တရုတ်သမ္မတရဲ့ခရီးစဉ်မှာ စီမံကိန်းငါးခု ရင်းနှီးမြှုပ်နှံမည်

33

မြန်မာနိုင်ငံကို သောကြာနေ့မှာ ရောက်ရှိမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင် ရဲ့ ခရီးစဉ်မှာ အဓိကကျတဲ့ စီမံကိန်းငါးခုအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပါလာမယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ပထမအနေနဲ့ အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံတန်ဖိုးရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ဖြစ်ပြီး အဲဒီစီမံကိန်းဟာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာဆီ လမ်းပွင့်သွားမှာဖြစ်ပါတယ်။

နောက်စီမံကိန်းတခုကတော့ ဒေါ်လာ ၈.၉ ဘီလျံကုန်ကျမယ့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းဖြစ်ပြီး၊ တရုတ်ရဲ့ ကုန်းတွင်းပိတ် ယူူနန်ပြည်နယ်ကနေ မူဆယ်နဲ့ မန္တလေးအထိ လမ်းပေါက်သွားမှာဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကိစ္စလည်း ဆွေးနွေးကြမှာဖြစ်ပြီး အဲဒီထဲမှာ ရှမ်းပြည်နယ်က နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ အထူးစီးပွားရေးဇုန် သုံးခုအကြောင်းလည်း ပါဝင်မယ်လို့သိရပါတယ်။အလားတူ ဒေါ်လာ ၁.၇ ဘီလျံ ကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်းလည်း ပါဝင်ပါတယ်။

ဒါတွေအပြင် ရှီကျင့်ဖျင်ရဲ့ခရီးစဉ်အတွင်း မြန်မာဘက်က ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကိစ္စ ထပ်မံဆွေးနွေးနိုင်ချေရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။အဲဒီစီံမံကိန်းကို ရှီကျင့်ဖျင်ကိုယ်တိုင် ၂ဝဝ၉ ခုနှစ် ဒုသမ္မတ ရာထူးနဲ့တုန်းက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

ျမန္မာႏိုင္ငံကို ေသာၾကာေန႔မွာ ေရာက္ရွိမယ့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ရဲ႕ ခရီးစဥ္မွာ အဓိကက်တဲ့ စီမံကိန္းငါးခုအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပါလာမယ္လို႔ AFP သတင္းက ေဖာ္ျပပါတယ္။

ပထမအေနနဲ႔ အေမရိကန္ေဒၚလာ ၁.၃ ဘီလ်ံတန္ဖိုးရွိတဲ့ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း ျဖစ္ၿပီး အဲဒီစီမံကိန္းဟာ တ႐ုတ္အတြက္ အိႏၵိယသမုဒၵရာဆီ လမ္းပြင့္သြားမွာျဖစ္ပါတယ္။

ေနာက္စီမံကိန္းတခုကေတာ့ ေဒၚလာ ၈.၉ ဘီလ်ံကုန္က်မယ့္ ျမန္ႏႈန္းျမင့္ ရထားလမ္းစီမံကိန္းျဖစ္ၿပီး၊ တ႐ုတ္ရဲ႕ ကုန္းတြင္းပိတ္ ယူူနန္ျပည္နယ္ကေန မူဆယ္နဲ႔ မႏၲေလးအထိ လမ္းေပါက္သြားမွာျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးကိစၥလည္း ေဆြးေႏြးၾကမွာျဖစ္ၿပီး အဲဒီထဲမွာ ရွမ္းျပည္နယ္က နယ္စပ္ကုန္သြယ္ေရးဇုန္နဲ႔ အထူးစီးပြားေရးဇုန္ သုံးခုအေၾကာင္းလည္း ပါဝင္မယ္လို႔သိရပါတယ္။အလားတူ ေဒၚလာ ၁.၇ ဘီလ်ံ ကုန္က်မယ့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းလည္း ပါဝင္ပါတယ္။

ဒါေတြအျပင္ ရွီက်င့္ဖ်င္ရဲ႕ခရီးစဥ္အတြင္း ျမန္မာဘက္က ရပ္ဆိုင္းထားတဲ့ ျမစ္ဆုံစီမံကိန္းကိစၥ ထပ္မံေဆြးေႏြးႏိုင္ေခ်ရွိတယ္လို႔ ေလ့လာသူေတြက ခန႔္မွန္းၾကပါတယ္။အဲဒီစီံမံကိန္းကို ရွီက်င့္ဖ်င္ကိုယ္တိုင္ ၂ဝဝ၉ ခုႏွစ္ ဒုသမၼတ ရာထူးနဲ႔တုန္းက လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

RFA Burmese