ခါးမှာအချည်ခံထားတဲ့ ကြိုးကို လူသားတွေဆီ လာဖြေခိုင်းတဲ့ ငါးမန်းကြီး ဗွီဒီယိုဖိုင်
145
သနားစဖွယ် ငါးမန်းကြီးတစ်ကောင်ဟာ သူရဲ့ခါးမှာအချည်ခံထားရတဲ့ ကြိုးကို လူသားတွေဆီချဉ်းကပ်ပြီး လာရောက်အဖြေခိုင်းခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကါွန်ရက် Facebook မှာ ပျံ့နှံ့နေပါတယ်။ ငါးမန်းကြီးကတော့ ဝေးလ်ငါးမန်း အမျိုးအစား ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကို WorldOfBuzz က ဖော်ပြခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ဒီဇင်ဘာ(၁)ရက်နေ့က Malaysia Animal Association’s Facebook မှာ စတင်ပျံ့နှံခဲ့တဲ့ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ ပါဝင်သူတွေမှာ မလေးရှားတံငါသည်တွေလို့ ယူဆရပါတယ်။
ငါးမန်းကြီးဟာ တံငါသည်တွေအနီးကို ရဲတင်းစွာ ချဉ်းကပ်ပြီး ဘေးလွတ်ရာကိုလည်း ကူးမပြေးပါဘူး။ ဒါကြောင့် တံငါသည်တစ်ဦးက မိကျောင်းကြီးဟာ သူ့မှာ အချည်ခံနေရတဲ့ ကြိုးကို ဖြေပေးစေချင်ပုံရတယ်လို့ ကောက်ချက်ချပြီး၊ ဖြေပေးဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီနောက် ရဲတင်းတဲ့အမျိုးသားက ငါးမန်းကြီးအနားကို ချဉ်းကပ်ပြီး ကြိုးကို ဓားနဲ့ဖြတ်တောက်ပေးခဲ့တာပါ။ ပြီးတော့ ငါးမန်းကြီးကို လက်နဲ့အသာပွတ်သပ်ပေးလိုက်ပါသေးတယ်။ ငါးမန်းကြီးဟာ အဲဒီတော့မှ ပျော်ရွှင်စွာ နှုတ်ဆက်ပြီး၊ ဝေးရာကို ကူးထွက်သွားပါတော့တယ်။
လင်းဇော်ကို
Zawgyi ဖြင့်ဖတ်ရန်-
For video link >>>https://web.facebook.com/animalmalaysia/videos/566815044104289/
လင်းဇော်ကို
Previous articleကပရ ဝန်ထမ်း ၁၆ ဦးကို AA ပြန်လွှတ်
Next articleအရွယ်မတိုင်ခင် မလိုချင်တဲ့ ကိုယ်ဝန် မရအောင် ဘာတွေ သိထားဖို့ လိုမလဲ
လင်းဇော်ကိုသည် ... D Nae Khit Media ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။ လင်းဇော်ကို သည် ဂျာနယ်/မဂ္ဂဇင်းများတွင် ဘာသာပြန်၊ အယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ စီနီယာအယ်ဒီတာ အစရှိသည့် ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိအချိန်တွင်လည်း နိုင်ငံခြားသတင်းများ၊ ဆောင်းပါးများ၊ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို ရေးသားလျှက် ရှိပါသည်။ လင်းဇော်ကိုသည် နတ်စည်တော်၊ လင်းသူရိန်၊ လင်းသုတ၊ နေသူရိန် အစရှိသည့် ကလောင်ခွဲများဖြင့်လည်း ဘာသာပြန်သတင်းဆောင်းပါးများ ရေးသားလျှက် ရှိပါသည်။