နှစ်ကူးကာလ ၃ ရက်အတွင်း ထိုင်း ယာဉ်တိုက်မှုကြောင့် ၁၅၉ ဦး သေဆုံး

126

ထိုင်းနိုင်ငံမှာ နှစ်ကူးကာလ သတိပေးချက် ထုတ်ပြန်ထားပေမဲ့ ၃ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၅၉ ဦး ရှိပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၂၀ နှစ်ကူးကာလ လည်ပတ်သူတွေ၊ ခရီးထွက်သူတွေ အလွန်များပြား တာကြောင့် ထိုင်းအစိုးရက ၂၀၁၉ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၀၂၀ ဇန်နဝါရီ ၂ ရက်နေ့ထိ ၇ ရက်တာကို ယာဉ်အန္တရာယ်စောင့်ကြည့်ရေးကာလအဖြစ်သတ်မှတ်ပြီး မတော်တဆထိခိုက်မှု လျော့ချရေး လှုံ့ဆော်သတိပေးနေပါတယ်။

အခုလိုသတိပေးနေတဲ့ကြားထဲက ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်နေ့ထိ ၃ ရက်တာ ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၅၀၄ ကြိမ် ဖြစ်ပွါးခဲ့ပြီး သေဆုံးသူ ၁၅၉ ဦးရှိကာ ၁၅၄၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ယာဉ်မတော်တ ဆထိခိုက်မှု လျော့ချရေးနဲ့ပြ ည်သူ့ဝန်ဆောင်မှု ဗဟိုဌာန ဥက္ကဌ ရဲမှူးကြီး တမ်ရုန်းဆဒ်ဒီ ကစ်သီပရဖန်းက ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါ ထိခိုက်သေဆုံးမှုတွေ ဖြစ်ရတဲ့အကြောင်းမှာ အရက်မူးပြီးယာဉ်မောင်းတာက ပထမ၊ သတ်မှတ်ထားတဲ့ အရှိန်ထက်ပိုပြီး အမြန်မောင်းတာက ဒုတိယအများဆုံး၊ မတော်တဆ ထိခိုက်သောယာဉ်မှာ မော်တော်ဆိုင်ကယ်က အများဆုံးလို့ ဆိုပါတယ်။

နှစ်ကူးကာလ မတော်တဆထိခိုက်မှုလျော့ချရေးအတွက် တနိုင်ငံလုံးမှာ စစ်ဆေးရေးဂိတ်ပေါင်း ၂၀၄၆ နေရာ၊ ယာဉ်ထိန်းရဲအင်အား ၆၄၅၉၉ ဦးကို တာဝန်ချထားကြောင်း၊ အဆိုပါဂိတ်တွေကနေ မော်တော်ယာဉ်အစီးရေပေါင်း ၉၅၆၅၇၀ စီးကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ ယာဉ်စည်းကမ်းမလိုက်နာလို့ အမှုဖွင့်အရေးယူခံရသူပေါင်း ၂၁၆၈၀၄ ဦး၊ အဲဒီထဲက ဆိုင်ကယ်ဦးထုတ်မဆောင်းသူ ၃၈၅၅၀ ဦး၊ ယာဉ်မောင်းလိုင်စင်မရှိသူ ၅၂၄၃၄ ဦးရှိတယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူအများဆုံးမှာ ဘန်ကောက် နဲ့ ချင်းမိုင်ဖြစ်ပြီး မတော်တဆ ထိခိုက်မှုအများဆုံးကတော့ နခွန်းပထုန်ခရိုင်ဖြစ်တယ်လို့ ရဲမှူးကြီး တမ်ရုန်း ဆဒ်ဒီက ပြောသွားပါတယ်။

ကိုးကား – ခေါ၀်ဆွတ် DVB TV News

ထိုင္းႏိုင္ငံမွာ ႏွစ္ကူးကာလ သတိေပးခ်က္ ထုတ္ျပန္ထားေပမဲ့ ၃ ရက္အတြင္း ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူ ၁၅၉ ဦး ရွိၿပီလို႔ သိရပါတယ္။

ထိုင္းႏိုင္ငံရဲ႕ ၂၀၂၀ ႏွစ္ကူးကာလ လည္ပတ္သူေတြ၊ ခရီးထြက္သူေတြ အလြန္မ်ားျပား တာေၾကာင့္ ထိုင္းအစိုးရက ၂၀၁၉ ဒီဇင္ဘာ ၂၇ ရက္ေန႔ကေန ၂၀၂၀ ဇန္နဝါရီ ၂ ရက္ေန႔ထိ ၇ ရက္တာကို ယာဥ္အႏၲရာယ္ေစာင့္ၾကည့္ေရးကာလအျဖစ္သတ္မွတ္ၿပီး မေတာ္တဆထိခိုက္မႈ ေလ်ာ့ခ်ေရး လႈံ႕ေဆာ္သတိေပးေနပါတယ္။

အခုလိုသတိေပးေနတဲ့ၾကားထဲက ဒီဇင္ဘာ ၂၇ မွ ၂၉ ရက္ေန႔ထိ ၃ ရက္တာ ကာလအတြင္း ယာဥ္တိုက္မႈေပါင္း ၁၅၀၄ ႀကိမ္ ျဖစ္ပြါးခဲ့ၿပီး ေသဆုံးသူ ၁၅၉ ဦးရွိကာ ၁၅၄၉ ဦး ဒဏ္ရာရခဲ့တယ္လို႔ ယာဥ္မေတာ္တ ဆထိခိုက္မႈ ေလ်ာ့ခ်ေရးနဲ႔ျပ ည္သူ႔ဝန္ေဆာင္မႈ ဗဟိုဌာန ဥကၠဌ ရဲမႉးႀကီး တမ္႐ုန္းဆဒ္ဒီ ကစ္သီပရဖန္းက ဒီကေန႔မနက္ သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။

အဆိုပါ ထိခိုက္ေသဆုံးမႈေတြ ျဖစ္ရတဲ့အေၾကာင္းမွာ အရက္မူးၿပီးယာဥ္ေမာင္းတာက ပထမ၊ သတ္မွတ္ထားတဲ့ အရွိန္ထက္ပိုၿပီး အျမန္ေမာင္းတာက ဒုတိယအမ်ားဆုံး၊ မေတာ္တဆ ထိခိုက္ေသာယာဥ္မွာ ေမာ္ေတာ္ဆိုင္ကယ္က အမ်ားဆုံးလို႔ ဆိုပါတယ္။

ႏွစ္ကူးကာလ မေတာ္တဆထိခိုက္မႈေလ်ာ့ခ်ေရးအတြက္ တႏိုင္ငံလုံးမွာ စစ္ေဆးေရးဂိတ္ေပါင္း ၂၀၄၆ ေနရာ၊ ယာဥ္ထိန္းရဲအင္အား ၆၄၅၉၉ ဦးကို တာဝန္ခ်ထားေၾကာင္း၊ အဆိုပါဂိတ္ေတြကေန ေမာ္ေတာ္ယာဥ္အစီးေရေပါင္း ၉၅၆၅၇၀ စီးကို စစ္ေဆးခဲ့ပါတယ္။

စစ္ေဆးခ်က္အရ ယာဥ္စည္းကမ္းမလိုက္နာလို႔ အမႈဖြင့္အေရးယူခံရသူေပါင္း ၂၁၆၈၀၄ ဦး၊ အဲဒီထဲက ဆိုင္ကယ္ဦးထုတ္မေဆာင္းသူ ၃၈၅၅၀ ဦး၊ ယာဥ္ေမာင္းလိုင္စင္မရွိသူ ၅၂၄၃၄ ဦးရွိတယ္လို႔ ဆိုပါတယ္။

ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသူအမ်ားဆုံးမွာ ဘန္ေကာက္ နဲ႔ ခ်င္းမိုင္ျဖစ္ၿပီး မေတာ္တဆ ထိခိုက္မႈအမ်ားဆုံးကေတာ့ နခြန္းပထုန္ခ႐ိုင္ျဖစ္တယ္လို႔ ရဲမႉးႀကီး တမ္႐ုန္း ဆဒ္ဒီက ေျပာသြားပါတယ္။

ကိုးကား – ေခါ၀္ဆြတ္ DVB TV News