မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်

336

ျမန္မာႏိုင္ငံအတြင္း ႐ိုဟင္ဂ်ာမြတ္စလင္ေတြနဲ႔ အျခားလူနည္းစုတိုင္းရင္းသားေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာ၊ ဖမ္းဆီးတာ၊ ႏွိပ္စက္တာ၊ အဓမၼျပဳက်င့္တာ၊ ဖမ္းဆီးထိန္းသိမ္းထားစဥ္ ေသဆုံးခဲ့တာေတြအေပၚ ျပစ္တင္ရႈတ္ခ်ေၾကာင္း ကုလသမဂၢအေထြေထြညီလာခံက မေန႔က ဆုံးျဖတ္လိုက္ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ႐ိုဟင္ဂ်ာေတြအပါအဝင္ ရခိုင္၊ ကခ်င္ နဲ႔ ရွမ္းျပည္နယ္က လူနည္းစုေတြအေပၚ မုန္းတီးမႈေတြကို တိုက္ဖ်က္ဖို႔ အေရးေပၚေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ဖို႔လိုတယ္လို႔လည္း ညီလာခံက တိုက္တြန္းလိုက္ပါတယ္။
အေထြေထြညီလာခံရဲ႕ ဒီဆုံးျဖတ္ခ်က္အတြက္ ကုလသမဂၢ အဖြဲ႕ဝင္ႏိုင္ငံ ၁၉၃ ႏိုင္ငံထဲက ၁၃၄ ႏိုင္ငံက ေထာက္ခံခဲ့ၿပီး ကန႔္ကြက္မဲ ၉ မဲ၊ ၾကားေနမဲ ၂၈ မဲ ရခဲ့ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္ေတြဟာ ဥပေဒအေၾကာင္းအရ အေရးယူႏိုင္ဖြယ္မရွိေပမယ့္လည္း ႏိုင္ငံတကာ ဆက္ဆံေရးမွာ ျမန္မာႏိုင္ငံအေပၚ အက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီး ေဟာက္ဒိုစြမ္းကေတာ့ ဒီဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံအေပၚ မလိုလားအပ္တဲ့ ႏိုင္ငံေရးဖိအားေပးဖို႔ ေဆာင္႐ြက္တာသာျဖစ္တယ္လို႔ ေျပာခဲ့ေၾကာင္း The Guardian သတင္းဌာန က ေရးသားပါတယ္။

ဒီဆုံးျဖတ္ခ်က္ဟာ ရခိုင္ျပည္နယ္က ရႈတ္ေထြးတဲ့ အေျခအေနေတြကို အေျဖရွာဖို႔ ႀကိဳးပမ္းရာမေရာက္ဘဲ စိန္ေခၚမႈေတြကို ေျဖရွင္းဖို႔ အားထုတ္ႀကိဳးပမ္းေနတဲ့ ျမန္မာအစိုးရရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို အသိအမွတ္မျပဳတဲ့ သေဘာျဖစ္တယ္လို႔လည္း သံအမတ္ႀကီးက ေျပာၾကားခဲ့တယ္လို႔ The Guardian က ေရးသားထားပါတယ္။

ကုလသမဂၢအဖြဲ႕ရဲ႕ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ အသုံးစာရိတ္ လ်ာထားမႈမွာလည္း ျမန္မာႏိုင္ငံနဲ႔ ဆီးရီးယားႏိုင္ငံေတြ အပါအဝင္ စစ္ရာဇဝတ္မႈက်ဴးလြန္တဲ့ ကိစၥေတြကို စုံစမ္းစစ္ေဆးဖို႔အတြက္ပါ ထည့္သြင္းေရးဆြဲထားၿပီး အေမရိကန္ေဒၚလာ ၃.၇ ဘီလီယံအထိ လ်ာထားေၾကာင္း ကုလသမဂၢရဲ႕ မေန႔က ထုတ္ျပန္ပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံရဲ႕ စစ္ရာဇဝတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို စုံစမ္းစစ္ေဆးဖို႔ ပထမဆုံးအႀကိမ္ အသုံးစားရိတ္ ထည့္သြင္းေရးဆြဲထားတာျဖစ္ပါတယ္။ ကုလသမဂၢရဲ႕ ၂၀၁၉ ခုႏွစ္အတြက္ လ်ာထားခ်က္ဟာ ၂.၉ ဘီလီယံသာရွိခဲ့ပါတယ္။

RFA Burmese

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့လည်း ညီလာခံက တိုက်တွန်းလိုက်ပါတယ်။
အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံထဲက ၁၃၄ နိုင်ငံက ထောက်ခံခဲ့ပြီး ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၈ မဲ ရခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေဟာ ဥပဒေအကြောင်းအရ အရေးယူနိုင်ဖွယ်မရှိပေမယ့်လည်း နိုင်ငံတကာ ဆက်ဆံရေးမှာ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဟောက်ဒိုစွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် မလိုလားအပ်တဲ့ နိုင်ငံရေးဖိအားပေးဖို့ ဆောင်ရွက်တာသာဖြစ်တယ်လို့ ပြောခဲ့ကြောင်း The Guardian သတင်းဌာန က ရေးသားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်က ရှုတ်ထွေးတဲ့ အခြေအနေတွေကို အဖြေရှာဖို့ ကြိုးပမ်းရာမရောက်ဘဲ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းနေတဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်မပြုတဲ့ သဘောဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောကြားခဲ့တယ်လို့ The Guardian က ရေးသားထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ရဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် အသုံးစာရိတ် လျာထားမှုမှာလည်း မြန်မာနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေ အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့အတွက်ပါ ထည့်သွင်းရေးဆွဲထားပြီး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ လျာထားကြောင်း ကုလသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပထမဆုံးအကြိမ် အသုံးစားရိတ် ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၁၉ ခုနှစ်အတွက် လျာထားချက်ဟာ ၂.၉ ဘီလီယံသာရှိခဲ့ပါတယ်။

RFA Burmese