သွားတဲ့လမ်းမှာ သူနည်းနည်းကြပ်နေပြီ၊ ပြီးတော့ သတိနည်းနည်း လစ်သလိုဖြစ်နေပြီ၊

160

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က အသက် ၁၆ နှစ်အရွယ် မိန်းကလေးတဦး ပိုးသတ်ဆေးမှားသောက်မိလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရွာသစ်ကျေးရွာမှာ နေထိုင်တဲ့ မအေးရနံ့ဇော်ဟာ မနေ့ ညနေ ၃ နာရီ ဝန်းကျင်လောက်က ချောင်းဆိုးပျောက်ဆေးနဲ့ ပိုးသတ်ဆေးကိုမှားသောက်မိပြီးနောက် မိဘတွေနဲ့ ပရဟိတအဖွဲ့ဝင်တွေက ကျုံကူးဆေးရုံက တဆင့် ပုသိမ်ဆေးရုံကြီးကို လိုက်ပို့ခဲ့ပေမယ့် လမ်းမှာတင် သေဆုံးသွားခဲ့တယ်လို့ လိုက်ပါပို့ဆောင်ခဲ့တဲ့ ခေတ်သစ်အခမဲ့လူမှုကူညီရေး အဖွဲ့ဝင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

ခေတ်သစ်လူမှုကူညီရေးအဖွဲ့မှ ကိုဝေဖြိုးက “သူတို့ဆက်သွယ်လာတဲ့ အချိန်က ၃ နာရီကျော်လောက်ရှိပြီ၊ အဲ့တာနဲ့ ကျနော်တို့အဖွဲ့က သွားခေါ်ပြီး ဆေးရုံကို ချက်ခြင်းလိုက်ပို့ပါတယ်။ သွားတဲ့လမ်းမှာ သူနည်းနည်းကြပ်နေပြီ၊ ပြီးတော့ သတိနည်းနည်း လစ်သလိုဖြစ်နေပြီ၊

အဲ့တာနဲ့ ကျနော်တို့အဖွဲ့ကသူတွေက ကလေးမလေးကိုပြုစုပြီး ကျုံကူးဆေးရုံကို ရောက်သွားပါတယ်။ ဆေးရုံရောက်တော့ ဆရာဝန်တွေက လူနာကို အဆိပ်ထုတ်ပေးပြီး ပုသိမ်ဆေးရုံကြီးကို ပို့ဖို့ လွှဲတာနဲ့ လိုက်ပို့ချိန်မှာ လမ်းမှာ သေသွားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျုံကူးဆေးရုံရဲ့ လွှဲအပ်ချက်အရ ချောင်းဆိုးပျောက်ဆေးသောက်မိတဲ့ အမျိုးသမီးငယ်ကို ပုသိမ်ဆေးရုံကြီးကို လိုက်ပို့ဖို့ထွက်လာပြီး မိနစ် ၃၀ အကြာလောက်မှာ သေဆုံးခဲ့တာကြောင့် နေအိမ်ကို ပြန်လည်ပို့ဆောင် ပေးခဲ့ရတာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ အသက် ၁၆ နှစ် အမျိုးသမီးငယ်ရဲ့ အလောင်းကို နေအိမ်မှာ ထားရှိပြီး အသုဘအခမ်း အနားအတွက် ဒေသခံတွေလူငယ်တွေက ဝိုင်းဝန်း ကူညီပေးနေတယ်လို့ သိရပါတယ်။

သတင်း- မင်းထက်မုန်း DVB TV News

ဧရာဝတီတိုင္း၊ ငပုေတာၿမိဳ႕နယ္၊ တင္းေခ်ာင္းေက်း႐ြာအုပ္စုမွာ ဒီဇင္ဘာ ၃၀ ရက္ေန႔က အသက္ ၁၆ ႏွစ္အ႐ြယ္ မိန္းကေလးတဦး ပိုးသတ္ေဆးမွားေသာက္မိလို႔ ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြထံက သိရပါတယ္။

႐ြာသစ္ေက်း႐ြာမွာ ေနထိုင္တဲ့ မေအးရနံ႔ေဇာ္ဟာ မေန႔ ညေန ၃ နာရီ ဝန္းက်င္ေလာက္က ေခ်ာင္းဆိုးေပ်ာက္ေဆးနဲ႔ ပိုးသတ္ေဆးကိုမွားေသာက္မိၿပီးေနာက္ မိဘေတြနဲ႔ ပရဟိတအဖြဲ႕ဝင္ေတြက က်ဳံကူးေဆး႐ုံက တဆင့္ ပုသိမ္ေဆး႐ုံႀကီးကို လိုက္ပို႔ခဲ့ေပမယ့္ လမ္းမွာတင္ ေသဆုံးသြားခဲ့တယ္လို႔ လိုက္ပါပို႔ေဆာင္ခဲ့တဲ့ ေခတ္သစ္အခမဲ့လူမႈကူညီေရး အဖြဲ႕ဝင္တဦးက ဒီဗြီဘီကိုေျပာပါတယ္။

ေခတ္သစ္လူမႈကူညီေရးအဖြဲ႕မွ ကိုေဝၿဖိဳးက “သူတို႔ဆက္သြယ္လာတဲ့ အခ်ိန္က ၃ နာရီေက်ာ္ေလာက္ရွိၿပီ၊ အဲ့တာနဲ႔ က်ေနာ္တို႔အဖြဲ႕က သြားေခၚၿပီး ေဆး႐ုံကို ခ်က္ျခင္းလိုက္ပို႔ပါတယ္။ သြားတဲ့လမ္းမွာ သူနည္းနည္းၾကပ္ေနၿပီ၊ ၿပီးေတာ့ သတိနည္းနည္း လစ္သလိုျဖစ္ေနၿပီ၊

အဲ့တာနဲ႔ က်ေနာ္တို႔အဖြဲ႕ကသူေတြက ကေလးမေလးကိုျပဳစုၿပီး က်ဳံကူးေဆး႐ုံကို ေရာက္သြားပါတယ္။ ေဆး႐ုံေရာက္ေတာ့ ဆရာဝန္ေတြက လူနာကို အဆိပ္ထုတ္ေပးၿပီး ပုသိမ္ေဆး႐ုံႀကီးကို ပို႔ဖို႔ လႊဲတာနဲ႔ လိုက္ပို႔ခ်ိန္မွာ လမ္းမွာ ေသသြားတာပါ” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

က်ဳံကူးေဆး႐ုံရဲ႕ လႊဲအပ္ခ်က္အရ ေခ်ာင္းဆိုးေပ်ာက္ေဆးေသာက္မိတဲ့ အမ်ိဳးသမီးငယ္ကို ပုသိမ္ေဆး႐ုံႀကီးကို လိုက္ပို႔ဖို႔ထြက္လာၿပီး မိနစ္ ၃၀ အၾကာေလာက္မွာ ေသဆုံးခဲ့တာေၾကာင့္ ေနအိမ္ကို ျပန္လည္ပို႔ေဆာင္ ေပးခဲ့ရတာျဖစ္ပါတယ္။

ေသဆုံးခဲ့တဲ့ အသက္ ၁၆ ႏွစ္ အမ်ိဳးသမီးငယ္ရဲ႕ အေလာင္းကို ေနအိမ္မွာ ထားရွိၿပီး အသုဘအခမ္း အနားအတြက္ ေဒသခံေတြလူငယ္ေတြက ဝိုင္းဝန္း ကူညီေပးေနတယ္လို႔ သိရပါတယ္။

သတင္း- မင္းထက္မုန္း DVB TV News