အရွယ်မတိုင်ခင် မလိုချင်တဲ့ ကိုယ်ဝန် မရအောင် ဘာတွေ သိထားဖို့ လိုမလဲ

318

မျိုးဆက်ပွား ကျန်းမာရေး ဗဟုသုတ မရှိရင် အမျိုးသမီးလေးတွေ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ ရှိလာကြတာ၊ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချကြတာတွေ ရှိတဲ့အတွက် အသက်အန္တရာယ် ထိခိုက်စေရတဲ့အထိ ကျန်းမာရေး ပြဿနာတွေ ကြုံရတတ်ပါတယ်။

ဖျက်ချခွင့် မရှိလို့ ဖျက်မချဘဲ မွေးဖွားခဲ့ရင်လည်း မလိုချင်တဲ့ ကလေးကို တချို့က စွန့်ပစ်ကြတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာ နိုင်ငံအပါအဝင် အာရှ နိုင်ငံ အတော်များများမှာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာ အတော် နည်းပါးနေတာ တွေ့ရတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

ဒီနိုင်ငံတွေမှာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ဓလေ့ ထုံးတမ်းတွေအရ လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြဖို့ အခက်အခဲတွေ ရှိတယ်လို့ မလေးရှားနိုင်ငံ ဆာဘား ဆေးတက္ကသိုလ် (University of Malaysia Sabah) မျိုးဆက်ပွား ကျန်းမာရေးပညာ ဌာနက ဌာနမှူး ပါမောက္ခ ဒေါက်တာ စန်းစန်းဝင်းက ပြောပါတယ်။

အခုအခါ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကလေးတိုင်းကို သင့်တော်တဲ့ မျိုးဆက်ပွား ကျန်းမာရေး ပညာ Comprehensive Sexual Education သိရှိနိုင်ကြအောင် တတ်နိုင်သမျှ သင်ကြားပေးဖို့ ၂၀၀၉ ခုနှစ်က စတင်ပြီး UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ က လမ်းညွှန်ချက် ချမှတ်ပေးထားပါတယ်။

ဖြစ်နိုင်ရင် ကလေးတွေကို မူလတန်း အရွယ် ၅ နှစ်က စတင် သင်ပေးဖို့ ကုလသမဂ္ဂက အကြံပြုပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်ကျော်သက်အရွယ်နဲ့ ကလေးမီးဖွားကြသူ မိန်းကလေး ဦးရေက နှစ်စဉ် ငါးသောင်းလောက် ရှိတယ်လို့ UNFPA ( Myanmar) ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၂၀ ကနေ ၂၄ နှစ် အရွယ် လက်ရှိ အိမ်ထောင်သည် အမျိုးသမီးတွေဟာ သူတို့ အသက် ၁၈ နှစ် မပြည့်ခင် အိမ်ထောင်ပြုခဲ့ကြတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ၂၀၁၈ ခုနှစ် အတွင်း ထုတ်ပြန်တဲ့ စာရင်း ဇယားက ဖော်ပြ နေပါတယ်။

ဗဟုသုတနဲ့ ယဉ်ကျေးမှုက အတားအဆီးဖြစ်နေ

အမျိုးသားနဲ့ အမျိုးသမီး နေထိုင်ဆက်ဆံတာကို ပွင့်ပွင့် လင်းလင်း ပြောဆိုရင် ရိုင်းတယ်လို့ လက်ခံထားကြတဲ့ မြန်မာ့ လူမှု အသိုင်း အဝိုင်းမှာ ကလေးတွေကို ဒီလိုကိစ္စတွေ ပြောဆို သင်ပေးဖို့ ဆိုတာကလည်း အဟန့်အတားတွေ အများကြီး ရှိနေပါတယ်။

အသိုင်းအဝိုင်းက လက်မခံကြပေမဲ့ အခုခေတ်မှာ လူငယ်တွေက အင်တာနက်တွေကနေ တဆင့် ယူကျု ကနေ တဆင့် တွေ့မြင်ရတာတွေကို လက်တွေ့ ကျင့်သုံး နေကြပြီလို့ ပါမောက္ခ ဒေါက်တာ စန်းစန်းဝင်းက ပြောပါတယ်။

လူကြီးတွေ အနေနဲ့ ခေတ် ရေစီးကြောင်းကို ဘယ်လိုမှ လွန်ဆန်လို့ မရတဲ့ အတွက် လက်ရှိ အခြေအနေကို လက်ခံပြီး အသိပညာပေးဖို့က လွဲလို့ တခြား နည်းလမ်း မရှိဘူးလို့ ပါမောက္ခ ဒေါက်တာ စန်းစန်းဝင်း အပါအဝင် နားလည်သူ ပညာရှင်တွေက ပြောကြပါတယ်။

ဒါပေမယ့် လူငယ်တွေကို မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးဖို့ စာသင်ကျောင်းတွေမှာ စတင် သင်ကြားပေးဖို့ လိုအပ်ပေမဲ့ အဲဒီ ပညာရပ်ကို သင်ကြားပေးဖို့ ဆရာ ဆရာမတွေက ပိုင်နိုင်ကျွမ်းကျင်မှု မရှိတာကလည်း အခက်အခဲတွေ ရှိနေတယ်လို့ ဒေါက်တာ စန်းစန်းဝင်းက ပြော ပါတယ်။

မလိုချင်တဲ့ ကိုယ်ဝန်မရအောင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ဒေါက်တာ စန်းစန်းဝင်းက အကြံပြု ထားပါတယ်။

ဘယ်နိုင်ငံတွေမှာ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေ ရှိလဲ

ကမ္ဘာ တစ်ဝန်းလုံးက ကလေးမွေးဖွားနိုင်တဲ့ အရွယ် အမျိုးသမီး ဦးရေ ၁.၆၄ ဘီလျံမှာ ၃၇ ရာခိုင်နှုန်းကသာ ကန့်သတ်ချက်မရှိ တရားဝင် ကိုယ်ဝန်ဖျက်ချနိုင်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ ရှိကြတယ်လို့ World Economic Forum က ဖော်ပြထားပါတယ်။

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ရှိတဲ့ နိုင်ငံပေါင်း ၆၁ နိုင်ငံရှိပါတယ်။ လူမှုစီးပွားရေး အခြေခံအကြောင်းရင်းတွေပေါ်မူတည်ပြီး ကိုယ်ဝန် ဖျက်ချခွင့်ရှိတဲ့ နိုင်ငံ ၁၃ နိုင်ငံထဲမှာ ဗြိတိန်၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်ဝမ် တို့ ပါဝင်ပါတယ်။

ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေတစ်ခုအနေနဲ့တော့ အာရှနိုင်ငံတွေထဲမှာ နီပေါနိုင်ငံ တစ်နိုင်ငံကသာ အဲဒီလို ဥပဒေ ပြဋ္ဌာန်းထားတာ ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေပြဋ္ဌာန်းထားတာ မရှိပါဘူး။ ကိုယ်ဝန်ဖျက်ချရင် တရားမဝင်တဲ့အတွက် တချို့က ကျွမ်းကျင်တဲ့ ဆေးပညာရှင်နဲ့ မဟုတ်ဘဲ အရပ်လက်သည်နဲ့ ကိုယ်ဝန်ဖျက်ချတဲ့ အဖြစ်တွေကြောင့် အသက်မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ ဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ ကိုယ်တွေ့ ကြုံခဲ့ရတယ်လို့ ဒေါက်တာ စန်းစန်းဝင်းက ပြောပါတယ်။

၁။ ကိုယ်ဝန်ဆိုတာ မလိုချင်ဘဲရတာ မဖြစ်သင့်ပဲ လိုချင်လို့ ရတာပဲ ဖြစ်သင့်တယ်၊ အပျိုဖော်ဝင်ပြီးတဲ့ မိန်းကလေးတစ်ယောက်နဲ့ လူပျိုဖော်ဝင်ပြီးတဲ့ ယောက်ကျားလေး လိင်ဆက်ဆံမိရင် ကိုယ်ဝန် ရနိုင်တယ် ဆိုတဲ့ အသိ နှစ်ယောက်စလုံးမှာ ရှိဖို့ အရေးကြီးတယ်။

၂။ အဓိက က လူငယ်တွေ သမီးရည်းစား ဖြစ်ကြပြီး အတူနေမိရင် ကိုယ်ဝန်ရနိုင်တဲ့အတွက် ပညာမပြည့်စုံသေးလို့ အချိန်မတန်သေးခင် အိမ်ထောင် မပြုနိုင်သေးတဲ့ ကာလမှာ အတူ မနေတာ အကောင်းဆုံး ဖြစ်ပါတယ်။

၃။ အတူမနေဖို့ တားမရနိုင်တဲ့ အခြေအနေမျိုးဆိုရင် ရောဂါတွေ မကူးစက်အောင်၊ မလိုလား အပ်တဲ့ ကိုယ်ဝန်တွေ မရအောင် ကြိုတင် ကာကွယ် တားဆီးနိုင်တယ်ဆိုတဲ့ အသိပညာ ရှိသင့်တယ်၊ ကွန်ဒုံး သုံးတာ၊ ဓမ္မတာ လာတဲ့ရက်ကို တွက်ပြီး ရှောင်နိုင်တယ်။

၄။ အကာအကွယ် မယူဘဲ အတူ နေမိသွားတယ် ဆိုရင်လည်း ၂၄ နာရီ အတွင်း အလွန်ဆုံး ၄၈ နာရီ အတွင်းမှာ အရေးပေါ် သန္ဓေ တားဆေး သောက်နိုင်တယ်၊ ဒီလိုဆေးမျိုး သောက်ချင်ရင် နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်သင့်တယ်။

၅။ လက်မထပ်ထားတဲ့သူဖြစ်စေ၊ အတူနေသူဖြစ်စေ၊ လက်ထပ်ပြီး သားသမီး မလိုချင်သေးတဲ့သူတွေ ဖြစ်စေ ရည်ရှည် သန္ဓေတားဆေး သုံးလို့လည်း ရတယ်၊ တစ်နေ့ တစ်လုံး ၂၁ ရက် သောက်ပြီး ၇ ရက်ဖြတ်၊ နောက် ဆက်သောက်တဲ့ ပုံစံမျိုးနဲ့ လုပ်နိုင်သလို ထိုးဆေးနဲ့လည်း တားနိုင်တယ်၊

ကြိုတင်ကာကွယ်တာတွေ လုပ်တဲ့ကြားကပဲ မလိုလားတဲ့ ကိုယ်ဝန် ဆိုတာကလည်း ရနိုင်ပါသေးတယ်။ တချို့နိုင်ငံတွေမှာ မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ ဥပဒေအရ ခွင့်ပြုထားပေမဲ့ မြန်မာ နိုင်ငံ အပါအဝင် နိုင်ငံ အတော်များများမှာ ချွင်းချက် တချို့က လွဲပြီး ခွင့်ပြုထားတာ မရှိပါဘူး။

နယ်သာလန် နိုင်ငံမှာဆိုရင် ကမ္ဘာပေါ်မှာ ကိုယ်ဝန်ဖျက်ချမှု မရှိသလောက် နည်းပါးပြီး ဒီလို ဖြစ်ရတာက ကလေးငယ်တွေကို မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးမှုကို အသက် ၄ နှစ် အရွယ်ကစတင် လုပ်ဆောင်တာကြောင့် ဖြစ်တယ်လို့ ဒေါက်တာ စန်းစန်းဝင်းက ပြောပါတယ်။

အသိပညာ ပေးတယ် ဆိုတဲ့ အပိုင်းမှာ ကလေးတွေကို လိင်ဆက်ဆံမှု ဆိုင်ရာ သင်ပေးတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ ခန္ဓာ အစိတ် အပိုင်းတွေကို ဆွေးမျိုး ရင်းချာနဲ့ မိတ်ဆွေ အပါအဝင် ဘယ်သူ့ကိုမှ ထိကိုင်တာမျိုး မခံရဖို့ အသက်အရွယ် အလိုက် ပြောဆို ပညာပေးဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလို သင်ပေးတာဟာ ကလေးတွေကို လိင်ဆက်ဆံတာတွေ လုပ်လာအောင် တွန်းအားပေးသလို ဖြစ်နိုင်တယ်လို့ ပြောဆို ယူဆချက်တွေကလည်း ရှိနေပါတယ်။

ဒါပေမယ့် ဒီအယူအဆက မမှန်ဘူးလို့ ဒေါက်တာ စန်းစန်းဝင်းက အက်စတိုးနီးယား နိုင်ငံကို ဥပမာ ပေးပြီး ပြောပြပါတယ်။

အက်စတိုးနီးယားမှာ ၁၉၉၆ ခုနှစ်က စပြီး အသက် ၇ နှစ်ကနေ ၁၆ နှစ် အတွင်း ကလေးတွေကို မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဘာသာရပ်ကို စာသင်ကျောင်း တွေမှာ မဖြစ်မနေ သင်ကြားပေးခဲ့ပြီးနောက် ၁၀ နှစ် အတွင်း အကျိုး ရလဒ်ကောင်းတွေ ရလာတာ တွေ့ရှိ ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အက်စတိုးနီးယားမှာ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံတာ ရှောင်ကျဉ်လာကြတယ်၊ ဆက်ဆံမိတယ် ဆိုရင်လည်း ကိုယ်ဝန်မရအောင် အကာအကွယ်နဲ့ သုံးတတ်လာကြတယ်၊ ကွန်ဒုံးနဲ့ သန္ဓေတားဆေးတွေ ပိုသုံးလာကြတယ်၊ ကိုယ်ဝန် ဖျက်ချနှုန်းနဲ့ မလိုချင်တဲ့ ကိုယ်ဝန်ကို မွေးရတဲ့ ကလေးမွေးနှုန်း ကျဆင်းသွားတယ်၊ နောက်ပြီး HIV ရောဂါ ကူးစက်မှု၊ ကာလသားရောဂါနဲ့ ဂနိုးရီးယား ခေါ် ဆီးပူညောင်းကျ ရောဂါ ကူးစက်မှုတွေ လျော့ပါး ကျဆင်းသွားတယ်လို့ ဒေါက်တာ စန်းစန်းဝင်းက ဆိုပါတယ်။

BBC Burmese

မ်ိဳးဆက္ပြား က်န္းမာေရး ဗဟုသုတ မရွိရင္ အမ်ိဳးသမီးေလးေတြ မလိုလားအပ္တဲ့ ကိုယ္ဝန္ေတြ ရွိလာၾကတာ၊ မလိုခ်င္တဲ့ ကိုယ္ဝန္ကို ဖ်က္ခ်ၾကတာေတြ ရွိတဲ့အတြက္ အသက္အႏၲရာယ္ ထိခိုက္ေစရတဲ့အထိ က်န္းမာေရး ျပႆနာေတြ ႀကဳံရတတ္ပါတယ္။

ဖ်က္ခ်ခြင့္ မရွိလို႔ ဖ်က္မခ်ဘဲ ေမြးဖြားခဲ့ရင္လည္း မလိုခ်င္တဲ့ ကေလးကို တခ်ိဳ႕က စြန္႔ပစ္ၾကတဲ့အတြက္ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။

ျမန္မာ ႏိုင္ငံအပါအဝင္ အာရွ ႏိုင္ငံ အေတာ္မ်ားမ်ားမွာ မ်ိဳးဆက္ပြား က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အသိပညာ အေတာ္ နည္းပါးေနတာ ေတြ႕ရတယ္လို႔ ပညာရွင္ေတြက ေထာက္ျပၾကပါတယ္။

ဒီႏိုင္ငံေတြမွာ ဘာသာေရး၊ ယဥ္ေက်းမႈနဲ႔ ဓေလ့ ထုံးတမ္းေတြအရ လိင္မႈကိစၥနဲ႔ ပတ္သက္တဲ့ ကိစၥကို ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ ေျပာၾကဖို႔ အခက္အခဲေတြ ရွိတယ္လို႔ မေလးရွားႏိုင္ငံ ဆာဘား ေဆးတကၠသိုလ္ (University of Malaysia Sabah) မ်ိဳးဆက္ပြား က်န္းမာေရးပညာ ဌာနက ဌာနမႉး ပါေမာကၡ ေဒါက္တာ စန္းစန္းဝင္းက ေျပာပါတယ္။

အခုအခါ တစ္ကမာၻလုံးမွာ ရွိတဲ့ ကေလးတိုင္းကို သင့္ေတာ္တဲ့ မ်ိဳးဆက္ပြား က်န္းမာေရး ပညာ Comprehensive Sexual Education သိရွိႏိုင္ၾကေအာင္ တတ္ႏိုင္သမွ် သင္ၾကားေပးဖို႔ ၂၀၀၉ ခုႏွစ္က စတင္ၿပီး UNESCO ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖြဲ႕ က လမ္းၫႊန္ခ်က္ ခ်မွတ္ေပးထားပါတယ္။

ျဖစ္ႏိုင္ရင္ ကေလးေတြကို မူလတန္း အ႐ြယ္ ၅ ႏွစ္က စတင္ သင္ေပးဖို႔ ကုလသမဂၢက အႀကံျပဳပါတယ္။

ျမန္မာႏိုင္ငံမွာ ဆယ္ေက်ာ္သက္အ႐ြယ္နဲ႔ ကေလးမီးဖြားၾကသူ မိန္းကေလး ဦးေရက ႏွစ္စဥ္ ငါးေသာင္းေလာက္ ရွိတယ္လို႔ UNFPA ( Myanmar) ကုလသမဂၢ လူဦးေရ ရန္ပုံေငြ အဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ အသက္ ၂၀ ကေန ၂၄ ႏွစ္ အ႐ြယ္ လက္ရွိ အိမ္ေထာင္သည္ အမ်ိဳးသမီးေတြဟာ သူတို႔ အသက္ ၁၈ ႏွစ္ မျပည့္ခင္ အိမ္ေထာင္ျပဳခဲ့ၾကတယ္လို႔ ကုလသမဂၢ ကေလးသူငယ္မ်ားဆိုင္ရာ ရန္ပုံေငြ အဖြဲ႕ UNICEF ရဲ႕ ၂၀၁၈ ခုႏွစ္ အတြင္း ထုတ္ျပန္တဲ့ စာရင္း ဇယားက ေဖာ္ျပ ေနပါတယ္။

ဗဟုသုတနဲ႔ ယဥ္ေက်းမႈက အတားအဆီးျဖစ္ေန
အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ေနထိုင္ဆက္ဆံတာကို ပြင့္ပြင့္ လင္းလင္း ေျပာဆိုရင္ ႐ိုင္းတယ္လို႔ လက္ခံထားၾကတဲ့ ျမန္မာ့ လူမႈ အသိုင္း အဝိုင္းမွာ ကေလးေတြကို ဒီလိုကိစၥေတြ ေျပာဆို သင္ေပးဖို႔ ဆိုတာကလည္း အဟန္႔အတားေတြ အမ်ားႀကီး ရွိေနပါတယ္။

အသိုင္းအဝိုင္းက လက္မခံၾကေပမဲ့ အခုေခတ္မွာ လူငယ္ေတြက အင္တာနက္ေတြကေန တဆင့္ ယူက်ဳ ကေန တဆင့္ ေတြ႕ျမင္ရတာေတြကို လက္ေတြ႕ က်င့္သုံး ေနၾကၿပီလို႔ ပါေမာကၡ ေဒါက္တာ စန္းစန္းဝင္းက ေျပာပါတယ္။

လူႀကီးေတြ အေနနဲ႔ ေခတ္ ေရစီးေၾကာင္းကို ဘယ္လိုမွ လြန္ဆန္လို႔ မရတဲ့ အတြက္ လက္ရွိ အေျခအေနကို လက္ခံၿပီး အသိပညာေပးဖို႔က လြဲလို႔ တျခား နည္းလမ္း မရွိဘူးလို႔ ပါေမာကၡ ေဒါက္တာ စန္းစန္းဝင္း အပါအဝင္ နားလည္သူ ပညာရွင္ေတြက ေျပာၾကပါတယ္။

ဒါေပမယ့္ လူငယ္ေတြကို မ်ိဳးဆက္ပြား က်န္းမာေရး အသိပညာေပးဖို႔ စာသင္ေက်ာင္းေတြမွာ စတင္ သင္ၾကားေပးဖို႔ လိုအပ္ေပမဲ့ အဲဒီ ပညာရပ္ကို သင္ၾကားေပးဖို႔ ဆရာ ဆရာမေတြက ပိုင္ႏိုင္ကြၽမ္းက်င္မႈ မရွိတာကလည္း အခက္အခဲေတြ ရွိေနတယ္လို႔ ေဒါက္တာ စန္းစန္းဝင္းက ေျပာ ပါတယ္။

မလိုခ်င္တဲ့ ကိုယ္ဝန္မရေအာင္ ဘယ္လို လုပ္ေဆာင္ရမယ္ဆိုတာ ေဒါက္တာ စန္းစန္းဝင္းက အႀကံျပဳ ထားပါတယ္။

ဘယ္ႏိုင္ငံေတြမွာ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဥပေဒ ရွိလဲ

ကမာၻ တစ္ဝန္းလုံးက ကေလးေမြးဖြားႏိုင္တဲ့ အ႐ြယ္ အမ်ိဳးသမီး ဦးေရ ၁.၆၄ ဘီလ်ံမွာ ၃၇ ရာခိုင္ႏႈန္းကသာ ကန္႔သတ္ခ်က္မရွိ တရားဝင္ ကိုယ္ဝန္ဖ်က္ခ်ႏိုင္ခြင့္ရွိတဲ့ ႏိုင္ငံေတြမွာ ရွိၾကတယ္လို႔ World Economic Forum က ေဖာ္ျပထားပါတယ္။

တရားဝင္ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ရွိတဲ့ ႏိုင္ငံေပါင္း ၆၁ ႏိုင္ငံရွိပါတယ္။ လူမႈစီးပြားေရး အေျခခံအေၾကာင္းရင္းေတြေပၚမူတည္ၿပီး ကိုယ္ဝန္ ဖ်က္ခ်ခြင့္ရွိတဲ့ ႏိုင္ငံ ၁၃ ႏိုင္ငံထဲမွာ ၿဗိတိန္၊ အိႏၵိယ၊ ဂ်ပန္နဲ႔ ထိုင္ဝမ္ တို႔ ပါဝင္ပါတယ္။

ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဥပေဒတစ္ခုအေနနဲ႔ေတာ့ အာရွႏိုင္ငံေတြထဲမွာ နီေပါႏိုင္ငံ တစ္ႏိုင္ငံကသာ အဲဒီလို ဥပေဒ ျပ႒ာန္းထားတာ ရွိပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ကေတာ့ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ဥပေဒျပ႒ာန္းထားတာ မရွိပါဘူး။ ကိုယ္ဝန္ဖ်က္ခ်ရင္ တရားမဝင္တဲ့အတြက္ တခ်ိဳ႕က ကြၽမ္းက်င္တဲ့ ေဆးပညာရွင္နဲ႔ မဟုတ္ဘဲ အရပ္လက္သည္နဲ႔ ကိုယ္ဝန္ဖ်က္ခ်တဲ့ အျဖစ္ေတြေၾကာင့္ အသက္မေသဆုံးသင့္ဘဲ ေသဆုံးရတဲ့ ျဖစ္ရပ္ေတြ ျမန္မာႏိုင္ငံမွာ ကိုယ္ေတြ႕ ႀကဳံခဲ့ရတယ္လို႔ ေဒါက္တာ စန္းစန္းဝင္းက ေျပာပါတယ္။

၁။ ကိုယ္ဝန္ဆိုတာ မလိုခ်င္ဘဲရတာ မျဖစ္သင့္ပဲ လိုခ်င္လို႔ ရတာပဲ ျဖစ္သင့္တယ္၊ အပ်ိဳေဖာ္ဝင္ၿပီးတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ လူပ်ိဳေဖာ္ဝင္ၿပီးတဲ့ ေယာက္က်ားေလး လိင္ဆက္ဆံမိရင္ ကိုယ္ဝန္ ရႏိုင္တယ္ ဆိုတဲ့ အသိ ႏွစ္ေယာက္စလုံးမွာ ရွိဖို႔ အေရးႀကီးတယ္။

၂။ အဓိက က လူငယ္ေတြ သမီးရည္းစား ျဖစ္ၾကၿပီး အတူေနမိရင္ ကိုယ္ဝန္ရႏိုင္တဲ့အတြက္ ပညာမျပည့္စုံေသးလို႔ အခ်ိန္မတန္ေသးခင္ အိမ္ေထာင္ မျပဳႏိုင္ေသးတဲ့ ကာလမွာ အတူ မေနတာ အေကာင္းဆုံး ျဖစ္ပါတယ္။

၃။ အတူမေနဖို႔ တားမရႏိုင္တဲ့ အေျခအေနမ်ိဳးဆိုရင္ ေရာဂါေတြ မကူးစက္ေအာင္၊ မလိုလား အပ္တဲ့ ကိုယ္ဝန္ေတြ မရေအာင္ ႀကိဳတင္ ကာကြယ္ တားဆီးႏိုင္တယ္ဆိုတဲ့ အသိပညာ ရွိသင့္တယ္၊ ကြန္ဒုံး သုံးတာ၊ ဓမၼတာ လာတဲ့ရက္ကို တြက္ၿပီး ေရွာင္ႏိုင္တယ္။

၄။ အကာအကြယ္ မယူဘဲ အတူ ေနမိသြားတယ္ ဆိုရင္လည္း ၂၄ နာရီ အတြင္း အလြန္ဆုံး ၄၈ နာရီ အတြင္းမွာ အေရးေပၚ သေႏၶ တားေဆး ေသာက္ႏိုင္တယ္၊ ဒီလိုေဆးမ်ိဳး ေသာက္ခ်င္ရင္ နားလည္ တတ္ကြၽမ္းတဲ့ ဆရာဝန္နဲ႔ အရင္တိုင္ပင္ၿပီးမွ ေသာက္သင့္တယ္။

၅။ လက္မထပ္ထားတဲ့သူျဖစ္ေစ၊ အတူေနသူျဖစ္ေစ၊ လက္ထပ္ၿပီး သားသမီး မလိုခ်င္ေသးတဲ့သူေတြ ျဖစ္ေစ ရည္ရွည္ သေႏၶတားေဆး သုံးလို႔လည္း ရတယ္၊ တစ္ေန႔ တစ္လုံး ၂၁ ရက္ ေသာက္ၿပီး ၇ ရက္ျဖတ္၊ ေနာက္ ဆက္ေသာက္တဲ့ ပုံစံမ်ိဳးနဲ႔ လုပ္ႏိုင္သလို ထိုးေဆးနဲ႔လည္း တားႏိုင္တယ္၊

ႀကိဳတင္ကာကြယ္တာေတြ လုပ္တဲ့ၾကားကပဲ မလိုလားတဲ့ ကိုယ္ဝန္ ဆိုတာကလည္း ရႏိုင္ပါေသးတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာ မလိုခ်င္တဲ့ ကိုယ္ဝန္ကို ဖ်က္ခ်ဖို႔ ဥပေဒအရ ခြင့္ျပဳထားေပမဲ့ ျမန္မာ ႏိုင္ငံ အပါအဝင္ ႏိုင္ငံ အေတာ္မ်ားမ်ားမွာ ခြၽင္းခ်က္ တခ်ိဳ႕က လြဲၿပီး ခြင့္ျပဳထားတာ မရွိပါဘူး။

နယ္သာလန္ ႏိုင္ငံမွာဆိုရင္ ကမာၻေပၚမွာ ကိုယ္ဝန္ဖ်က္ခ်မႈ မရွိသေလာက္ နည္းပါးၿပီး ဒီလို ျဖစ္ရတာက ကေလးငယ္ေတြကို မ်ိဳးဆက္ပြား က်န္းမာေရး အသိပညာေပးမႈကို အသက္ ၄ ႏွစ္ အ႐ြယ္ကစတင္ လုပ္ေဆာင္တာေၾကာင့္ ျဖစ္တယ္လို႔ ေဒါက္တာ စန္းစန္းဝင္းက ေျပာပါတယ္။

အသိပညာ ေပးတယ္ ဆိုတဲ့ အပိုင္းမွာ ကေလးေတြကို လိင္ဆက္ဆံမႈ ဆိုင္ရာ သင္ေပးတာမ်ိဳး မဟုတ္ဘဲ ကိုယ့္ရဲ႕ ခႏၶာ အစိတ္ အပိုင္းေတြကို ေဆြးမ်ိဳး ရင္းခ်ာနဲ႔ မိတ္ေဆြ အပါအဝင္ ဘယ္သူ႔ကိုမွ ထိကိုင္တာမ်ိဳး မခံရဖို႔ အသက္အ႐ြယ္ အလိုက္ ေျပာဆို ပညာေပးဖို႔ကို ဆိုလိုတာ ျဖစ္ပါတယ္။

ဒီလို သင္ေပးတာဟာ ကေလးေတြကို လိင္ဆက္ဆံတာေတြ လုပ္လာေအာင္ တြန္းအားေပးသလို ျဖစ္ႏိုင္တယ္လို႔ ေျပာဆို ယူဆခ်က္ေတြကလည္း ရွိေနပါတယ္။

ဒါေပမယ့္ ဒီအယူအဆက မမွန္ဘူးလို႔ ေဒါက္တာ စန္းစန္းဝင္းက အက္စတိုးနီးယား ႏိုင္ငံကို ဥပမာ ေပးၿပီး ေျပာျပပါတယ္။

အက္စတိုးနီးယားမွာ ၁၉၉၆ ခုႏွစ္က စၿပီး အသက္ ၇ ႏွစ္ကေန ၁၆ ႏွစ္ အတြင္း ကေလးေတြကို မ်ိဳးဆက္ပြား က်န္းမာေရး ဆိုင္ရာ ဘာသာရပ္ကို စာသင္ေက်ာင္း ေတြမွာ မျဖစ္မေန သင္ၾကားေပးခဲ့ၿပီးေနာက္ ၁၀ ႏွစ္ အတြင္း အက်ိဳး ရလဒ္ေကာင္းေတြ ရလာတာ ေတြ႕ရွိ ခဲ့ရတယ္လို႔ သူက ေျပာပါတယ္။

အက္စတိုးနီးယားမွာ လူငယ္ေတြ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ လိင္ဆက္ဆံတာ ေရွာင္က်ဥ္လာၾကတယ္၊ ဆက္ဆံမိတယ္ ဆိုရင္လည္း ကိုယ္ဝန္မရေအာင္ အကာအကြယ္နဲ႔ သုံးတတ္လာၾကတယ္၊ ကြန္ဒုံးနဲ႔ သေႏၶတားေဆးေတြ ပိုသုံးလာၾကတယ္၊ ကိုယ္ဝန္ ဖ်က္ခ်ႏႈန္းနဲ႔ မလိုခ်င္တဲ့ ကိုယ္ဝန္ကို ေမြးရတဲ့ ကေလးေမြးႏႈန္း က်ဆင္းသြားတယ္၊ ေနာက္ၿပီး HIV ေရာဂါ ကူးစက္မႈ၊ ကာလသားေရာဂါနဲ႔ ဂႏိုးရီးယား ေခၚ ဆီးပူေညာင္းက် ေရာဂါ ကူးစက္မႈေတြ ေလ်ာ့ပါး က်ဆင္းသြားတယ္လို႔ ေဒါက္တာ စန္းစန္းဝင္းက ဆိုပါတယ္။

BBC Burmese