ကမ္ဘာကြီးပျက်သုဉ်းမယ့် အချိန်ဟာ ထင်တာထက်,ပိုစောမည်ဟု ပညာရှင်များဆို

199

ကမ္ဘာကြီး ဘယ်အချိန်မှာ ပျက်မှာလဲဆိုပြီး စိတ်ဝင်တစားရှိနေသူတွေ တော်တော်များမယ်လို့ ယူဆရပါတယ်။ တစ်ချို့ကလည်း ကမ္ဘာကြီး ပျက်ကာမှ ပျက်ရော အားအားယားယား စိတ်မဝင်စားနိုင်ဘူးဆိုသူတွေလည်း ရှိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ဦးချင်းဆီရဲ့ တွေးခေါ်ပုံတွေ မတူညီလို့ ဒီလို အသေးစိတ်အချက်တွေကလည်း တူနိုင်မှာ မဟုတ်ပါဘူး။

အခုလည်း သီအိုရီသမားတွေက ကမ္ဘာကြီး ပျက်သုဉ်းမယ့်နေ့ဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုစောနိုင်တယ်လို့ ဆိုကြပါတယ်။ သမ္မာကျမ်းစာထဲမှာ ကမ္ဘာကြီး အမှန်တကယ် ပျက်မယ့်နေ့တွေကို ဟောထားခဲ့ကြောင်း သီအိုရီဘက်ကို ပိုယိုင်တဲ့လူတွေက ဆိုကြပါတယ်။

သို့သော်လည်း တစ်ချို့သေား စကားရပ်တွေဟာ အတိတ်ကောက်သလို ရမ်းသမ်းမှန်းဆရတာမို့၊ ထီထိုးရတာနဲ့အတူတူပဲလို့ ပြောနေသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အထက်ပါစကားရပ်ကို တစ်ခြားသီအိုရီဆရာတွေကလည်း ထောက်ခံနေပြီး ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

Shoebat.com ရဲ့ ပင်တိုင်စာရေးဆရာ Theodore Shoebat ကလည်း ခရစ်တော်ကိုဆန့်ကျင်သူတွေက ဂျေရုစလင်ကို တိုက်ခိုက်သိမ်းပိုက်လို့ သုံးနှစ်ခွဲအကြာမှာ ကမ္ဘာကြီး တကယ်ပျက်သုဉ်းလိမ့်မယ်ဆိုတာကို ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။ ဘယ်နေ့ကို သူတို့ တိုက်ခိုက်မှာလဲ … ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါ။

နောက်ပြီး အကြမ်းဖက်သမားတွေက ဘယ်သူဘယ်ဝါတွေဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းတော့ မရှိပါဘူး။ သို့သော် တကယ့် ကမ္ဘာပျက်မယ့်ရက်ဟာ ကျွန်တော်တို့တွက်ဆထားတာထက် လျှင်မြန်စွာ ကျရောက်လာဖို့ သေချာကြောင်း သီအိုရီဆရာတွေက သတိပေးခဲ့ပါတယ်။

End of Time Prophecies ဘလော့ဂ်ကို ရေးသားနေတဲ့ Michael Parker ကတော့ Daily Star Online သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ တိကျတဲ့ ရက်စွဲတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ Parker ရဲ့ အပြောအရ (၂၀၁၇)ခုနှစ် စက်တင်ဘာ (၃၁) ရက်နေ့မှာ ဒေါသထွက်နေတဲ့ ဘုရားသခင်က-

Revelation စာအုပ်ထဲမှာ ခန့်မှန်းထားတဲ့အတိုင်း ကမ္ဘာကြီးပျက်မယ့်နေ့ကို ကြေငြာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီနေ့က ကျော်လွန်သွားပြီမို့ သိပ်ပူစရာမလိုတော့တဲ့သဘောပါ။ ဒါပေမယ့် သူရဲ့ ဟောစာတမ်းက မဆုံးသေးပါဘူး။ အဲဒီနောက် သုံးနှစ်ခွဲအကြာ (၂၀၂၁) ခုနှစ် မတ်လ (၂၃) ရက်နေ့ဟာ-

ကမ္ဘာကြီး အမှန်တကယ် ပျက်သုဉ်းမယ့်နေ့ဖြစ်ကြောင်း Parker က ပြောခဲ့ပါတယ်။( ဒီရက်စွဲကတော့ မရောက်လာသေးတဲ့အတွက် သူပြောတာ မှန်မမှန် စိတ်ဝင်စားစရာပါ။) အဲဒီနောက် သုံးနှစ်ခွဲအကြာမှာ ခရစ်တော် ပြန်ပေါ်လာပြီး အရာအလားလုံးကို အစကနေ ပြန်ပြီးဖန်ဆင်းလိမ့်မယ်လို့ Theodore နဲ့ Parker တို့က တညီတညွတ်တည်း ဆိုခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်နာမည်ကျော် ပညာရှင် ဒေါက်တာ John Ankerberg က ငြင်းဆန်ခဲ့ပါတယ်။ John က ” ကျမ်းစာထဲမှာ ဖော်ပြထားတာတွေကသာ ရှင်းရှင်းလင်းလင်း ရှိခဲ့မယ်ဆိုရင် ခရစ်တော် ပြန်ပေါ်လာမယ့် ရက်ကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး … နောက် ခရစ်တော်ဟာ အခု မျိုးဆက်မှာပြန်ပေါ်လာမယ် ဆိုတာကိုလည်း ဘယ်လိုသက်သေပြလို့မှ မရနိုင်ပါဘူး … “လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

ကမာၻႀကီး ဘယ္အခ်ိန္မွာ ပ်က္မွာလဲဆုိၿပီး စိတ္ဝင္တစားရွိေနသူေတြ ေတာ္ေတာ္မ်ားမယ္လုိ႔ ယူဆရပါတယ္။ တစ္ခ်ိဳ႕ကလည္း ကမာၻႀကီး ပ်က္ကာမွ ပ်က္ေရာ အားအားယားယား စိတ္မဝင္စားႏုိင္ဘူးဆုိသူေတြလည္း ရွိပါလိမ့္မယ္။ ဘယ္လုိပဲျဖစ္ျဖစ္ လူတစ္ဦးခ်င္းဆီရဲ႕ ေတြးေခၚပုံေတြ မတူညီလုိ႔ ဒီလုိ အေသးစိတ္အခ်က္ေတြကလည္း တူႏုိင္မွာ မဟုတ္ပါဘူး။

အခုလည္း သီအုိရီသမားေတြက ကမာၻႀကီး ပ်က္သုဥ္းမယ့္ေန႔ဟာ ကၽြန္ေတာ္တုိ႔ ထင္ထားတာထက္ ပုိေစာႏုိင္တယ္လုိ႔ ဆုိၾကပါတယ္။ သမၼာက်မ္းစာထဲမွာ ကမာၻႀကီး အမွန္တကယ္ ပ်က္မယ့္ေန႔ေတြကို ေဟာထားခဲ့ေၾကာင္း သီအုိရီဘက္ကုိ ပုိယုိင္တဲ့လူေတြက ဆုိၾကပါတယ္။

သုိ႔ေသာ္လည္း တစ္ခ်ိဳ႕ေသား စကားရပ္ေတြဟာ အတိတ္ေကာက္သလုိ ရမ္းသမ္းမွန္းဆရတာမုိ႔၊ ထီထိုးရတာနဲ႔အတူတူပဲလုိ႔ ေျပာေနသူေတြလည္း ရွိပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ အထက္ပါစကားရပ္ကို တစ္ျခားသီအုိရီဆရာေတြကလည္း ေထာက္ခံေနၿပီး ျဖစ္ႏုိင္တယ္လုိ႔ ဆုိၾကပါတယ္။

Shoebat.com ရဲ႕ ပင္တုိင္စာေရးဆရာ Theodore Shoebat ကလည္း ခရစ္ေတာ္ကုိဆန္႕က်င္သူေတြက ေဂ်႐ုစလင္ကုိ တုိက္ခုိက္သိမ္းပိုက္လုိ႔ သုံးႏွစ္ခြဲအၾကာမွာ ကမာၻႀကီး တကယ္ပ်က္သုဥ္းလိမ့္မယ္ဆိုတာကို ယုံၾကည္ေၾကာင္း ဆုိခဲ့ပါတယ္။ ဘယ္ေန႔ကို သူတုိ႔ တုိက္ခိုက္မွာလဲ … ရွင္းရွင္းလင္းလင္း ေဖာ္ျပမထားပါ။

ေနာက္ၿပီး အၾကမ္းဖက္သမားေတြက ဘယ္သူဘယ္၀ါေတြဆုိတာကုိလည္း ရွင္းရွင္းလင္းလင္း ေဖာ္ျပထားျခင္းေတာ့ မရွိပါဘူး။ သုိ႔ေသာ္ တကယ့္ ကမာၻပ်က္မယ့္ရက္ဟာ ကၽြန္ေတာ္တုိ႔တြက္ဆထားတာထက္ လွ်င္ျမန္စြာ က်ေရာက္လာဖုိ႔ ေသခ်ာေၾကာင္း သီအုိရီဆရာေတြက သတိေပးခဲ့ပါတယ္။

End of Time Prophecies ဘေလာ့ဂ္ကို ေရးသားေနတဲ့ Michael Parker ကေတာ့ Daily Star Online သတင္းစာနဲ႔ ေတြ႕ဆုံစဥ္မွာ တိက်တဲ့ ရက္စြဲတစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ Parker ရဲ႕ အေျပာအရ (၂၀၁၇)ခုႏွစ္ စက္တင္ဘာ (၃၁) ရက္ေန႔မွာ ေဒါသထြက္ေနတဲ့ ဘုရားသခင္က-

Revelation စာအုပ္ထဲမွာ ခန္႔မွန္းထားတဲ့အတိုင္း ကမာၻႀကီးပ်က္မယ့္ေန႔ကုိ ေၾကျငာလိမ့္မယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ အဲဒီေန႔က ေက်ာ္လြန္သြားၿပီမုိ႔ သိပ္ပူစရာမလုိေတာ့တဲ့သေဘာပါ။ ဒါေပမယ့္ သူရဲ႕ ေဟာစာတမ္းက မဆုံးေသးပါဘူး။ အဲဒီေနာက္ သုံးႏွစ္ခြဲအၾကာ (၂၀၂၁) ခုႏွစ္ မတ္လ (၂၃) ရက္ေန႔ဟာ-

ကမာၻႀကီး အမွန္တကယ္ ပ်က္သုဥ္းမယ့္ေန႔ျဖစ္ေၾကာင္း Parker က ေျပာခဲ့ပါတယ္။( ဒီရက္စြဲကေတာ့ မေရာက္လာေသးတဲ့အတြက္ သူေျပာတာ မွန္မမွန္ စိတ္ဝင္စားစရာပါ။) အဲဒီေနာက္ သုံးႏွစ္ခြဲအၾကာမွာ ခရစ္ေတာ္ ျပန္ေပၚလာၿပီး အရာအလားလုံးကို အစကေန ျပန္ျပီးဖန္ဆင္းလိမ့္မယ္လုိ႔ Theodore နဲ႔ Parker တို႔က တညီတညြတ္တည္း ဆုိခဲ့ပါတယ္။

ဒါေပမယ့္ အေမရိကန္နာမည္ေက်ာ္ ပညာရွင္ ေဒါက္တာ John Ankerberg က ျငင္းဆန္ခဲ့ပါတယ္။ John က ” က်မ္းစာထဲမွာ ေဖာ္ျပထားတာေတြကသာ ရွင္းရွင္းလင္းလင္း ရွိခဲ့မယ္ဆုိရင္ ခရစ္ေတာ္ ျပန္ေပၚလာမယ့္ ရက္ကို ဘယ္သူမွ သိႏုိင္မွာ မဟုတ္ပါဘူး … ေနာက္ ခရစ္ေတာ္ဟာ အခု မ်ိဳးဆက္မွာျပန္ေပၚလာမယ္ ဆုိတာကုိလည္း ဘယ္လုိသက္ေသျပလုိ႔မွ မရႏုိင္ပါဘူး … “လုိ႔ ေျပာခဲ့ပါတယ္။

လင္းေဇာ္ကုိ (D Nae Khit)