‘ချစ်ခင်စမှော်ရုံ’ရုပ်ရှင်ကားတွင် မြန်မာအိုင်ဒေါစတား အေးမြဖြူ ပါဝင်သရုပ်ဆောင်မည်

200

ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲရဲ့ စတားတယောက်ဖြစ်တဲ့ အသက်အငယ် ဆုံး ပြိုင်ပွဲဝင် အေးမြဖြူဟာ ‘ချစ်ခင်စမှော်ရုံ’အမည်ရတဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်သရုပ် ဆောင်တော့မှာ ဖြစ်ပါတယ်။

တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ ဒီရုပ်ရှင်ကားဟာ စာရေးဆရာ မောင်ဝဏ္ဏရဲ့ ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဏ ကြီးက ရိုက်ကူးပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အေးမြဖြူက သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ဒေါင်း၊ ကျော်ထက်အောင်၊ မိုးဟေကို၊ ပိုင်ဖြိုးသုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ် ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ခုလိုရေးသား ပြီး ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“ကဲ သတင်းကောင်းလေးလာပါပြီ။ တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက ရိုက် ကူးမယ့် **ချစ်ခင်စမှော်ရုံ**ရုပ်ရှင်ဇာတ်ကားကြီးမှာ မိုးသိုလေး ပါဝင်သရုပ်ဆောင်သွားမှာပါရှင်”

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲမှာ Blind Audition အဆင့်ကနေ နောက်ဆုံး Grand Final အဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ အေးမြဖြူဟာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်တဦးလည်းဖြစ်ပြီး သူ့ရဲ့ အရွယ်နဲ့ မလိုက်အောင် ပညာသားပါပါ ရွေးချယ်သီ ဆိုတဲ့ သီချင်းတွေကြောင့်လည်း ပြိုင်ပွဲဝင်တွေကြား ထင်ရှားသူတဦး ဖြစ်နေတာပါ။

အသက် ၉ နှစ်အရွယ်လောက်ကတည်းက Starlet’s Sky – ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်သီချင်းဆိုပြိုင်ပွဲမှတဆင့် Myanmar Idol ရဲ့ စင်မြင့်ဆီကို တက်လှမ်း လာခဲ့တဲ့ အေးမြဖြူဟာ အရင်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ် ဆောင်ခဲ့ဖူးသူ တဉီးလည်း ဖြစ်ပါတယ်။

DVB TV News

ၿပီးခဲ့တဲ့ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲရဲ႕ စတားတေယာက္ျဖစ္တဲ့ အသက္အငယ္ ဆုံး ၿပိဳင္ပြဲဝင္ ေအးျမျဖဴဟာ ‘ခ်စ္ခင္စေမွာ္႐ုံ’အမည္ရတဲ့ ႐ုပ္ရွင္ကားထဲမွာ ပါဝင္သ႐ုပ္ ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။

ေတာ္ဝင္မင္းသား႐ုပ္ရွင္ထုတ္လုပ္ေရးက စီစဥ္တဲ့ ဒီ႐ုပ္ရွင္ကားဟာ စာေရးဆရာ ေမာင္ဝဏၰရဲ႕ ဝတၳဳကို ႐ုပ္ရွင္အေနနဲ႔ ႐ိုက္ကူးမွာျဖစ္ၿပီး ဇာတ္ၫႊန္းနဲ႔ ဒါ႐ိုက္တာ ဏ ႀကီးက ႐ိုက္ကူးပုံေဖာ္ေပးသြားမွာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ ေအးျမျဖဴက သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ ေဒါင္း၊ ေက်ာ္ထက္ေအာင္၊ မိုးေဟကို၊ ပိုင္ၿဖိဳးသုတို႔နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ ပါတယ္။

သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာေတာ့ ခုလိုေရးသား ၿပီး ပရိသတ္ေတြကို အသိေပးမွ်ေဝထားခဲ့တာ ျဖစ္ပါတယ္။

“ကဲ သတင္းေကာင္းေလးလာပါၿပီ။ ေတာ္ဝင္မင္းသား႐ုပ္ရွင္ထုတ္လုပ္ေရးက ႐ိုက္ ကူးမယ့္ **ခ်စ္ခင္စေမွာ္႐ုံ**႐ုပ္ရွင္ဇာတ္ကားႀကီးမွာ မိုးသိုေလး ပါဝင္သ႐ုပ္ေဆာင္သြားမွာပါရွင္”

ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲမွာ Blind Audition အဆင့္ကေန ေနာက္ဆုံး Grand Final အဆင့္ထိ တက္လွမ္းႏိုင္ခဲ့တဲ့ ေအးျမျဖဴဟာ အသက္အငယ္ဆုံး ၿပိဳင္ပြဲဝင္တဦးလည္းျဖစ္ၿပီး သူ႔ရဲ႕ အ႐ြယ္နဲ႔ မလိုက္ေအာင္ ပညာသားပါပါ ေ႐ြးခ်ယ္သီ ဆိုတဲ့ သီခ်င္းေတြေၾကာင့္လည္း ၿပိဳင္ပြဲဝင္ေတြၾကား ထင္ရွားသူတဦး ျဖစ္ေနတာပါ။

အသက္ ၉ ႏွစ္အ႐ြယ္ေလာက္ကတည္းက Starlet’s Sky – ၾကယ္ကေလးေတြရဲ႕ ဂီတမိုးေကာင္းကင္သီခ်င္းဆိုၿပိဳင္ပြဲမွတဆင့္ Myanmar Idol ရဲ႕ စင္ျမင့္ဆီကို တက္လွမ္း လာခဲ့တဲ့ ေအးျမျဖဴဟာ အရင္ကတည္းက ကေလးသ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္သ႐ုပ္ ေဆာင္ခဲ့ဖူးသူ တဉီးလည္း ျဖစ္ပါတယ္။

DVB TV News