတယ္။

ဒါဟာ လူခ်မ္းသာတေယာက္ ဘယ္လို ေပ်ာ္စရာရွာလည္းဆိုတာပဲလို႔ အသက္ ၂၀အ႐ြယ္ ေက်ာင္းသူ ရႈဟာယာဆဲက ေျပာပါတယ္။သူ႔ သူငယ္ခ်င္း နတ္စုမိ ဝါ့ခါ့ဆာ့ယာ့ ကေတာ့ ဒါမ်ိဳးအတြက္ စာရင္းေပးမွာ မဟုတ္ဘူး လို႔ ေျပာပါတယ္။

စီးပြားေရးသမား တိုရွိယုခိအိုးဒါ့ကေတာ့ မာ့အဲဇာ့ဝါ့ဟာ လူေတြက သူ႔ အေၾကာင္းကို ေျပာေနေစခ်င္တာလို႔ ခုလို လုပ္တာလို႔ ေဝဖန္ေျပာပါတယ္။အီလြန္မတ္ခ္စ္ရဲ႕ SpaceX ခရီးစဥ္မွာ ပထမဆုံးပုဂၢလိက ခရီးသည္အျဖစ္ လကမာၻဆီကို ၂၀၂၃ ခုႏွစ္မွာသြားဖို႔ မာ့အဲဇာ့ဝါ့က စီစဥ္ေနတာၿပီး သူ႔ရဲ႕ခရီးေဖာ္ကို မတ္လကုန္ပိုင္းမွာ ေ႐ြးခ်ယ္မွာ ျဖစ္ပါတယ္။

DVB TV News