ဂိမ်းတွေဆက်တိုက်ဆော့လို့ မျက်လုံးပါဝါ (၁၀၀၀)ဒီဂရီအထိ တိုးသွားတဲ့ ကောင်လေး

18

တရုတ်နိုင်ငံ၊ ဒေါင်ဂွန်းမှာနေထိုင်တဲ့ အသက်(၅)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အရွယ်နဲ့မလိုက်အောင် ဂိမ်းတွေဆက်တိုက်ဆော့လွန်းလို့ မျက်လုံးဝါပါ (၁၀၀၀)ဒီဂရီနီးပါးအထိ တိုးသွားတယ်လို့ သိရပါတယ်။ သူဟာ မျက်လုံးအမြင် မှုန်ဝါးလာလို့ မိဘတွေကို ပြောပြခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ တစ်ခြားကလေးမိဘတွေအတွက်လည်း သတိထားစရာဖြစ်ခဲ့ပါတယ်။ ကလေးကို ဆေးရုံသွားပြတဲ့အခါမှာတော့ ရောဂါရှာဖွေရေးဆရာဝန်က သူ့ကို အသေးစိတ်စစ်ဆေးကြည့်ခဲ့ရာ ထင်မှတ်မထားတဲ့ အဖြေကိုတွေ့ရလို့ အလွန်အံ့သြခဲ့ရတယ်လို့ ပြောပါတယ်။

ဆရာဝန်ရဲ့အဆိုအရ ဒီကောင်လေးဟာ မျက်လုံးကွယ်မတက်ကို ဖြစ်နေပြီလို့ ဆိုပါတယ်။ သူရဲ့ညာဘက်မျက်လုံးမှာ အဝေးမှုန်နေပြီး (၉၅၇)ဒီဂရီအထိ ရှိပါတယ်။ ဘယ်ဘက်မျက်လုံးကတော့ အဝေးမှုန် (၇၅၀)ဒီဂရီနဲ့ မျက်စိစုံချက်မညီမှု (၃၀၀)ဒီဂရီ ဖြစ်နေပါတယ်။

ကောင်လေးကို Fundus examination လို့ခေါ်တဲ့ မျက်ကြည်လွှာ၊ အမြင်အာလုံးလက်ခံလွှာ၊ မျက်ကြည်လွှာဗဟိုချက် စတာတွေကို အသေးစိတ်ဆက်လက်စစ်ဆေးတဲ့အခါမှာ လုံးဝကို ပုံမှန်မဟုတ်တော့တဲ့ အနေအထားကို ရောက်နေပါပြီ။ ဒီပုံစံအတိုင်းဆိုရင် နောက်ထပ်(၃)မှာ သူ မျက်လုံးကွယ်မှာပါ။

မိဘတွေရဲ့အဆိုအရ ကလေးက ဆော့လွန်းလို့ ငြိမ်ငြိမ်သက်သက် ဆော့လို့ရမယ့် Tablet တစ်ခု ဝယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဂိမ်းစွဲသွားပြီး၊ တစ်ရက်ကို အနည်းဆုံး (၆)နာ ဂိမ်းဆော့ပါသတဲ့။ မျက်လုံးမှာ ဒီလိုရောဂါဖြစ်ခြင်းဟာ ဒီကလေးအဖို့ ကြီးလာတဲ့အခါ ဒုက္ခပိုဆိုးနိုင်ပါတယ်။ သူ့အနေနဲ့ ကာလရှည် ဆေးကုသမှုတွေ ဆက်လုပ်ရဦးမှာပါ။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

တ႐ုတ္ႏုိင္ငံ၊ ေဒါင္ဂြန္းမွာေနထိုင္တဲ့ အသက္(၅)ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ အရြယ္နဲ႔မလုိက္ေအာင္ ဂိမ္းေတြဆက္တုိက္ေဆာ့လြန္းလုိ႔ မ်က္လုံးဝါပါ (၁၀၀၀)ဒီဂရီနီးပါးအထိ တုိးသြားတယ္လုိ႔ သိရပါတယ္။ သူဟာ မ်က္လုံးအျမင္ မႈန္ဝါးလာလုိ႔ မိဘေတြကို ေျပာျပခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ တစ္ျခားကေလးမိဘေတြအတြက္လည္း သတိထားစရာျဖစ္ခဲ့ပါတယ္။ ကေလးကုိ ေဆး႐ုံသြားျပတဲ့အခါမွာေတာ့ ေရာဂါရွာေဖြေရးဆရာဝန္က သူ႕ကုိ အေသးစိတ္စစ္ေဆးၾကည့္ခဲ့ရာ ထင္မွတ္မထားတဲ့ အေျဖကုိေတြ႕ရလုိ႔ အလြန္အံ့ၾသခဲ့ရတယ္လုိ႔ ေျပာပါတယ္။

ဆရာဝန္ရဲ႕အဆုိအရ ဒီေကာင္ေလးဟာ မ်က္လုံးကြယ္မတက္ကုိ ျဖစ္ေနၿပီလုိ႔ ဆုိပါတယ္။ သူရဲ႕ညာဘက္မ်က္လုံးမွာ အေဝးမႈန္ေနၿပီး (၉၅၇)ဒီဂရီအထိ ရွိပါတယ္။ ဘယ္ဘက္မ်က္လုံးကေတာ့ အေဝးမႈန္ (၇၅၀)ဒီဂရီနဲ႔ မ်က္စိစုံခ်က္မညီမႈ (၃၀၀)ဒီဂရီ ျဖစ္ေနပါတယ္။

ေကာင္ေလးကုိ Fundus examination လုိ႔ေခၚတဲ့ မ်က္ၾကည္လႊာ၊ အျမင္အာလုံးလက္ခံလႊာ၊ မ်က္ၾကည္လႊာဗဟုိခ်က္ စတာေတြကို အေသးစိတ္ဆက္လက္စစ္ေဆးတဲ့အခါမွာ လုံးဝကုိ ပုံမွန္မဟုတ္ေတာ့တဲ့ အေနအထားကို ေရာက္ေနပါၿပီ။ ဒီပုံစံအတုိင္းဆုိရင္ ေနာက္ထပ္(၃)မွာ သူ မ်က္လုံးကြယ္မွာပါ။

မိဘေတြရဲ႕အဆုိအရ ကေလးက ေဆာ့လြန္းလုိ႔ ၿငိမ္ၿငိမ္သက္သက္ ေဆာ့လုိ႔ရမယ့္ Tablet တစ္ခု ဝယ္ေပးခဲ့တယ္လုိ႔ ဆုိပါတယ္။ အဲဒီေနာက္ ဂိမ္းစြဲသြားၿပီး၊ တစ္ရက္ကို အနည္းဆုံး (၆)နာ ဂိမ္းေဆာ့ပါသတဲ့။ မ်က္လုံးမွာ ဒီလုိေရာဂါျဖစ္ျခင္းဟာ ဒီကေလးအဖုိ႔ ႀကီးလာတဲ့အခါ ဒုကၡပုိဆုိးႏုိင္ပါတယ္။ သူ႕အေနနဲ႔ ကာလရွည္ ေဆးကုသမႈေတြ ဆက္လုပ္ရဦးမွာပါ။

လင္းေဇာ္ကုိ (D Nae Khit)