ပြင်သစ် လုံခြုံရေးအဖွဲ့က မြန်မာ ရဲတပ်ဖွဲ့ကို ကူညီမည်
175
Photo: FRANCOIS LO PRESTI / AFP
ဓာတ်ပုံ – (ပြင်သစ် ပြည်ထဲရေးဌာနနဲ့ ပုဂ္ဂလိက တွဲဖက်ထူတောင်ထားတဲ့ Civipol စီဗီပိုးလ် သတင်းအချက်အလက် လုံခြုံရေးအဖွဲ့ဝင်တွေကို တွေ့ရစဉ်)
RFA Burmese
ပြင်သစ် ပြည်ထဲရေးဌာနနဲ့ ပုဂ္ဂလိက တွဲဖက်ထူတောင်ထားတဲ့ Civipol စီဗီပိုးလ် သတင်းအချက်အလက် လုံခြုံရေးအဖွဲ့က EU ဥရောပနိုင်ငံများအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပံ့ပိုးရေးအစီအစဉ်တစ်ခုအဖြစ်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်ကြားလေ့ကျင့်ပေးမယ်လို့ သောကြာနေ့ မနေ့က သတင်းရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့ကို ပြန်လည်ဆန်းသစ်ဖို့အတွက် EU က ကူညီတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ Civipol လုံခြုံရေးအဖွဲ့ဟာ အများပြည်သူတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ခိုးယူအသုံးပြုလို့ မရအောင် ကာကွယ်တားဆီးတဲ့ နည်းပညာနဲ့ တခြားလိုအပ်ချက်တွေကို ကူညီပံပိုးတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပြင်သစ် ထောက်လှမ်းရေးအဖွဲ့နဲ့ လက်တွဲပြီး ဆိုင်ဘာလုံခြုံရေး ဆောင်ရွက်နေသလို တခြားနိုင်ငံတွေကိုလည်း ကူညီနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ နည်းတူ လက်ဘနွန်နိုင်ငံကိုလည်း ကူညီဖို့ိ စီစဉ်နေတယ်လို့ ပြင်သစ်ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ထုတ်ပြန်ပြောဆိုချက်ကို မသိရသေးပါဘူး။
RFA Burmese