ဖခင်ရဲ့အလောင်းကို အခေါင်းထဲကထုတ်ပြီး ဝိုင်းရိုက်ကြတဲ့ သားသမီးတွေရဲ့လုပ်ရပ်

1230

တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်က စျာပနတစ်ခုမှာ ရုတ်ရုတ်သည်းသည်း ဖြစ်ခဲ့လို့ ဒေသခံတွေက ဝိုင်းဝန်းထိမ်းသိမ်းမှုတွေ လုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ကတော့ လူမှုကွန်ရက် မီဒီယာတွေမှာ ရေပန်းစားနေပြီး တော်တော်များများကလည်း အဖြေမှန်ကို သိချင်နေကြပါတယ်။

အဆိုပါ စျာပနကတော့ သက်ကြီးရွယ်အိုအမျိုးသားတစ်ယောက် သေဆုံးတာဖြစ်ပြီး၊ သူ သေဆုံးသွားခြင်းကို ကျန်ရစ်သူ သားသမီးတွေက မကျေနပ်ကြပါဘူး။ မကျေနပ်ကြခြင်းအကြောင်းအရင်းက သူတို့ဖခင်ဟာ သူတို့အပေါ်မှာ ဖခင်ဝတ္တရာ မကျေပွန်ခဲ့လို့ပါလို့ ဆိုပါတယ်။

အဆိုပါ သေဆုံးသူဟာ လွန်ခဲ့တဲ့နှစ်(၄၀)လောက်ကတည်းက တစ်ခြားမိန်းမကိုယူပြီး သားပစ်မယားပစ် လုပ်သွားခဲ့တာပါ။ ကျန်ရစ်ခဲ့သူတွေဟာ လူပုံအလည်မှာ ဒုက္ခကြီးစွာရောက်ခဲ့ကြပြီး၊ ဖခင်အပေါ်မှာ အညှိုးအတေး ကြီးစွာထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ဖခင်သေဆုံးတဲ့အခါ သူရဲ့ ဒုတိယမယားက စျာပနကို လုပ်မပေးတော့ပါဘူး။

သက်ရှိထင်ရှားရှိနေတဲ့ သူရဲ့သားသမီးတွေထံ ပိုက်ဆံနဲ့ဖခင်ရဲ့အလောင်းကို ပို့ပေးလိုက်ပြီး သင်္ဂြိုဟ်ခိုင်းခဲ့ပါတယ်။ တရုတ်မှာ စျာပနတစ်ခုလုပ်ရတာက အလှူတစ်ခုလုပ်ရတာထက် ပိုပြီး ကုန်ကျတယ်လို့ ဆိုပါတယ်။ ဒီအတွက် သားသမီးတွေက သေတဲ့အထိ ဒုက္ခပေးတယ်ဆိုပြီး-


အခေါင်းမှန်ဖုံးကို အတင်းဖျက်စီးပြီး၊ ဖခင်ရဲ့အလောင်းကို စိတ်ရှိလက်ရှိ ရိုက်ပါတော့တယ်။ သူတို့ဟာ စိတ်ရှိလက်ရှိ သောင်းကျန်းပြီးနောက်၊ အလောင်းကို အပြင်ကိုဆွဲထုတ်ပြီး ကြမ်းပြင်ပေါ် ပစ်ချထားခဲ့ပါတယ်။ သိရသလောက်တော့ ကျန်ရစ်သူ မိသားစုကလည်း သူ့စျာပနကို လုပ်မပေးပါဘူးတဲ့။ ဘာတွေ ဘယ်လို ဆက်ဖြစ်တယ်ဆိုတာကတော့ သတင်းမှာ အပြည့်အစုံ ရေးမထားခဲ့ပါဘူး။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

တ႐ုတ္ႏုိင္ငံ၊ Jiangsu ျပည္နယ္က စ်ာပနတစ္ခုမွာ ႐ုတ္႐ုတ္သည္းသည္း ျဖစ္ခဲ့လုိ႔ ေဒသခံေတြက ဝုိင္းဝန္းထိမ္းသိမ္းမႈေတြ လုပ္ခဲ့ရတယ္လုိ႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ကေတာ့ လူမႈကြန္ရက္ မီဒီယာေတြမွာ ေရပန္းစားေနၿပီး ေတာ္ေတာ္မ်ားမ်ားကလည္း အေျဖမွန္ကို သိခ်င္ေနၾကပါတယ္။

အဆုိပါ စ်ာပနကေတာ့ သက္ႀကီးရြယ္အုိအမ်ိဳးသားတစ္ေယာက္ ေသဆုံးတာျဖစ္ၿပီး၊ သူ ေသဆုံးသြားျခင္းကို က်န္ရစ္သူ သားသမီးေတြက မေက်နပ္ၾကပါဘူး။ မေက်နပ္ၾကျခင္းအေၾကာင္းအရင္းက သူတုိ႔ဖခင္ဟာ သူတုိ႔အေပၚမွာ ဖခင္ဝတၱရာ မေက်ပြန္ခဲ့လုိ႔ပါလုိ႔ ဆုိပါတယ္။

အဆုိပါ ေသဆုံးသူဟာ လြန္ခဲ့တဲ့နွစ္(၄၀)ေလာက္ကတည္းက တစ္ျခားမိန္းမကိုယူၿပီး သားပစ္မယားပစ္ လုပ္သြားခဲ့တာပါ။ က်န္ရစ္ခဲ့သူေတြဟာ လူပုံအလည္မွာ ဒုကၡႀကီးစြာေရာက္ခဲ့ၾကၿပီး၊ ဖခင္အေပၚမွာ အညိႇဳးအေတး ႀကီးစြာထားခဲ့ပါတယ္။ ျဖစ္ခ်င္ေတာ့ ဖခင္ေသဆုံးတဲ့အခါ သူရဲ႕ ဒုတိယမယားက စ်ာပနကို လုပ္မေပးေတာ့ပါဘူး။

သက္ရွိထင္ရွားရွိေနတဲ့ သူရဲ႕သားသမီးေတြထံ ပုိက္ဆံနဲ႔ဖခင္ရဲ႕အေလာင္းကို ပုိ႔ေပးလုိက္ၿပီး သၿဂႋဳဟ္ခုိင္းခဲ့ပါတယ္။ တ႐ုတ္မွာ စ်ာပနတစ္ခုလုပ္ရတာက အလွဴတစ္ခုလုပ္ရတာထက္ ပုိၿပီး ကုန္က်တယ္လုိ႔ ဆုိပါတယ္။ ဒီအတြက္ သားသမီးေတြက ေသတဲ့အထိ ဒုကၡေပးတယ္ဆုိၿပီး-

အေခါင္းမွန္ဖုံးကို အတင္းဖ်က္စီးၿပီး၊ ဖခင္ရဲ႕အေလာင္းကို စိတ္ရွိလက္ရွိ ႐ိုက္ပါေတာ့တယ္။ သူတုိ႔ဟာ စိတ္ရွိလက္ရွိ ေသာင္းက်န္းၿပီးေနာက္၊ အေလာင္းကို အျပင္ကိုဆြဲထုတ္ၿပီး ၾကမ္းျပင္ေပၚ ပစ္ခ်ထားခဲ့ပါတယ္။ သိရသေလာက္ေတာ့ က်န္ရစ္သူ မိသားစုကလည္း သူ႕စ်ာပနကို လုပ္မေပးပါဘူးတဲ့။ ဘာေတြ ဘယ္လုိ ဆက္ျဖစ္တယ္ဆုိတာကေတာ့ သတင္းမွာ အျပည့္အစုံ ေရးမထားခဲ့ပါဘူး။

လင္းေဇာ္ကုိ (D Nae Khit)