သပြေတန်းခံတပ် သို့မဟုတ် နောက်ဆုံးအညံ့ခံရာ နေရာ

135

အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေအကြောင်းမှာ မပါမဖြစ် နေရာတခုကတော့ သပြေတန်းခံတပ်ပါ။ နန်းမြို့ကို ဆန်တက်လာတဲ့ အင်္ဂလိပ်သင်္ဘောတွေကို ခုခံဖို့ စစ်သည်ရဲမက်ထောင်ချီ စောင့်ဆိုင်းနေခဲ့ပေမယ့် မခုခံရဆိုတဲ့ အမိန့်ကြောင့် လက်နက်ချခဲ့ရတဲ့ ခံတပ်ပါ။

ဒီခံတပ်ကို မင်းတုန်းမင်းလက်ထက် ၁၈၇၄ ခုနှစ် ဒီဇင်ဘာမှာ စတည်ဆောက်ခဲ့ပြီး ၄ နှစ်ကျော်ကြာ ဆောက်ရတာကြောင့် သီပေါမင်းလက်ထက် ၁၈၇၉ ခုနှစ် ဇန်နဝါရီမှာမှ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ထဲမှာရှိပြီး စစ်ကိုင်းတံတား (အင်းဝတံတား) အစွန်ဘေးဘက်မှာ ရှိပြီး ခံတပ်ရဲ့ မြောက်ဘက်ခြမ်းကတော့ တံတားချဉ်းကပ်လမ်းဖို့ မြေအောက်ကို ရောက်သွားတယ်လို့ ရှေးဟောင်းသုတေသနဌာနက ဆိုပါတယ်။

ဒီခံတပ်နဲ့ တဖက်ကမ်းတည်း ၂ မိုင်ကျော် အင်းဝမြို့ဟောင်းမှာ ဆင်ကျုံးခံတပ်၊ ၁ မိုင်ကျော် စစ်ကိုင်းဘက်ခြမ်းမှာ အစေခံ ခံတပ်တို့ ရှိနေပြီး သပြေတန်းခံတပ်ကတော့ အကြီးဆုံးပဲ ဖြစ်ပါတယ်။

ခံတပ်က မြေအောက်ကို တူးပြီး ဆောက်ထားတဲ့ပုံစံဖြစ်ပြီး အရှေ့-အနောက် ပေ ၄၀၀ ကျော်၊ တောင်-မြောက် ပေ ၃၅၀ ကျော် ကျယ်ပါတယ်။

ပတ်လည်မှာ အင်္ဂတေနဲ့ လိုဏ်တွေ ဆောက်ထားပြီး ရဲမက်ခန်း၊ ရိက္ခာခန်း၊ လက်နက်တိုက်၊ ဆင်ဝင်လမ်း စတာတွေ ထည့်သွင်းတည်ဆောက်ထားပါတယ်။ ခံတပ်ရဲ့အလယ်မှာ သစ်ပင်ကြီးတွေ ရှိနေပြီး ရေတွင်းတတွင်းလည်း ရှိပါတယ်။

တခန်းနဲ့ တခန်း ကူးသွားလို့ရအောင်လည်း အခန်းနံရံမှာ အပေါက်တွေ ဖောက်လုပ်ထားပါသေးတယ်။ အခန်းနံရံတချို့မှာတော့ လာရောက်လည်ပတ်သူတွေက မီးသွေးတွေ၊ အုတ်ခဲတွေနဲ့ ရောက်တတ်ရာရာ စာတွေ ရေးထားကြသလို တချို့နေရာတွေမှာတော့ စားသောက်စရာထည့်တဲ့ ဖော့ဘူးတွေ၊ အိတ်တွေ၊ အမှိုက်တွေ ရှိနေပါတယ်။

အပေါ်ဘက် မြေပြင်ပေါ်မှာ ရှေးခေတ်သုံး အမြောက်တွေကို ပြသထားပြီး အောက်ဘက် ဆင်ဝင်လိုဏ်ထဲမှာတော့ ဧရာမ ကျွန်းလုံးလှေကြီးတစင်းရှိနေပါတယ်။ ဒီလှေကို ၁၉၇၉ ခုနှစ်မှာ စစ်ကိုင်းဘက်ကနေ ရွှံ့နွံတွေထဲမှာ မြုပ်နေရာက တွေ့ခဲ့ပြီးနောက် ဒီကို သယ်ယူပြသထားတာ ဖြစ်ပြီး ခံတပ်နဲ့ ပတ်သက်နေတာတော့ မဟုတ်ပါဘူး။

၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲမှာ အရှေ့ဝင်းတော်မှူး၊ ရတနာသိင်္ဃမြို့ဝန်၊ ရဲဘက်မြင်းဝန် သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာ ဦးစီးတဲ့ စစ်သည် ၂,၀၀၀ ကျော်ဟာ ဒီခံတပ်မှာ တပ်စွဲထားပြီး ဆန်တက်လာမယ့် နယ်ချဲ့တွေကို ခုခံဖို့ အသင့်ရှိနေခဲ့ပေမယ့်

မခုခံရဆိုတဲ့ လွှတ်တော်က အမိန့်တော်ကြောင့် မြန်မာသက္ကရာဇ် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ မေဂျာဂျင်နရယ် အိပ်ချ်အင်န်ဒီပရင်တာဂတ်စ် ဦးစီးတဲ့ ဗြိတိသျှတပ်ပေါင်းစုဟာ မတိုက်ခိုက်ရဘဲနဲ့ ဒီခံတပ်ကို ရသွားခဲ့ပါတယ်။

ခံတပ်ကို တည်ဆောက်ခဲ့တာ နှစ် ၁၄၀ ကျော်ခဲ့ပြီဖြစ်လို့ ဟောင်းနွမ်းနေပြီလို့ ဆိုနိုင်ပေမယ့် ပြင်ဆင်ထိန်းသိမ်းထားတာကြောင့် ကြီးကြီးမားမား ပျက်စီးတာမရှိဘဲ ခန့်ခန့်ထည်ထည် ရှိနေတုန်း ဖြစ်ပါတယ်။

DVB TV News

အဂၤလိပ္-ျမန္မာ စစ္ပြဲေတြအေၾကာင္းမွာ မပါမျဖစ္ ေနရာတခုကေတာ့ သေျပတန္းခံတပ္ပါ။ နန္းၿမိဳ႕ကို ဆန္တက္လာတဲ့ အဂၤလိပ္သေဘၤာေတြကို ခုခံဖို႔ စစ္သည္ရဲမက္ေထာင္ခ်ီ ေစာင့္ဆိုင္းေနခဲ့ေပမယ့္ မခုခံရဆိုတဲ့ အမိန႔္ေၾကာင့္ လက္နက္ခ်ခဲ့ရတဲ့ ခံတပ္ပါ။

ဒီခံတပ္ကို မင္းတုန္းမင္းလက္ထက္ ၁၈၇၄ ခုႏွစ္ ဒီဇင္ဘာမွာ စတည္ေဆာက္ခဲ့ၿပီး ၄ ႏွစ္ေက်ာ္ၾကာ ေဆာက္ရတာေၾကာင့္ သီေပါမင္းလက္ထက္ ၁၈၇၉ ခုႏွစ္ ဇန္နဝါရီမွာမွ ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္ထဲမွာရွိၿပီး စစ္ကိုင္းတံတား (အင္းဝတံတား) အစြန္ေဘးဘက္မွာ ရွိၿပီး ခံတပ္ရဲ႕ ေျမာက္ဘက္ျခမ္းကေတာ့ တံတားခ်ဥ္းကပ္လမ္းဖို႔ ေျမေအာက္ကို ေရာက္သြားတယ္လို႔ ေရွးေဟာင္းသုေတသနဌာနက ဆိုပါတယ္။

ဒီခံတပ္နဲ႔ တဖက္ကမ္းတည္း ၂ မိုင္ေက်ာ္ အင္းဝၿမိဳ႕ေဟာင္းမွာ ဆင္က်ဳံးခံတပ္၊ ၁ မိုင္ေက်ာ္ စစ္ကိုင္းဘက္ျခမ္းမွာ အေစခံ ခံတပ္တို႔ ရွိေနၿပီး သေျပတန္းခံတပ္ကေတာ့ အႀကီးဆုံးပဲ ျဖစ္ပါတယ္။

ခံတပ္က ေျမေအာက္ကို တူးၿပီး ေဆာက္ထားတဲ့ပုံစံျဖစ္ၿပီး အေရွ႕-အေနာက္ ေပ ၄၀၀ ေက်ာ္၊ ေတာင္-ေျမာက္ ေပ ၃၅၀ ေက်ာ္ က်ယ္ပါတယ္။

ပတ္လည္မွာ အဂၤေတနဲ႔ လိုဏ္ေတြ ေဆာက္ထားၿပီး ရဲမက္ခန္း၊ ရိကၡာခန္း၊ လက္နက္တိုက္၊ ဆင္ဝင္လမ္း စတာေတြ ထည့္သြင္းတည္ေဆာက္ထားပါတယ္။ ခံတပ္ရဲ႕အလယ္မွာ သစ္ပင္ႀကီးေတြ ရွိေနၿပီး ေရတြင္းတတြင္းလည္း ရွိပါတယ္။

တခန္းနဲ႔ တခန္း ကူးသြားလို႔ရေအာင္လည္း အခန္းနံရံမွာ အေပါက္ေတြ ေဖာက္လုပ္ထားပါေသးတယ္။ အခန္းနံရံတခ်ိဳ႕မွာေတာ့ လာေရာက္လည္ပတ္သူေတြက မီးေသြးေတြ၊ အုတ္ခဲေတြနဲ႔ ေရာက္တတ္ရာရာ စာေတြ ေရးထားၾကသလို တခ်ိဳ႕ေနရာေတြမွာေတာ့ စားေသာက္စရာထည့္တဲ့ ေဖာ့ဘူးေတြ၊ အိတ္ေတြ၊ အမႈိက္ေတြ ရွိေနပါတယ္။

အေပၚဘက္ ေျမျပင္ေပၚမွာ ေရွးေခတ္သုံး အေျမာက္ေတြကို ျပသထားၿပီး ေအာက္ဘက္ ဆင္ဝင္လိုဏ္ထဲမွာေတာ့ ဧရာမ ကြၽန္းလုံးေလွႀကီးတစင္းရွိေနပါတယ္။ ဒီေလွကို ၁၉၇၉ ခုႏွစ္မွာ စစ္ကိုင္းဘက္ကေန ႐ႊံ႕ႏြံေတြထဲမွာ ျမဳပ္ေနရာက ေတြ႕ခဲ့ၿပီးေနာက္ ဒီကို သယ္ယူျပသထားတာ ျဖစ္ၿပီး ခံတပ္နဲ႔ ပတ္သက္ေနတာေတာ့ မဟုတ္ပါဘူး။

၁၈၈၅ ခုႏွစ္ တတိယ အဂၤလိပ္-ျမန္မာ စစ္ပြဲမွာ အေရွ႕ဝင္းေတာ္မႉး၊ ရတနာသိဃၤၿမိဳ႕ဝန္၊ ရဲဘက္ျမင္းဝန္ သတိုးမင္းႀကီး မဟာမင္းေခါင္ရာဇာ ဦးစီးတဲ့ စစ္သည္ ၂,၀၀၀ ေက်ာ္ဟာ ဒီခံတပ္မွာ တပ္စြဲထားၿပီး ဆန္တက္လာမယ့္ နယ္ခ်ဲ႕ေတြကို ခုခံဖို႔ အသင့္ရွိေနခဲ့ေပမယ့္

မခုခံရဆိုတဲ့ လႊတ္ေတာ္က အမိန႔္ေတာ္ေၾကာင့္ ျမန္မာသကၠရာဇ္ ၁၈၈၅ ခုႏွစ္ ႏိုဝင္ဘာ ၂၇ ရက္မွာ ေမဂ်ာဂ်င္နရယ္ အိပ္ခ်္အင္န္ဒီပရင္တာဂတ္စ္ ဦးစီးတဲ့ ၿဗိတိသွ်တပ္ေပါင္းစုဟာ မတိုက္ခိုက္ရဘဲနဲ႔ ဒီခံတပ္ကို ရသြားခဲ့ပါတယ္။

ခံတပ္ကို တည္ေဆာက္ခဲ့တာ ႏွစ္ ၁၄၀ ေက်ာ္ခဲ့ၿပီျဖစ္လို႔ ေဟာင္းႏြမ္းေနၿပီလို႔ ဆိုႏိုင္ေပမယ့္ ျပင္ဆင္ထိန္းသိမ္းထားတာေၾကာင့္ ႀကီးႀကီးမားမား ပ်က္စီးတာမရွိဘဲ ခန႔္ခန႔္ထည္ထည္ ရွိေနတုန္း ျဖစ္ပါတယ္။

DVB TV News