ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ ထုတ်ပယ်ခံရ

106
Photo : sportinglife

နည်းပြ အာနက်စတိုဗယ်ဗာဒီကတော့ ဘာစီလိုနာအသင်းကို ၂ နှစ်ခွဲအကြာ ကိုင်တွယ်ခဲ့ပြီးနောက်မှာတော့ မနေ့ကပဲ ရာထူးက ထုတ်ပယ်ခံလိုက်ရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နည်းပြတဦးကို ရာသီဝက်မှာ ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗယ်ဗာဒီရဲ့နေရာမှာ အစားထိုးဖို့အတွက် လာလီဂါ အတွေ့အကြုံရင့် နည်းပြတဦးဖြစ်တဲ့ ဘက်တစ်အသင်းရဲ့နည်းပြဟောင်း အန်းနရစ်ဆက်တီယန်နဲ့ အစားထိုးဖို့ ချိတ်ဆက်ထားပြီး မကြာသေးခင်က အင်္ဂလန်ကလပ် ဝက်ဖိုဒ့်အသင်းနဲ့ ချိတ်ဆက်ထားတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

အစောပိုင်းက အသင်းရဲ့ ကစားသမားဟောင်း ဇာဗီကို နည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရလို့ ဆက်တီယန်ကို ရည်ရွယ်ထားတာ ဖြစ်ပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြဟောင်း အာဂျင်တီးနားသား ပိုချက်တီနိုကိုလည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။

ဗယ်ဗာဒီ ကိုင်တွယ်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ လာလီဂါမှာ ထိပ်ဆုံးက ရပ်တည်နေသလို ချန်ပီယံလိဂ်မှာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းထားနိုင်ပါတယ်။

ထုတ်ပယ်ခဲ့တဲ့ အကြောင်းပြချက်နဲ့ ပတ်သက်လို့တော့ ဗယ်ဗာဒီအနေနဲ့ ဥရောပ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မသေချာလို့ လမ်းခွဲခဲ့တာ ဖြစ်ကြောင်း ဘာစီလိုနာအသင်းဘက်က ထုတ်ပြန်ထားပါတယ်။

DVB TV News

နည္းျပ အာနက္စတိုဗယ္ဗာဒီကေတာ့ ဘာစီလိုနာအသင္းကို ၂ ႏွစ္ခြဲအၾကာ ကိုင္တြယ္ခဲ့ၿပီးေနာက္မွာေတာ့ မေန႔ကပဲ ရာထူးက ထုတ္ပယ္ခံလိုက္ရပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ၁၇ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ နည္းျပတဦးကို ရာသီဝက္မွာ ထုတ္ပယ္ခဲ့တာလည္း ျဖစ္ပါတယ္။

ဗယ္ဗာဒီရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ လာလီဂါ အေတြ႕အႀကဳံရင့္ နည္းျပတဦးျဖစ္တဲ့ ဘက္တစ္အသင္းရဲ႕နည္းျပေဟာင္း အန္းနရစ္ဆက္တီယန္နဲ႔ အစားထိုးဖို႔ ခ်ိတ္ဆက္ထားၿပီး မၾကာေသးခင္က အဂၤလန္ကလပ္ ဝက္ဖိုဒ့္အသင္းနဲ႔ ခ်ိတ္ဆက္ထားတဲ့ နည္းျပလည္း ျဖစ္ပါတယ္။

အေစာပိုင္းက အသင္းရဲ႕ ကစားသမားေဟာင္း ဇာဗီကို နည္းျပရာထူးအတြက္ ကမ္းလွမ္းခဲ့ေပမယ့္ ျငင္းပယ္ခံခဲ့ရလို႔ ဆက္တီယန္ကို ရည္႐ြယ္ထားတာ ျဖစ္ေပမယ့္လည္း ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ နည္းျပေဟာင္း အာဂ်င္တီးနားသား ပိုခ်က္တီႏိုကိုလည္း ခ်ိတ္ဆက္ထားတယ္လို႔ သိရပါတယ္။

ဗယ္ဗာဒီ ကိုင္တြယ္ခဲ့တဲ့ ဘာစီလိုနာအသင္းဟာ လက္ရွိမွာ လာလီဂါမွာ ထိပ္ဆုံးက ရပ္တည္ေနသလို ခ်န္ပီယံလိဂ္မွာ ၁၆ သင္း ရႈံးထြက္အဆင့္ကို တက္လွမ္းထားႏိုင္ပါတယ္။

ထုတ္ပယ္ခဲ့တဲ့ အေၾကာင္းျပခ်က္နဲ႔ ပတ္သက္လို႔ေတာ့ ဗယ္ဗာဒီအေနနဲ႔ ဥေရာပ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ မေသခ်ာလို႔ လမ္းခြဲခဲ့တာ ျဖစ္ေၾကာင္း ဘာစီလိုနာအသင္းဘက္က ထုတ္ျပန္ထားပါတယ္။

DVB TV News