အိမ်ရောင်းပြီး ပညာသင်စေခဲ့တဲ့ မိခင်ကို၊ လေယာဉ်မှူးအဖြစ်နဲ့ ကျေးဇူးဆပ်နိုင်ခဲ့တဲ့ ကောင်လေး

21

ယူကေရဲ့ အသက်အငယ်ဆုံး လေယာဉ်မှူးလို့ သတ်မှတ်ခံရတဲ့ အသက်(၁၈)နှစ်အရွယ် လေယာဉ်မှူးကောင်လေးကတော့ သူဟာ ဒီလိုဘဝကိုရောက်ဖို့ ဒုက္ခတွေ အများကြီး ခံခဲ့ရ့တယ်လို့ ပြောပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့မိခင်ဖြစ်ပြီး၊ သူရဲ့မိခင်ဟာ သားဖြစ်သူ ပညာသင်နိုင်ဖို့ အိမ်ကိုတောင် ရောင်းခဲ့ရပါသတဲ့။

လေယာဉ်မှူး အသစ်စက်စက်လေးရဲ့နာမည်ကတော့ Seth Van Beek ဖြစ်ပါတယ်။ သူဟာ အသက်(၁၈)နှစ်သာရှိသေးပြီး၊ ဂရိနိုင်ငံက ပေါင်(၈၅၀၀၀)အထိပေးရတဲ့ လေကြောင်းအတတ်သင်ကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ သူဟာ လူအနည်းစုသာ ရနိုင်တဲ့ လေယာဉ်မောင်းလိုင်စင်ကိုလည်း ရရှိခဲ့ပါတယ်။

Beek ဟာ လေကြောင်းသင်တန်းကို (၁၈)လအထိ တက်ရောက်ခဲ့ရပြီး၊ နာရီပေါင်း (၁၅၀)အထိ လေယာဉ်တွေကို စမ်းသပ်မောင်းနှင်ပြသခဲ့ရတာပါ။ သူဟာ အမှတ်ကောင်းကောင်းနဲ့ အဆင့်ဆင့်သော စစ်ဆေးမှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူ့အမေ ဂုဏ်ယူရတယ်ဆိုရင်ကို ကြိုးစားရကျိုးနပ်တယ်လို့ ပြောပါတယ်။

အသက်(၄၂)နှစ်အရွယ် မိခင်ဖြစ်သူ Frances က Milton Keynes မှာရှိတဲ့ အိပ်ခန်း(၃)ခန်းပါ အိမ်ကို သားကျောင်းစာရိတ်အဖြစ် ရောင်းချခဲ့ရပါတယ်။ ဒီအတွက် Beek က ” လူတွေဆိုတာ အိပ်မက်နောက်ကို လိုက်နေကြသူတွေပါ … ကျွန်တော့်အမေကြောင့် အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ”

” အမေ့ကူညီမှုသာ မပါရင် ကျွန်တော် ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ပါဘူး … အမေ့ကို ကျွန်တော် အများကြီး ချစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။ သူတို့မိသားစုဟာ ဇင်ဘာဘွေဇာတိဖွားများ ဖြစ်ကြပြီး၊ မိခင်ကတော့ ဌာနတစ်ခုမှာ ဘဏ္ဍာရေး မန်နေဂျာလုပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Beek ကတော့ လေယာဉ်မှူးဘဝနဲ့ မိခင်ကို ကျေးဇူးဆပ်နိုင်ပါပြီ။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ယူေကရဲ႕ အသက္အငယ္ဆုံး ေလယာဥ္မွဴးလုိ႔ သတ္မွတ္ခံရတဲ့ အသက္(၁၈)ႏွစ္အရြယ္ ေလယာဥ္မွဴးေကာင္ေလးကေတာ့ သူဟာ ဒီလုိဘဝကုိေရာက္ဖုိ႔ ဒုကၡေတြ အမ်ားႀကီး ခံခဲ့ရ႕တယ္လုိ႔ ေျပာပါတယ္။ အထူးသျဖင့္ေတာ့ သူ႕ရဲ႕မိခင္ျဖစ္ၿပီး၊ သူရဲ႕မိခင္ဟာ သားျဖစ္သူ ပညာသင္ႏုိင္ဖုိ႔ အိမ္ကိုေတာင္ ေရာင္းခဲ့ရပါသတဲ့။

ေလယာဥ္မွဴး အသစ္စက္စက္ေလးရဲ႕နာမည္ကေတာ့ Seth Van Beek ျဖစ္ပါတယ္။ သူဟာ အသက္(၁၈)ႏွစ္သာရွိေသးၿပီး၊ ဂရိႏုိင္ငံက ေပါင္(၈၅၀၀၀)အထိေပးရတဲ့ ေလေၾကာင္းအတတ္သင္ေက်ာင္းမွာ တက္ေရာက္ခဲ့ပါတယ္။ သူဟာ လူအနည္းစုသာ ရႏုိင္တဲ့ ေလယာဥ္ေမာင္းလုိင္စင္ကိုလည္း ရရွိခဲ့ပါတယ္။

Beek ဟာ ေလေၾကာင္းသင္တန္းကို (၁၈)လအထိ တက္ေရာက္ခဲ့ရၿပီး၊ နာရီေပါင္း (၁၅၀)အထိ ေလယာဥ္ေတြကို စမ္းသပ္ေမာင္းႏွင္ျပသခဲ့ရတာပါ။ သူဟာ အမွတ္ေကာင္းေကာင္းနဲ႔ အဆင့္ဆင့္ေသာ စစ္ေဆးမႈေတြကို ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။ သူ႕အေမ ဂုဏ္ယူရတယ္ဆုိရင္ကို ႀကိဳးစားရက်ိဳးနပ္တယ္လုိ႔ ေျပာပါတယ္။

အသက္(၄၂)ႏွစ္အရြယ္ မိခင္ျဖစ္သူ Frances က Milton Keynes မွာရွိတဲ့ အိပ္ခန္း(၃)ခန္းပါ အိမ္ကုိ သားေက်ာင္းစာရိတ္အျဖစ္ ေရာင္းခ်ခဲ့ရပါတယ္။ ဒီအတြက္ Beek က ” လူေတြဆုိတာ အိပ္မက္ေနာက္ကုိ လုိက္ေနၾကသူေတြပါ … ကၽြန္ေတာ့္အေမေၾကာင့္ အိပ္မက္ေတြ တကယ္ျဖစ္လာခဲ့ပါၿပီ”

” အေမ့ကူညီမႈသာ မပါရင္ ကၽြန္ေတာ္ ဘာေကာင္မွ ျဖစ္လာမွာ မဟုတ္ပါဘူး … အေမ့ကို ကၽြန္ေတာ္ အမ်ားႀကီး ခ်စ္ပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။ သူတုိ႔မိသားစုဟာ ဇင္ဘာေဘြဇာတိဖြားမ်ား ျဖစ္ၾကၿပီး၊ မိခင္ကေတာ့ ဌာနတစ္ခုမွာ ဘ႑ာေရး မန္ေနဂ်ာလုပ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Beek ကေတာ့ ေလယာဥ္မွဴးဘဝနဲ႔ မိခင္ကို ေက်းဇူးဆပ္ႏုိင္ပါၿပီ။

လင္းေဇာ္ကုိ (D Nae Khit)