မိန်းမ လိုချင်လွန်းလို့ ဗီနိုင်းထောင်ပြီး ကြော်ငြာခဲ့ရတဲ့ လူပျိုကြီးရဲ့အဖြစ်

38

မလေးရှားနိုင်ငံ၊ Terengganu မှာ နေထိုင်တဲ့ အသက်(၃၅)နှစ်ကျော် လူပျိုကြီးတစ်ယောက်ကတော့ ဘဝမှာ ဒီထက်ပိုပြီးအချိန်ကြာကြာ တစ်ယောက်တည်း မဖြတ်သန်းလိုတော့တာကြောင့် မိန်းမရဖို့ ကြံစည်ပါတော့တယ်။ သူဟာ ဗီနိုင်းတွေနဲ့ ကြော်ငြာသဘောမျိုးလုပ်ပြီး၊ မိန်းမရရေး ပရိုမိုးရှင်းဆင်းခဲ့တာပါ။

အဲဒီ လူပျိုကြီးရဲ့အမည်ကတော့ Noor Aziro bin Abdullah  ဖြစ်ပါတယ်။ သူ့အသက်မှာ (၃၅)နှစ်ဖြစ်ပါတယ်။ သူဟာ Pantai Teluk Bidara မြို့က လမ်းတစ်ချို့နဲ့ ကမ်းရိုးတမ်းမှာ ဗီနိုင်းတွေ အနှံ့တပ်ဆင်ပြီး မိန်းမရရေး ကြိုးစားပါတော့တယ်။

သူဟာ သင့်တော့်မယ့် ဇနီးလောင်းတစ်ယောက်ကို အမြန်လိုနေတယ်လို့ ဆိုပါတယ်။ သူဟာ ဒီမတိုင်ခင်က မိန်းမရနိုင်မယ့် ဆိုရှယ်ပလတ်ဖောင်းတွေ၊ Dating App တွေလည်း စုံနေအောင် သုံးခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီဘက်ကို သိပ်အာရုံမလာတော့လို့ အခုလို အကြံအစည်တစ်မျိုးနဲ့ စမ်းကြည့်ခဲ့တာပါ။

အခုဗီနိုင်းထောင်ပြီးနောက် သူ့ဆီကို Kedah, KL, Selangor နဲ့ Pahang က အမျိုးသမီးတချို့က လာရောက်ဆက်သွယ်တာမျိုး ရှိနေပြီလို့လည်း Aziro က ပြောပါတယ်။ အခု သူရဲ့လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ ခေတ်စားနေလို့ သူ့အနေနဲ့ မကြာမီ မိန်းမတစ်ယောက် ရလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

မေလးရွားႏုိင္ငံ၊ Terengganu မွာ ေနထုိင္တဲ့ အသက္(၃၅)ႏွစ္ေက်ာ္ လူပ်ိဳႀကီးတစ္ေယာက္ကေတာ့ ဘဝမွာ ဒီထက္ပုိၿပီးအခ်ိန္ၾကာၾကာ တစ္ေယာက္တည္း မျဖတ္သန္းလုိေတာ့တာေၾကာင့္ မိန္းမရဖုိ႔ ႀကံစည္ပါေတာ့တယ္။ သူဟာ ဗီႏုိင္းေတြနဲ႔ ေၾကာ္ျငာသေဘာမ်ိဳးလုပ္ၿပီး၊ မိန္းမရေရး ပ႐ုိမုိးရွင္းဆင္းခဲ့တာပါ။

အဲဒီ လူပ်ိဳႀကီးရဲ႕အမည္ကေတာ့ Noor Aziro bin Abdullah  ျဖစ္ပါတယ္။ သူ႕အသက္မွာ (၃၅)ႏွစ္ျဖစ္ပါတယ္။ သူဟာ Pantai Teluk Bidara ၿမိဳ႕က လမ္းတစ္ခ်ိဳ႕နဲ႔ ကမ္း႐ုိးတမ္းမွာ ဗီႏုိင္းေတြ အႏွံ႔တပ္ဆင္ၿပီး မိန္းမရေရး ႀကိဳးစားပါေတာ့တယ္။

သူဟာ သင့္ေတာ့္မယ့္ ဇနီးေလာင္းတစ္ေယာက္ကို အျမန္လုိေနတယ္လုိ႔ ဆုိပါတယ္။ သူဟာ ဒီမတုိင္ခင္က မိန္းမရႏုိင္မယ့္ ဆုိရွယ္ပလတ္ေဖာင္းေတြ၊ Dating App ေတြလည္း စုံေနေအာင္ သုံးခဲ့ၿပီးၿပီလုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ အဲဒီဘက္ကုိ သိပ္အာ႐ုံမလာေတာ့လုိ႔ အခုလုိ အႀကံအစည္တစ္မ်ိဳးနဲ႔ စမ္းၾကည့္ခဲ့တာပါ။

အခုဗီႏုိင္းေထာင္ၿပီးေနာက္ သူ႕ဆီကုိ Kedah, KL, Selangor နဲ႔ Pahang က အမ်ိဳးသမီးတခ်ိဳ႕က လာေရာက္ဆက္သြယ္တာမ်ိဳး ရွိေနၿပီလုိ႔လည္း Aziro က ေျပာပါတယ္။ အခု သူရဲ႕လုပ္ရပ္ဟာ လူမႈကြန္ရက္မွာ ေခတ္စားေနလုိ႔ သူ႕အေနနဲ႔ မၾကာမီ မိန္းမတစ္ေယာက္ ရလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။

လင္းေဇာ္ကို (D Nae Khit)