နီလာနဲ့ပတ္တမြားတိမ်တိုက်တွေ ဝန်းရံနေတဲ့ဂြိုဟ်တစ်ခု သိပ္ပံပညာရှင်များ တွေ့ရှိ

233

သိပ္ပံပညာရှင်တွေဟာ ပတ္တမြားနဲ့နီလာတိမ်တိုက်တွေ ဝန်းရံနေတဲ့ ဂြိုဟ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းဟာ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက ရေပန်းစားခဲ့တဲ့သတင်းဆိုပေမယ့် အခုအခါမှာတော့ အဲဒီဂြိုဟ်တကယ်ရှိကြောင်း တစ်ခြားပညာရှင်တွေကပါ အတည်ပြုခဲ့တာပါ။

အဆိုပါဂြိုဟ်ကို “တန်ဖိုးမဖြတ်နိုင်တဲ့ဂြိုဟ်”လို့ တင်စားထားပါတယ်။ သူ့ဝန်းကျင်မှာ ဖွဲ့သီနေတဲ့တိမ်တိုက်တွေဟာ ကမ္ဘာပေါ်က တိမ်တိုက်တွေနဲ့မတူဘဲ ပတ္တမြားနဲ့နီးလာအမှုန်တွေနဲ့ ဖွဲ့သီနေတာမို့၊ ဂြိုဟ်ရဲ့အရောင်ဟာ အာကာသကနေကြည့်ရင် အရောင်တလက်လက်တောက်နေပါတယ်။

အဲဒီဂြိုဟ်ဟာ အာကာသရဲ့အနက်ဆုံးအပိုင်းမှာ တည်ရှိပြီး၊ ဂြိုဟ်ရဲ့နာမည်ကိုတော့ HAT-P-7b လို့ အမည်ပေးထားပါတယ်။ ဂြိုဟ်ပတ်လမ်းရဲ့သက်တမ်းဟာ (၅၃)နာရီဖြစ်တာကြောင့် နှစ်ရက်လောက်နေမှ တစ်ပတ်ပြည့်မယ်လို့ ယူဆရပါတယ်။ အဲဒီဂြိုဟ်ကို Kepler တယ်လီစကုပ်နဲ့ ဖမ်းယူမြင်ခဲ့ရတာပါ။

ဒီဂြိုဟ်ရဲ့တစ်လက်လက် တောက်ပမှုကို ပြီးခဲ့တဲ့ (၆)နှစ်လောက်ကတည်းက မှန်ဘီလူးကနေ ဖမ်းယူရရှိခဲ့တာဖြစ်ပါတယ်။ ဒီတွေ့ရှိမှုကို အတည်ပြုခဲ့တဲ့ နက္ခတ္တဗေဒပညာရှင်တွေကတော့ University of Warwick မှ ဖြစ်ပါတယ်။ ဒီဂြိုဟ်ပေါ်မှာ မိုးရွာရင်တောင် ရတနာမိုးတွေပဲ ရွာမယ်လို့ ယူဆရပါတယ်။

David Armstrong က အတည်ပြုခဲ့ပါတယ်။ ၎င်းက ” ကျွန်တော်တို့က အဲဒီဂြိုဟ်ပေါ်မှာ ၀ဲပျံနေတဲ့အရာကို တိမ်လို့ ပြောခဲ့ကြတယ် … တကယ်တော့ ကမ္ဘာမှာရှိတဲ့ တိမ်တွေနဲ့ မတူပါဘူး … “လို့ သိပ္ပံပညာဂျာနယ်တစ်ခုဖြစ်တဲ့ Nature နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

HAT-P-7b ဂြိုဟ်ပတ်လည်မှာ ၀န်းရံနေတဲ့ တိမ်တွေထဲမှာ Corundum ကို တွေ့ရပြီး ၎င်းဟာ နီလာနဲ့ ပတ္တမြားတွေအတွက် အဓိကအရေးပါတဲ့ ရင်းမြစ်တစ်ခုဖြစ်ကြောင်းလည်း David က ရှင်းပြခဲ့ပါတယ်။ အဆိုပါ ဂြိုဟ်ဟာ ကမ္ဘာကြီးနဲ့ အလင်းနှစ် 1000 ခန့် (5.879e+15ခန့်) ဝေးကွာတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီသတင်းဟာ သာမန်ဉာဏ်မမီသူတွေအတွက်တော့ ရယ်စရာဖြစ်ပါလိမ့်မယ်။ မှတ်ချက်ရေးသူတစ်ဦးက မှတ်ချက်ရေးသူတစ်ယောက်က ” အတည်ပေါက်ကြီး နောက်နေတာလား”လို့ ပြောခဲ့သလို၊ အခြားတစ်ယောက်ကလည်း  “မိုးရွာရင်ပြဿနာပဲ “လို့ ဆိုခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံးနီလာရဲ့ တန်ကြေးဟာ ဒေါ်လာ သန်း 300 ဖြစ်ပါတယ်။

လင်းဇော်ကို (D Nae Khit)

Zawgyi ျဖင့္ဖတ္ရန္-

သိပၸံပညာရွင္ေတြဟာ ပတၱျမားနဲ႔နီလာတိမ္တုိက္ေတြ ဝန္းရံေနတဲ့ ၿဂိဳဟ္တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ဒီသတင္းဟာ လြန္ခဲ့တဲ့ (၂)ႏွစ္ေလာက္ကတည္းက ေရပန္းစားခဲ့တဲ့သတင္းဆုိေပမယ့္ အခုအခါမွာေတာ့ အဲဒီၿဂိဳဟ္တကယ္ရွိေၾကာင္း တစ္ျခားပညာရွင္ေတြကပါ အတည္ျပဳခဲ့တာပါ။

အဆုိပါၿဂိဳဟ္ကို “တန္ဖုိးမျဖတ္ႏုိင္တဲ့ၿဂိဳဟ္”လုိ႔ တင္စားထားပါတယ္။ သူ႕ဝန္းက်င္မွာ ဖြဲ႕သီေနတဲ့တိမ္တုိက္ေတြဟာ ကမာၻေပၚက တိမ္တိုက္ေတြနဲ႔မတူဘဲ ပတၱျမားနဲ႔နီးလာအမႈန္ေတြနဲ႔ ဖြဲ႕သီေနတာမုိ႔၊ ၿဂိဳဟ္ရဲ႕အေရာင္ဟာ အာကာသကေနၾကည့္ရင္ အေရာင္တလက္လက္ေတာက္ေနပါတယ္။

အဲဒီၿဂိဳဟ္ဟာ အာကာသရဲ႕အနက္ဆုံးအပုိင္းမွာ တည္ရွိၿပီး၊ ၿဂိဳဟ္ရဲ႕နာမည္ကုိေတာ့ HAT-P-7b လုိ႔ အမည္ေပးထားပါတယ္။ ၿဂိဳဟ္ပတ္လမ္းရဲ႕သက္တမ္းဟာ (၅၃)နာရီျဖစ္တာေၾကာင့္ ႏွစ္ရက္ေလာက္ေနမွ တစ္ပတ္ျပည့္မယ္လုိ႔ ယူဆရပါတယ္။ အဲဒီၿဂိဳဟ္ကို Kepler တယ္လီစကုပ္နဲ႔ ဖမ္းယူျမင္ခဲ့ရတာပါ။

ဒီၿဂိဳဟ္ရဲ႕တစ္လက္လက္ ေတာက္ပမႈကို ၿပီးခဲ့တဲ့ (၆)ႏွစ္ေလာက္ကတည္းက မွန္ဘီလူးကေန ဖမ္းယူရရွိခဲ့တာျဖစ္ပါတယ္။ ဒီေတြ႕ရွိမႈကို အတည္ျပဳခဲ့တဲ့ နကၡတၱေဗဒပညာရွင္ေတြကေတာ့ University of Warwick မွ ျဖစ္ပါတယ္။ ဒီၿဂိဳဟ္ေပၚမွာ မုိးရြာရင္ေတာင္ ရတနာမုိးေတြပဲ ရြာမယ္လုိ႔ ယူဆရပါတယ္။

David Armstrong က အတည္ျပဳခဲ့ပါတယ္။ ၎က ” ကၽြန္ေတာ္တုိ႔က အဲဒီၿဂိဳဟ္ေပၚမွာ ၀ဲပ်ံေနတဲ့အရာကို တိမ္လုိ႔ ေျပာခဲ့ၾကတယ္ … တကယ္ေတာ့ ကမာၻမွာရွိတဲ့ တိမ္ေတြနဲ႔ မတူပါဘူး … “လုိ႔ သိပၸံပညာဂ်ာနယ္တစ္ခုျဖစ္တဲ့ Nature နဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာခဲ့ပါတယ္။

HAT-P-7b ၿဂိဳဟ္ပတ္လည္မွာ ၀န္းရံေနတဲ့ တိမ္ေတြထဲမွာ Corundum ကုိ ေတြ႔ရၿပီး ၎ဟာ နီလာနဲ႔ ပတၱျမားေတြအတြက္ အဓိကအေရးပါတဲ့ ရင္းျမစ္တစ္ခုျဖစ္ေၾကာင္းလည္း David က ရွင္းျပခဲ့ပါတယ္။ အဆိုပါ ၿဂိဳဟ္ဟာ ကမာၻႀကီးနဲ႔ အလင္းႏွစ္ 1000 ခန္႔ (5.879e+15ခန္႔) ေ၀းကြာတယ္လုိ႔ သိရပါတယ္။

ဒါေပမယ့္ ဒီသတင္းဟာ သာမန္ဉာဏ္မမီသူေတြအတြက္ေတာ့ ရယ္စရာျဖစ္ပါလိမ့္မယ္။ မွတ္ခ်က္ေရးသူတစ္ဦးက မွတ္ခ်က္ေရးသူတစ္ေယာက္က ” အတည္ေပါက္ႀကီး ေနာက္ေနတာလား”လုိ႔ ေျပာခဲ့သလုိ၊ အျခားတစ္ေယာက္ကလည္း  “မုိးရြာရင္ျပႆနာပဲ “လုိ႔ ဆုိခဲ့ပါတယ္။ ကမာၻ႕အႀကီးဆုံးနီလာရဲ႕ တန္ေၾကးဟာ ေဒၚလာ သန္း 300 ျဖစ္ပါတယ္။

လင္းေဇာ္ကို (D Nae Khit)