အကြွေးနွံနစ်နေတဲ့ဘဝက ရုန်းထွက်ချင်ရင် မဖြစ်မနေလုပ်ရမယ့် အချက်(၅)ချက်

518

ငွေရေးကြေးရေး မပြေလည်သူတွေဟာ ငွေကြေးအခက်အခဲဖြစ်တိုင်း၊ တစ်ခြားဖြေရှင်းရန်နည်းလမ်းတွေကို မစဉ်းစားနိုင်ဘဲ၊ အတိုးနဲ့ငွေချေးတဲ့စနစ်တွေကိုပဲ အားကိုးတတ်ကြပါတယ်။

အရပ်တိုးနဲ့ ဘဏ်တိုးဆိုပြီး နှစ်မျိုးရှိတဲ့အနက်၊ စာရွက်စာတမ်းတွေ ဘာတွေနဲ့ သိပ်အလုပ်မရှုပ်တဲ့ အရပ်တိုးကို တော်တော်များများက ရွေးချယ်ဖြစ်ကြပါတယ်။

အကြွေးနွံနစ်နေသူတွေအတွက် အတိုးငွေယူပြီး ဖြေရှင်းခြင်းဟာ မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ပါဘူး။ တစ်နည်းဆိုရသော် ခဏတာ အခက်အခဲလေး ပြေလည်သွားရုံနဲ့ ဒီဖြေရှင်းနည်းဟာ တကယ်မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူးဆိုတာ မြင်သာစေပါတယ်။

ဒီလိုနဲ့ အတိုးပေါ် အတိုးဆင့်၊ ဟိုဘက်က အကြွေးဟောင်းကို တစ်ခြားလူဘက်က လှည့်ပေးလိုက်နဲ့ လုံးလည်ချာလည် ဖြစ်နေကြသူတွေ အများကြီးပါ။

ဒီတော့ အကြွေးနွံနစ်နေတဲ့ဘဝက ရုန်းထွက်လို့မရဘူးလားဆိုတော့ ရပါတယ်။ ရအောင်ရုန်းရင် ရကို ရတယ်ဆိုတဲ့ စိတ်ထားလေး ထားဖို့လိုပါတယ်။ အကြွေနွံနစ်ရာကနေ ဘဝနွံတွေမနစ်စေဖို့ D Nae Khit ပရိသတ်ကြီးအတွက် အထိရောက်ဆုံး ဖြေရှင်းနည်းတွေကို မျှဝေလိုက်ပါတယ်။

(၁) ခိုင်မာတဲ့ဝင်ငွေတစ်ရပ် ရှိပါစေ

အလုပ်မလုပ်ဘဲ သူများအကြွေးထိုင်ယူပြီး၊ သူများပိုက်ဆံကို ကိုယ့်ပိုက်ဆံထင်မှတ်ကာ လက်ကြောမတင်းဘဲ မနေပါနဲ့။ သင်ဟာ အိမ်ထောင်ဦးစီးဖြစ်နေရင်၊ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးဖြစ်နေရင် ဒီအကြွေးသံသရာထဲကနေ ရုန်းထွက်ဖို့ သင့်မှာလည်း တာဝန်ရှိပါတယ်။

ဒီတော့ ခိုင်မာတဲ့ ဝင်ငွေရှိဖို့ မှန်ကန်တဲ့ အလုပ် လိုပါတယ်။ ကိုယ့်မှာ ဝင်ငွေမရှိဘဲ အကြွေးနွံက ရုန်းထွက်ဖို့ဆိုရင် ထီပေါက်မှပဲ ဖြစ်လာပါလိမ့်မယ်။

(၂) အသုံးစာရိတ်ကို လျှော့ချပါ

အကြွေးကျေချင်ရင် အသုံးစာရိတ်ကို လျှော့ချရပါမယ်။ အကြွေးက အိမ်ခေါင်ထိအောင် မြင့်နေချိန်၊ ကိုယ်က အသုံးစာရိတ်မလျှော့ဘဲ သူဌေးသုံး သုံးနေလို့ မဖြစ်ပါဘူး။ အစားအစာ၊ အဝတ်အထည်၊ အသွားအလာ၊ စတဲ့ မလိုအပ်ဘူးထင်ရတဲ့ ငွေထွက်ပေါက်တွေပိတ်ဖို့ လိုပါတယ်။ ဒီနည်းနဲ့ ငွေပိုငွေလျှံကို ရအောင်စုဆောင်းရမှာပါ။

(၃) ငွေစုဖြစ်အောင်စုပါ

စောစောက ပြောတဲ့အတိုင်း ငွေပိုငွေလျှံတွေ၊ မိမိပိုင် ရှာလို့ရတဲ့ ငွေတွေကို မလိုအပ်တဲ့နေရာတွေမှာ မသုံးမိစေဘဲ၊ စုဆောင်းထားဖို့ လိုအပ်ပါတယ်။ တစ်ချို့အကြွေးတွေက ဝင်ငွေနဲ့မကာမိတဲ့သူတွေအဖို့တော့ အပြည့်အဝ ပြန်ဆပ်ဖို့ နှစ်နဲ့ချီ ကြာတတ်ပါတယ်။ တစ်ချို့ဆိုရင် ရတဲ့ဝင်ငွေနဲ့တွက်စစ်ပါက ဘယ်လို့ ပြန်ဆပ်ဖို့ မဖြစ်နိုင်တဲ့ အနေအထားထိ အကြွေးနွံနစ်နေတတ်ပါတယ်။ စိတ်မပျက်ပါနဲ့။

(၄) ရင်းနီးမြှုပ်နှံပါ

ကိုယ့်ရဲ့ငွေက အကြွေးဆပ်ဖို့ မဖြစ်နိုင်သေးတဲ့ ပမာဏဆိုရင်တော့ အဲဒီငွေကို အလဟဿမြစ်အောင် ရင်းနီးမြှုပ်နှံဖို့ လိုပါတယ်။ ဆိုရရင် ငွေကို သေမသွားစေဘဲ၊ ရှင်အောင် လုပ်ထားတဲ့သဘောပါ။ ဒီတော့ သေချာမယ့် ရင်းနီးမြှုပ်နှံမှုမျိုးဆိုရင် မိမိကိုယ်ပိုင်ဦးနှောက်နဲ့ ဆင်ခြင်သုံးသပ်ပြီး ရင်းနီးမြှုပ်နှံသင့်ပါတယ်။

(၅) ဘယ်လိုအခြေအနေမျိုးနဲ့မှ ငွေတိုးထပ်မတင်ပါစေနဲ့၊ ဒါမှမဟုတ် အကြွေးထပ်အတင်မခံပါနဲ့

ငွေရေးကြေးရေး အခက်အခဲကြုံတိုင်း သူများငွေကို ယူပြီး ဖြေရှင်းမယ့်အစား၊ ယခင်တုန်းကတည်းက လုံလောက်တဲ့ ဝင်ငွေရှိခဲ့ရင်၊ စုမိဆောင်းမိဖြစ်ခဲ့ရင် အကြွေးနွံနစ်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကိုယ်က အကြွေးနွံနစ်နေပြီဆိုရင် အရင်က မလုပ်ဖြစ်ခဲ့တဲ့အရာတွေအတွက် နောင်တရနေမယ့်အစား၊ အရင်ကလို အမှားမျိုး ထပ်မမှားဖို့ လိုပါတယ်။ ဒါဖြင့် ဘယ်လိုဖြေရှင်းမရမလဲ မေးလာခဲ့ရင်၊ ဖြစ်သလိုသာ ဖြေရှင်းပါ။ အကြွေးထပ်အတင်မခံရဖို့သာ အရေးကြီးပါတယ်။

လင်းသူရိန်  (D Nae Khit Media)

ေငြေရးေၾကးေရး မေျပလည္သူေတြဟာ ေငြေၾကးအခက္အခဲျဖစ္တုိင္း၊ တစ္ျခားေျဖရွင္းရန္နည္းလမ္းေတြကို မစဥ္းစားႏုိင္ဘဲ၊ အတုိးနဲ႔ေငြေခ်းတဲ့စနစ္ေတြကိုပဲ အားကုိးတတ္ၾကပါတယ္။

အရပ္တုိးနဲ႔ ဘဏ္တုိးဆုိၿပီး ႏွစ္မ်ိဳးရွိတဲ့အနက္၊ စာရြက္စာတမ္းေတြ ဘာေတြနဲ႔ သိပ္အလုပ္မ႐ႈပ္တဲ့ အရပ္တုိးကို ေတာ္ေတာ္မ်ားမ်ားက ေရြးခ်ယ္ျဖစ္ၾကပါတယ္။

အေၾကြးႏြံနစ္ေနသူေတြအတြက္ အတုိးေငြယူၿပီး ေျဖရွင္းျခင္းဟာ မွန္ကန္ေသာ ေျဖရွင္းနည္းမဟုတ္ပါဘူး။ တစ္နည္းဆုိရေသာ္ ခဏတာ အခက္အခဲေလး ေျပလည္သြား႐ုံနဲ႔ ဒီေျဖရွင္းနည္းဟာ တကယ္မွန္ကန္တဲ့ ေျဖရွင္းနည္း မဟုတ္ဘူးဆုိတာ ျမင္သာေစပါတယ္။

ဒီလုိနဲ႔ အတုိးေပၚ အတုိးဆင့္၊ ဟုိဘက္က အေၾကြးေဟာင္းကို တစ္ျခားလူဘက္က လွည့္ေပးလုိက္နဲ႔ လုံးလည္ခ်ာလည္ ျဖစ္ေနၾကသူေတြ အမ်ားႀကီးပါ။

ဒီေတာ့ အေၾကြးႏြံနစ္ေနတဲ့ဘဝက ႐ုန္းထြက္လုိ႔မရဘူးလားဆုိေတာ့ ရပါတယ္။ ရေအာင္႐ုန္းရင္ ရကုိ ရတယ္ဆုိတဲ့ စိတ္ထားေလး ထားဖုိ႔လုိပါတယ္။ အေၾကြႏြံနစ္ရာကေန ဘဝႏြံေတြမနစ္ေစဖုိ႔ D Nae Khit ပရိသတ္ႀကီးအတြက္ အထိေရာက္ဆုံး ေျဖရွင္းနည္းေတြကို မွ်ေဝလုိက္ပါတယ္။

(၁) ခုိင္မာတဲ့ဝင္ေငြတစ္ရပ္ ရွိပါေစ

အလုပ္မလုပ္ဘဲ သူမ်ားအေၾကြးထုိင္ယူၿပီး၊ သူမ်ားပိုက္ဆံကို ကုိယ့္ပုိက္ဆံထင္မွတ္ကာ လက္ေၾကာမတင္းဘဲ မေနပါနဲ႔။ သင္ဟာ အိမ္ေထာင္ဦးစီးျဖစ္ေနရင္၊ ဒါမွမဟုတ္ မိသားစုဝင္တစ္ဦးဦးျဖစ္ေနရင္ ဒီအေၾကြးသံသရာထဲကေန ႐ုန္းထြက္ဖုိ႔ သင့္မွာလည္း တာဝန္ရွိပါတယ္။

ဒီေတာ့ ခုိင္မာတဲ့ ဝင္ေငြရွိဖုိ႔ မွန္ကန္တဲ့ အလုပ္ လုိပါတယ္။ ကုိယ့္မွာ ဝင္ေငြမရွိဘဲ အေၾကြးႏြံက ႐ုန္းထြက္ဖုိ႔ဆုိရင္ ထီေပါက္မွပဲ ျဖစ္လာပါလိမ့္မယ္။

(၂) အသုံးစာရိတ္ကို ေလွ်ာ့ခ်ပါ

အေၾကြးေက်ခ်င္ရင္ အသုံးစာရိတ္ကို ေလွ်ာ့ခ်ရပါမယ္။ အေၾကြးက အိမ္ေခါင္ထိေအာင္ ျမင့္ေနခ်ိန္၊ ကိုယ္က အသုံးစာရိတ္မေလွ်ာ့ဘဲ သူေဌးသုံး သုံးေနလုိ႔ မျဖစ္ပါဘူး။ အစားအစာ၊ အဝတ္အထည္၊ အသြားအလာ၊ စတဲ့ မလုိအပ္ဘူးထင္ရတဲ့ ေငြထြက္ေပါက္ေတြပိတ္ဖုိ႔ လုိပါတယ္။ ဒီနည္းနဲ႔ ေငြပုိေငြလွ်ံကို ရေအာင္စုေဆာင္းရမွာပါ။

(၃) ေငြစုျဖစ္ေအာင္စုပါ

ေစာေစာက ေျပာတဲ့အတုိင္း ေငြပုိေငြလွ်ံေတြ၊ မိမိပိုင္ ရွာလုိ႔ရတဲ့ ေငြေတြကို မလုိအပ္တဲ့ေနရာေတြမွာ မသုံးမိေစဘဲ၊ စုေဆာင္းထားဖုိ႔ လုိအပ္ပါတယ္။ တစ္ခ်ိဳ႕အေၾကြးေတြက ဝင္ေငြနဲ႔မကာမိတဲ့သူေတြအဖုိ႔ေတာ့ အျပည့္အဝ ျပန္ဆပ္ဖုိ႔ ႏွစ္နဲ႔ခ်ီ ၾကာတတ္ပါတယ္။ တစ္ခ်ိဳ႕ဆုိရင္ ရတဲ့ဝင္ေငြနဲ႔တြက္စစ္ပါက ဘယ္လို႔ ျပန္ဆပ္ဖုိ႔ မျဖစ္ႏုိင္တဲ့ အေနအထားထိ အေၾကြးႏြံနစ္ေနတတ္ပါတယ္။ စိတ္မပ်က္ပါနဲ႔။

(၄) ရင္းနီးျမႇုပ္ႏွံပါ

ကိုယ့္ရဲ႕ေငြက အေၾကြးဆပ္ဖုိ႔ မျဖစ္ႏုိင္ေသးတဲ့ ပမာဏဆုိရင္ေတာ့ အဲဒီေငြကို အလဟႆမျစ္ေအာင္ ရင္းနီးျမႇဳပ္ႏွံဖုိ႔ လုိပါတယ္။ ဆုိရရင္ ေငြကို ေသမသြားေစဘဲ၊ ရွင္ေအာင္ လုပ္ထားတဲ့သေဘာပါ။ ဒီေတာ့ ေသခ်ာမယ့္ ရင္းနီးျမႇဳပ္ႏွံမႈမ်ိဳးဆုိရင္ မိမိကိုယ္ပိုင္ဦးေႏွာက္နဲ႔ ဆင္ျခင္သုံးသပ္ၿပီး ရင္းနီးျမႇဳပ္ႏွံသင့္ပါတယ္။

(၅) ဘယ္လုိအေျခအေနမ်ိဳးနဲ႔မွ ေငြတုိးထပ္မတင္ပါေစနဲ႔၊ ဒါမွမဟုတ္ အေၾကြးထပ္အတင္မခံပါနဲ႔

ေငြေရးေၾကးေရး အခက္အခဲႀကဳံတုိင္း သူမ်ားေငြကုိ ယူၿပီး ေျဖရွင္းမယ့္အစား၊ ယခင္တုန္းကတည္းက လုံေလာက္တဲ့ ဝင္ေငြရွိခဲ့ရင္၊ စုမိေဆာင္းမိျဖစ္ခဲ့ရင္ အေၾကြးႏြံနစ္မွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ကိုယ္က အေၾကြးႏြံနစ္ေနၿပီဆုိရင္ အရင္က မလုပ္ျဖစ္ခဲ့တဲ့အရာေတြအတြက္ ေနာင္တရေနမယ့္အစား၊ အရင္ကလုိ အမွားမ်ိဳး ထပ္မမွားဖုိ႔ လုိပါတယ္။ ဒါျဖင့္ ဘယ္လုိေျဖရွင္းမရမလဲ ေမးလာခဲ့ရင္၊ ျဖစ္သလုိသာ ေျဖရွင္းပါ။ အေၾကြးထပ္အတင္မခံရဖုိ႔သာ အေရးႀကီးပါတယ္။

လင္းသူရိန္  (D Nae Khit Media)