TNLA နဲ့ တပ်တိုက်ပွဲကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံး

156

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိး-နမၼတူလမ္းပိုင္းမွာ (တနဂၤေႏြေန႔) မေန႔က တပ္မေတာ္နဲ႔ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ TNLA တို႔ တိုက္ပြဲေၾကာင့္ ယာဥ္ေမာင္းတစ္ဦး ေသဆုံးခဲ့ပါတယ္။

လားရႈိး-နမၼတူ လမ္းပိုင္း ဆယ့္ငါးမိုင္ လြယ္ေတာက္႐ြာနဲ႔ ဆယ့္ရွစ္မိုင္႐ြာၾကားမွာ နာရီဝက္ၾကာ တိုက္ပြဲျဖစ္ပြားခဲ့တာပါ။ ႏွစ္ဖက္ပစ္ခတ္မႈေၾကာင့္ ခရီးသြားကားဆရာတစ္ဦး လက္နက္ႀကီးထိၿပီး ေသဆုံးခဲ့တယ္လို႔ လြယ္ေတာက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက RFA ကို ေျပာပါတယ္။

တပ္မေတာ္စစ္ေၾကာင္းက ၁၈ မိုင္ကေန လားရႈိးဘက္ကို လာတဲ့အခ်ိန္ TNLA တပ္ေတြနဲ႔ တိုက္ပြဲျဖစ္ၿပီး လက္နက္ႀကီးေတြနဲ႔ အျပန္အလွန္ပစ္ခတ္ကာ တိုက္ပြဲျပင္းထန္တယ္လို႔ ေျပာပါတယ္။

တိုက္ပြဲေၾကာင့္ ခရီးသြားကားေတြကို ယာယီတားထားၿပီး ျပန္လႊတ္တဲ့အခ်ိန္မွာ ၁၇ မိုင္နားမွာ ခရီးသြားကား လက္နက္ႀကီးထိတာလို႔ လြယ္ေတာက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ လက္နက္ႀကီးထိတဲ့ကားဟာ နမၼတူ ေဘာ္တြင္းကေနထြက္လာတဲ့ ကုန္တင္ကားႀကီးျဖစ္ပါတယ္။ ယာဥ္ေမာင္းကေတာ့ ေနရာမွာပဲ ေသဆုံးတယ္လို႔ သိရပါတယ္။

ညေနပိုင္းအထိ စစ္ေရးတင္းမာေနတဲ့ အေျခအေနရွိတယ္လို႔လည္း ဆိုပါတယ္။ ဒီတိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ TNLA ေျပာခြင့္ရသူ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္၊ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲက ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းတို႔က RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

နမၼတူ-လားရႈိးလမ္းပိုင္း လြယ္ေတာက္႐ြာ ဆယ့္ရွစ္မိုင္႐ြာေတြမွာ အခုလအတြင္း တပ္မေတာ္နဲ႔ TNLA တပ္ေတြ တိုက္ပြဲေၾကာင့္ ေဒသခံေက်း႐ြာသားေတြ ေနရပ္စြန႔္ခြာရတာ ႏွစ္ႀကိမ္ ရွိေနၿပီျဖစ္ပါတယ္။

RFA Burmese

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပိုင်းမှာ (တနင်္ဂနွေနေ့) မနေ့က တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တို့ တိုက်ပွဲကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပါတယ်။

လားရှိုး-နမ္မတူ လမ်းပိုင်း ဆယ့်ငါးမိုင် လွယ်တောက်ရွာနဲ့ ဆယ့်ရှစ်မိုင်ရွာကြားမှာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်ပစ်ခတ်မှုကြောင့် ခရီးသွားကားဆရာတစ်ဦး လက်နက်ကြီးထိပြီး သေဆုံးခဲ့တယ်လို့ လွယ်တောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက RFA ကို ပြောပါတယ်။

တပ်မတော်စစ်ကြောင်းက ၁၈ မိုင်ကနေ လားရှိုးဘက်ကို လာတဲ့အချိန် TNLA တပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန်တယ်လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ခရီးသွားကားတွေကို ယာယီတားထားပြီး ပြန်လွှတ်တဲ့အချိန်မှာ ၁၇ မိုင်နားမှာ ခရီးသွားကား လက်နက်ကြီးထိတာလို့ လွယ်တောက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လက်နက်ကြီးထိတဲ့ကားဟာ နမ္မတူ ဘော်တွင်းကနေထွက်လာတဲ့ ကုန်တင်ကားကြီးဖြစ်ပါတယ်။ ယာဉ်မောင်းကတော့ နေရာမှာပဲ သေဆုံးတယ်လို့ သိရပါတယ်။

ညနေပိုင်းအထိ စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။ ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့က RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နမ္မတူ-လားရှိုးလမ်းပိုင်း လွယ်တောက်ရွာ ဆယ့်ရှစ်မိုင်ရွာတွေမှာ အခုလအတွင်း တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲကြောင့် ဒေသခံကျေးရွာသားတွေ နေရပ်စွန့်ခွာရတာ နှစ်ကြိမ် ရှိနေပြီဖြစ်ပါတယ်။

RFA Burmese